spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“The guy from Karenni” အဖွဲ့မှ စစ်ရှောင်တွေ အတွက် ချစ်ကြည်ရေးစိန်ခေါ်ဖလားပွဲကျင်းပပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆို အနောက်ဖက်ခြမ်းစစ်ရှောင်တစ်နေရာမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ချစ်ကြည်ရေးစိန်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို “The guy from Karenni” အဖွဲ့က အောက်တိုဘာလ ၁၆ရက်နေ့မှာ စတင်ကျင်းပပေးခဲ့ပြီး တစ်ပတ်တိတိ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ စစ်ရှောင်ကလေး၊ လူကြီး ၊ လူငယ် တွေအားလုံးအတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

” ၁နှစ်ကျော်ကျော် စစ်ရှောင်လာတဲ့ စစ်ရှောင်တွေပေါ့နော။သူတို့အတွက် စိတ်ထွက်ပေါက် ရာလည်းရောက်တယ်။ ပြီးတော့အဓိက စိတ်ကျဉ်းကြပ်တဲ့အတွက်ကြောင့်မို့လို့ ဖျော်ဖြေမှု တစ်ခုအနေနဲ့ပေါ့နော ပြုလုပ်ပေးသွားချင်ပါတယ် ” လို့ “The guy from Karenni” အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်ရတာ အချိန်ကြာလာတာနဲ့အမျှ စိတ်အားငယ်တာ ၊စိတ်ဓာတ်ကျတာတွေပိုပြီးခံစားလာနေရတာဖြစ်ပါတယ်။

အခုလိုပြိုင်ပွဲတွေကျင်းပပေးတာကို စစ်ရှောင်တစ်ဦးက ” ကျွန်တော်တို့စစ်ရှောင်တာ ၂နှစ်နီးပါးရှိတော့မယ်။ ပွဲကအခုမှလုပ်ပေးတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်မကျဉ်းကြပ်တော့ဘူး ။ စိတ်ထွက်ပေါက်ဖြစ်လာတယ်။ ပျော်တော့ပျော်ပါတယ် ။ဒီလိုပွဲကိုကျင်းပခြင်းဖြင့် လူငယ်တွေရဲ့အခွင့်အရေး ကလေးတွေရဲ့ တိုးတက်ခွင့်လမ်းတွေပိုပြီးများပြားလာမယ်လို့ကျွန်တော်ခန့်မှန်းမိပါတယ်” လို့ပြောပါတယ်။

ဘောလုံးပြိုင်ပွဲအပြင် ပန်းချီ ၊ စာစီစာကုံး ၊ အက စသဖြင့် ကလေး ၊ လူငယ်မရွေး ပါဝင်နိုင်အောင် ပြိုင်ပွဲကျင်းပပေးခဲ့တာဖြစ်ပါတယ်။ စစ်ရှောင် မိသားစု ၁၀၀ ကျော်အတွက်လည်း ကြာဇံဟင်းခါးကျွေးမွေးခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ အနိုင်ရအသင်းကို ယနေ့ ( အောက်တိုဘာလ ၂၃ ရက် ) နေ့မှာ ဖလား၊ဆုကြေးငွေချီးမြှင့်ပေးခဲ့ပါတယ်။ စစ်ဘေးရှောင်အတွက် စိတ်ဓါတ်မြှင့်တင်ရေး လုပ်ဆောင်ပေးနေကြတာတွေရှိပေမယ့် စစ်ရှောင်စခန်းနေရာတိုင်းကိုတော့ ပြုလုပ်ပေးနိုင်ခြင်းမရှိသေးပါဘူး။

spot_img
spot_img

Recent posts