spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်အပါအဝင် ဒေသတချို့မှာ တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မုန်တိုင်းငယ် ဖြစ်လာနိုင်၊ မြေပြိုခြင်း မြေကျွံခြင်းသတိပြုရန်လို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံက ဒေသတချို့တွေမှာ မေလ ၂၆ ရက်‌ကနေ ဇွန်လ ၁ ရက်နေ့အထိ တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်ပြီး မုန်တိုင်းငယ် ဖြစ်ပေါ်လာကာ မြေပြိုခြင်း၊ မြေကျွံခြင်း အန္တာရာယ်တွေကို သတိပြုဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ရက်သတ္တပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်မယ့် ဒေသတွေကတော့ ကရင်နီပြည်အပါအဝင် နေပြည်တော်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ မွန်ပြည်နယ် တို့မှာ ဖြစ်ပြီး တချို့ ဒေသမှာ မိုးပိုကြီးနိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်၀န်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးရွာသွန်းမှုအခြေအနေကတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး ကရင်နီပြည်အပါအဝင် နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) နဲ့ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာ နိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေကြောင့် မြေပြိုချင်း မြေကျွံခြင်းအပြင် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးကြွေကျခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပိုမိုသတိထားဖို့ကိုလဲ NUG က တိုက်တွန်းထားပါတယ်။

spot_img

Recent posts