ခူးစေရယ် တရုတ်နိုင်ငံရဲ့ U 16 Boy’s Cricket T20 2019 မှာ အကောင်းဆုံး ကစားသမားဆု ၂ ဆုရခဲ့တဲ့ ခရစ်စတိုဖာ ဟာရင် အားကစားမှာထူးချွန်ပြီးတော့ တိုင်းနှင့်ပြည်နယ်အဆင့်သာမက နိုင်ငံ့လက်ရွေးစင် တစ်ဦးလည်း ဖြစ်ပါတယ်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နှင့် ဟောင်ကောင်တို့မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့ရသူ ဖြစ်ပါတယ်။ သူကတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ် အထက်တန်းကျောင်းမှာ ဒသမတန်း(ဆယ်တန်း)မှာ ပညာသင်ယူနေပါတယ်။ ခရစ်ကတ်(Cricket)ကိုကစားခဲ့တာ လွန်ခဲ့တဲ့ သတ္တမတန်း(၇)တန်းနှစ်ကတည်းက လို့ဆိုပါတယ်။ သူဝါသာနာတဲ့ အားစကားနည်းဖြစ်လို့ ဆယ်တန်းရောက်တဲ့အခါမှာတော့ နိုင်ငံခြားကိုသွားယှဉ်ပြိုင်ရဖို့ အခွင့်အရေးရလာပါတယ်။ “အားကစားဘက်မှာ သွားရင်တော့ အဆုံးထိ သွားဖို့ရည်မှန်းထားပါတယ်။ တစ်ဝက်တစ်ပျက်တော့ မလုပ်ဘူးပေါ့။ […]