spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ နိုဝင်ဘာလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ ရုပ်သံသတင်းအစီအစဉ်

တယ်ရဘယ်စီး ………. မင်္ဂလာပါရှင့်……….

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ နေ့သတင်းထုတ်လွှင့်မှုအစီအစဉ်ရဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ သတင်းတင်ဆက်ခြင်းကနေ ပြန်လည်ကြိုဆိုပါတယ်။

  • ၁ လေးလုံးစစ်ဆင်ရေး ၄ ရက် အတွင်း စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချအညံ့ခံခဲ့ပါတယ်။ ဒ့ါအပြင် စစ်ကောင်စီတပ်သား တစ်ရာကျော် သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ တော်လှန်ရေးအင်အားစုတွေကနေ သိမ်းဆည်းရမိခဲ့ပါတယ်။
  • လွိုင်ကော်မြို့တွင်းတိုက်ပွဲကြောင့် ဒီးမော့ဆိုဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်တွေ အကူအညီလိုအပ်နေပါတယ်။
  • ၁ လေးလုံး မြို့ပြစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ KNDF တပ်ရင်း ၈ မှ ကွန်မန်ဒိုရဲဘော် ဟင်နရီ ကျဆုံးခဲ့ပါတယ်။
  • လွိုင်ကော်ကနေထွက်လာတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်။
  • နိုဝင်ဘာလ ၁၅ ရက်နေ့က လွိုင်ကော်မြို့မှာ ကလေးနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားပါမယ်ရှင့်။

spot_img
spot_img