spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

အသက်မွေးဝမ်းကြောင်း ဆိုင်ရာ

မငြိမ်းချမ်းနိုင်သေးတဲ့ သယံဇာတခွဲဝေမှုနောက်ကွယ်

စိုးထိုက်အောင်၊ အန်ထောနီ သဘာဝသယံဇာတရဲ့ ခွဲဝေမှုတွေက တိုင်းရင်းသားဒေသတွေဘက်မှာ ပြည်သူတွေအတွက် အမျိုးသမီးတွေ တန်းတူ ရပိုင်ခွင့်မရတာတွေ ဘာသတင်းအချက်အလက်မှ သိခွင့်မရတာတွေက ဒေသခံ အမျိုးသမီးထုတွေအတွက် ငြိမ်းချမ်းရေးမရတာနဲ့ အတူတူပဲလို့ ပပွာကလူ(ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ဥက္ကဌ ဆရာမ မာဂရက်စိန်က ပြောကြားလိုက်ပါတယ်။ “ကျမတို့ဒေသခံတွေ ဘာမှသိပိုင်ခွင့်မရှိဘူးပေါ့နော်။ ဒါလေးတွေရှိတဲ့အတွက်ကြောင့်မိုလို့ ငြိမ်းချမ်းလာလို့ပြောမယ်ဆိုလို့ရှိရင် သေနတ်သံရပ်စဲသွားတာတော့ ဟုတ်တယ်။ Peace (ငြိမ်းချမ်းရေး) ဆိုတာတော့ မရှိသေးဘူး။ ပြည်သူတစ်ယောက်ချင်းစီမှာ ငြိမ်းချမ်းလာဆိုလို့ရှိရင်...

“မြတ်ဗေဒါ”အဖွဲ့နှင့် တစ်နိုင်တစ်ပိုင်ဝက်မွေးမြူရေး

နော်ဒွေးအယ်ခူ ဒီမော့ဆိုမြို့အနောက်ဖက်ခြမ်းမှာရှိတဲ့ ဒေါက်ရောက်ခူ အုပ်စုအတွင်းက မသန်စွမ်းများ စုစည်းထားတဲ့ အဖွဲ့ငယ်လေးတစ်ဖွဲ့ရှိပါတယ်။ အဖွ့ဲဝင် ၃၇ယောက်နဲ့ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့ကို “မြတ်ဗေဒါ” မသန်စွမ်းသူများအသင်း လို့ အမည်ပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ မှ စတင်ဖွဲ့စည်းခဲ့တဲ့ “မြတ်ဗေဒါ” မသန်စွမ်းအသင်းတည်ရှိတာ တစ်နှစ်ပြည့်ပြီပဲဖြစ်ပါတယ်။ ဒေါရောက်ခူအုပ်စုအတွင်းက ဒေါရောက်ခူကျေးရွာ၊ လေမအန်းခူ၊ ခူးဘာတို၊ ဟန်လီ၊ ဒေါဝယ်ကူး၊ ဖေါ်ငံ၊ ဖရူးခေါ စတဲ့ ကျေးရွာ (၇) ရွာမှ...

ကူရာမဲ့နေတဲ့ တောင်သူတွေဘဝ

ကန္တာရဝတီတိုင်း(မ်) ကလေးတွေနဲ့မိခင်တွေ အမျိုးသမီးတွေအများစုလိုက်စီးလာတဲ့ ထော်လဂျီစက်တစ်စီးဟာဆိုရင် ဒီးမော့ဆိုမြို့နယ် တရားရုံးရှေ့ကို ပုံမှန် တစ်ပတ်တစ်ကြိမ်ရောက်ရှိလာစမြဲပါ။ သူတို့တွေဟာဆိုရင် ဒေါဆိုရှေးကျေးရွာကနေ လာကြတဲ့သူတွေဖြစ်ကြပါတယ်။ ထော်လဂျီစက်ပေါ်မှာဆိုလျှင် အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပါအဝင် ဟင်းသီးဟင်းရွက်တွေ၊ ဟင်းခြောက်တွေ၊ထမင်းဗူးတွေက ပုလိုင်းတွေ၊ ခြင်းတောင်းတွေနဲ့အပြည့်တွေ့ရမှာဖြစ်ပါတယ်။ တရားရုံးချိန်းရှိတုန်း သူတို့ရဲ့ အမျိုးသားတွေအတွက် ထောင်ထဲမှာစားစရာတွေသယ်သွားနိုင်ဖို့အရောက်လာပို့ ပေးကြတာဖြစ်ပါတယ်။ တချို့အမျိုးသားတွေကတော့ ဆိုင်ကယ်တွေနဲ့ စားစရာတွေသယ်လာပြီးတော့ သူတို့သားတွေကိုလာပို့ဖို့ ရောက်လာကြပါတယ်။ ဒေါဆိုရှေးတောင်သူတစ်ဦးဖြစ်တဲ့ ဦးလီဖဲက “ကျနော့်သားကို ကျနော်လာကြည့်တာ ဘာမှလည်း မကျွေးနိုင်ဘူး၊ မယူလာနိုင်ဘူး။ ဒါပေမဲ့...

