spot_img
Sunday, March 3, 2024
spot_imgspot_img

ကတ်သလစ်ခရစ်ယာန်ဘာသာဝင်တို့ရဲ့ “မယ်တော်ပွဲ” ဆုတောင်းခြင်းအစီအစဉ် ပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ကတ်သလစ်ခရစ်ယာန်ဘာသာဝင်တို့ရဲ့ “မယ်တော်ပွဲ” ဆုတောင်းခြင်းအစီအစဉ်ကို ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ရည်ရွယ်ချက်ကတော့ ဒီမြန်မာပြည်ငြိမ်းချမ်းဖို့ရယ် စစ်ရှောင်ပြည်သူတွေ အိမ်မြန်မြန်ပြန်နိုင်ဖို့ရယ် ပြီးတော့ တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေ ဘေးကင်းဖို့ရည်ရွယ်ပြီးဆုတောင်းပွဲလုပ်တာပေါ့။ ” လို့ ပွဲကျင်းပရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ယခင် အာဏာမသိမ်းခင်က တစ်နှစ်တစ်ကြိမ် စည်ကားစွာကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ဒေသခံပြည်သူအများစု စစ်ဘေးရှောင်နေရတဲ့အတွက်ကြောင့် အကျဥ်းချုပ်သာ ပြုလုပ်ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

“အခက်အခဲတော့ရှိတာပေါ့။ ဘာလို့ဆိုအာဏာမသိမ်းခင်က လူတွေကစည်ကားကြတယ်။ ဘာသာဝင်မဟုတ်တဲ့သူတွေလဲပါဝင်ကြတယ်။ ဒါပေမဲ့ဒီနှစ်မှာ စစ်ရှောင်ကြတဲ့အတွက် တချို့ပြည်သူတွေ ရွာသားတွေ မိသားစုတွေလည်း စုံစုံလင်လင်မပါဝင်နိုင်တာကြောင့် ဒီနှစ်ဆုတောင်းပွဲမှာ လိုအပ်ချက်တွေအများကြီးတွေ့ရတယ်။ ” လို့ သူက ဆိုပါတယ်။

ဒီကနေ့ ကျင်းပပြုလုပ်သွားတဲ့ ဆုတောင်းပွဲအစီအစဉ်မှာ ဒေသခံအပါအဝင် စစ်ရှောင်ပြည်သူ အများအပြားပါဝင်ကြပြီး ငြိမ်းချမ်းရေးအတွက်ဆုတောင်းခြင်း၊ ဆုတောင်းခြင်းမှာ ပါဝင်ကြတဲ့သူတွေကို ထမင်းဘူးဝေခြင်းတွေ ပြုလုပ်သွားခဲ့ပါတယ်။

spot_img
spot_img