spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

အာဟာရချို့တဲ့ တဲ့ ၂ နှစ်အောက် စစ်ရှောင်ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုက ကူညီပေး

Author

Date

Category

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတချို့မှာ အာဟာရချို့တဲ့ တဲ့ ၂ နှစ်အောက်ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကို အာဟာရရှိတဲ့ အစားအစာတွေကို ဝယ်ယူစားသုံးနိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးအဖွဲ့ တစ်ခုကနေ ကူညီလှူဒါန်းပေးခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။

ဝင်ငွေမရှိတဲ့ စစ်ဘေးရှောင်တွေဟာ ကြာမြင့်လာတဲ့ စစ်ရှောင်ကာလ မှာ ၂ နှစ်အောက်ကလေးငယ်တွေအပါအဝင် ကိုယ်ဝန်ဆောင်မိခင်တွေဟာ အာဟာရချို့တဲ့မှုတွေ များလာတာကြောင့် အခုလို ကူညီရတာဖြစ်တယ်လို့ စေတနာ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“အဓိက က အာဟာရချို့တဲ့တဲ့ ၂ နှစ်အောက်ကလေးနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေပါ၊ အကုန်လုံးတော့ ပေးနိုင်တာ မရှိသေးဘူး။” လို့ ကူညီလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ စေတနာ့ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဝင်ငွေရှားပါးမှုပြဿနာနဲ့ ကုန်စျေးနှုန်းမြင့်မားလာတဲ့ အခက်အခဲတွေကြောင့် စစ်ရှောင်တွေဟာ အာဟာရ ရှိတဲ့ အသား၊ ငါးတွေကို ဝယ်ယူမစားသုံးနိုင်ဘူးလို့ ဆိုပါတယ်။

အာဟာရချို့တဲ့ တဲ့ ကလေးငယ်နဲ့ မိခင်တွေကို ကူညီလှူဒါန်းပေးနေတဲ့ အဆိုပါ ဒေသဖွံ့ဖြိုးရေးအသင်းအဖွဲ့အနေနဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်စခန်း ၃၈ ခုက ၂ နှစ်အောက်ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း လူဦးရေ ၃၀၀ ကျော်ကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၃၈ ခုက စစ်ရှောင်လူဦးရေ စုစုပေါင်း (၈၀၀၀) ကျော်ရှိပြီး၊ ၂ နှစ်အောက်ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင် ဦးရေ များပြားတယ်လို့ သိရပါတယ်။

spot_img

Recent posts