ထျိူ းမြာ   နေပြည်တော်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတွင် ပြည်နယ်အမျိူးမျိုးမှ တိုင်းရင်းသား လူငယ်များလာကြသော်လည်း ပင်လုံအပေါ်စိတ်ဝင်စားမှုအားနည်းသည့်အပြင် နိုင်ငံရေးပိုင်းတွင် လည်းလူငယ် များစိတ်ဝင်စားမှုအားနည်းသည်ဟု နိုုင်ငံရေးလေ့လာသုံးသပ်သူ (အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် လုပ်ငန်းကော်မတီဝင်) ဦးရန်ကျော်ကပြောသည်။ “အဓိကအားဖြင့်တော့ ဒီဟာက နိုင်ငံရေးနဲ့ဆိုင်တဲ့ပွဲ တစ်ခုဖြစ်နေတာကိုး ငြိမ်း ချမ်းရေးနဲ့ပတ်သက်လာလို့ရှိရင်လည်း အိမ်ဆောက်သလိုပဲ ဖောင်ဒေးရှင်း ချယုံ ပဲရှိသေးတယ်။ ညီလာခံမှာကလည်းဖတ်ရုံပဲရှိတယ်။ တစ်ချို့ဆိုရင် ဖတ်တာအား ရပါးရ ဆယ်မိနစ်ကြီးတောင် သတင်းလိုပဲဖတ်တာ အဲ့ဒီဟာကိုလည်း ဘယ်သူမှ လည်း ဆွေးနွေးလို့လည်းမရဘူး ဆိုတော့ အဲ့လိုဆွေးနွေးလို့ မရဘူး ဆိုတဲ့အပေါ် မှာများ စိတ်ဝင်းစားမှုအားနည်းတာလားဆိုတာကို တွေးမိတယ်” ဟုပြောသည်။ ကယားပြည်နယ်ကျောင်းသားသမဂ္ဂဥက္ကဌ […]

သီတာအောင် အဲ့ဒီနေ့ကတော့ မိုးတအုံ့အုံ့နဲ့ မိုးဖွဲလေးတွေ ရွာနေတဲ့နေ့လေးတစ်နေ့မှာပေါ့။ အဲ့ဒီနေ့ရဲ့ အရုဏ်ဦးအချိန်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသူ/ သားတွေ အတွက် အောင်စာရင်းကြည့်ဖို့ ရင်ခုန်နေကြတဲ့ အချိန်လေးပါ။ တချို့ကတော့ မိုးလင်းနေပြီဖြစ်တဲ့ ဇွန်လ ၁၁ ရက် မနက် ၆ နာရီလောက်မှာတော့ သူတို့နာမည်တွေ ရေးထိုးထားမယ့် စာမေးပွဲအောင်စာရင်းကို သွားကြည့်နေကြပြီပဲ ဖြစ်ပါတယ်။ အောင်စာရင်းကိုသွားကြည့်တဲ့ သူတွေထဲမှာတော့ အသက် ၃ဝ အရွယ်အစ်ကိုတစ်ယောက်နဲ့ အသက် ၁၆နှစ်သာထင်ရတဲ့ ညီမငယ်လေးတစ်ယောက်လည်း အပါအဝင်ပါပဲ။ ထူးခြားတာတစ်ခုက ညီမငယ်လေးဟာ ခြေတစ်ဖက်က အခြားတစ်ဖက်ထက် တိုနေပြီး လက်နှစ်ဖက်လုံးကလည်း တံတောင်ဆစ်မပါပဲနဲ့ တိုတိုလေးဖြစ်နေတာပါ။ အောင်စာရင်းကြည့်ပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ မောင်နှမ နှစ်ယောက်လုံး အပြုံးကိုယ်စီနဲ့ပါ။ အစ်ကိုက […]