“လက်မှုတူရိယာဖြင့် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဇနီးမောင်နှံ”

မော်ဦးမြာ ကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်မှု တူရိယာတွေကို တစ်နေ့ပြီးတစ်နေ့ လက်ထဲကနေ မချနိုင်ပဲ လာရောက်လည်ပတ်တဲ့ ဧည့်သည်တော်တွေကို ဖျော်ဖြေပေးနေရတာကတော့ အသက် ၇၂ နှစ် အရွယ် ဦးမီရယ်နဲ့ အသက် ၇၀ အရွယ် ဇနီးဒေါ်စိုးမြာတို့ပဲ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံနှစ်ဦးဟာ ဒီးမောဆိုမြို့နယ်၊ တနီးလားလဲကျေးရွာမှာ နေထိုင်ပါတယ်။ လက်ရှိမှာတော့ တနီးလားလဲကျေးရွာဟာ ပြည်နယ်အစိုးရမှ ခရီးသွားကျေးရွာအဖြစ် သတ်မှတ်ထားတဲ့နေရာတွေထဲက တစ်နေရာအဖြစ် ပါဝင်နေပါတယ်။ ပြည်တွင်း၊ပြည်ပက...

ကယားပြည်နယ်ရှိ ပြောင်းဖူးစိုက်တောင်သူများ တွက်ခြေမကိုက်ဖြစ်နေ

ဦးမြာ ယခုနှစ်ကယားပြည်နယ်တွင် ပြောင်းဖူးစိုက်တောင်သူများသည် ပိုးကျမှုဒဏ်ကိုခံခဲ့ရပြီး ပြောင်းဖူးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှုကြောင့် တွက်ခြေမကိုက်ဖြစ်နေကြောင်းသိရသည်။ ယမန်နှစ်ပြောင်းပေါ်ချိန်တွင် တစ်ပိဿာ ၅၀၀ နှုန်းဖြင့်ဝယ်ယူခဲ့သော်လည်း ယခုနှစ်ပြောင်းဦးပေါ်ချိန်တွင် တစ်ပိဿာ ၄၀၀ နှုန်းဖြင့်သာဝယ်ယူခဲ့ပြီးယခုအခါတွင် တစ်ပိဿာ ၃၄၅ ကျပ်ဖြင့်သာဝယ်ယူတော့သည်။ ထို့အပြင် ယခုနှစ်တွင် ပြောင်းဖူးကိုဖျက်စီးသည့် ငမြောင်တောင်ပိုးကျရောက်မှုရှိနေပြန်သည်။ ငမြောင်တောင်ပိုးများကိုနှိမ်နှင်းရန် ပိုးသတ်ဆေးကိုဝယ်ယူရသည့်အတွက် ယခင်နှစ်များထက် ငွေအရင်းအနှီးများပိုမိုလိုအပ်ခဲ့ကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးဖြစ်သူ ဒေါ်လူမာကပြောသည်။ “အရင်နှစ်တွေထက်အရင်းပိုကုန်တယ်။ ပြီးတော့ဈေးကလည်း မကောင်း အသီးလည်းမကောင်းတော့ အမြတ်နည်းတယ်’’ ဟု၎င်းကဆက်ပြောသည်။ ယခုနှစ်ကယားပြည်နယ်ရှိ ပြောင်းခြံများတွင် ငမြောင်တောင်ပိုးကျရောက်မှု...

လူမှုအကျိုးစီးပွားအနေဖြင့် ကော်ဖီလုပ်ငန်းလာမည့်နှစ် အောင်မြင်လာမည်ဟုဆို

ကန္တာရတီတိုင်း(မ်) ကယားပြည်နယ်အတွင်းလူမှုအကျိုးပြုစီးပွား (Social Entrepreneur)အနေနဲ့ လာမည့်နှစ်တွေမှာ ကော်ဖီထုတ်လုပ်တဲ့လုပ်ငန်းအောင်မြင်လာတော့မယ်လို့ ကယားပြည်နယ်ကွန်ပြူတာပညာရှင်အသင်းဥက္ကဌ ဒေါ်ခင်လင်းဦး ပြောပါတယ်။ ဒေါ်ခင်လင်းဦးက "မကြာခင် ၂၁ ရာစုမှာ Born (မွေးဖွား) လာတော့မည့် ဖြစ်လာမည့်အဖွဲ့အစည်းပဲပေါ့နော်။ အဓိကတော့ အခုဖန်တီးထားတဲ့ Genius ကော်ဖီလုပ်ငန်းကိုကြည့်မယ်ဆိုရင် ဒါက Social Entrepreneur ပဲပေ့ါနော်။ အခုနကပြောတဲ့အလုပ်အကိုင် တိုးတက်လာမယ်။ အလုပ်သမားတွေအလုပ်ရမယ်။ Product (ထုတ်ကုန်)တွေ အချိတ်အဆက်တွေ ချိတ်ဆက်မိအောင် သူတို့က...

Popular