spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနမှာ အယ်ဒီတာချုပ်တာဝန် ထမ်းဆောင်ခဲ့ဖူးသူရဲ့ နေအိမ်ကို စစ်ကောင်စီအဖွဲ့မှ အင်အားအလုံးအရင်းဖြစ် ဝင်ရောက်ရှာဖွေ

Author

Date

Category

ကယားပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ အယ်ဒီတာချုပ်တာဝန် ထမ်းဆောင်ခဲ့ဖူးသူရဲ့ နေအိမ်ကို စစ်ကောင်စီအဖွဲ့က မေလ ၂၀ ရက်နေ့ ညနေ ငါးနာရီ အချိန်မှာ စစ်တပ်နဲ့ရဲ အင်အား ၄၀ ကျော်နဲ့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

“ သူတို့လာတာက ငါးနာရီလောက်မှာ စဝင်တာ ငွေတောင် ရွေဘုန်းပွင့်ဘုရားရှေ့မှာ ထိုင်နေတာ။ ထိုင်နေတော့ ငွေတောင်က ပြည်သူလူထုကလည်း ကြောက်လို့လမ်းပေါ်အထွက်တော့ မရှိတော့ဘူးပေါ့။ ဒါပေမယ့် ခရီးသွားကားတွေတော့ ရှိဦးမယ်ပေါ့။ စစ်သားတွေ၊ ရဲတွေ အကုန်လုံးက သတင်းထောက်အိမ်ထဲမှာတော့ ဝင်သွားတယ်။ ပစ္စည်းတွေတော့ မ သွားတယ်။ ပစ္စည်းတွေကိုတော့ ကားထဲထည့်သွားတယ်။ ရဲကားထဲထည့်ပြီး ရဲကားက ဒီးမော့ဆိုဖက် သွားပြီးတော့ ကျန်တဲ့ စစ်သားတွေကတော့ လွိုင်ကော်ဖက် တက်သွားတယ်။ ရိုက်နက်သံတွေတော့ မကြားဘူး။ အိမ်မှာတော့ သတင်းထောက်တော့ မရှိလောက်ဘူးဗျ။” လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ ဝန်ထမ်းဟောင်းဟာ ၎င်းရဲ့နေအိမ်မှာ ယခင်က ကျောင်းနေအရွယ်ကလေးတွေကို ကွန်ပျူတာ အခြေခံ သင်ကြားပေးတာဖြစ်ပြီး အိမ်မှာရှိတဲ့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ပစ္စည်းတွေကို စစ်ကောင်စီအဖွဲ့က ယူသွားတယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် စစ်ကောင်စီရဲ့ သတင်းမီဒီယာများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေခြင်းနှင့် ဆက်သွယ်ရေး ကွန်ရက်များကို ကန့်သတ်ချက်များဖြင့် မီဒီယာလုပ်ငန်းများ လည်ပတ်နိုင်ရန် တားမြတ်မြစ်များ ရှိနေခြင်း ဆိုတဲ့ အခက်အခဲများ ကြုံတွေ့နေရတဲ့အတွက် ကန္တာရဝတီတိုင်း(မ်) ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းကို ပြည်ပရောက် ကရင်နီသတင်းသမားများကွန်ရက် ကို ယာယီလွှဲပြောင်းလိုက်တယ်လို့ မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

spot_img

Recent posts