တယ်ရဘယ်စီး ………. မင်္ဂလာပါရှင့်……….
ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ နေ့သတင်းထုတ်လွှင့်မှုအစီအစဉ်ရဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ သတင်းတင်ဆက်ခြင်းကနေ ပြန်လည်ကြိုဆိုပါတယ်။
- ဒီးမော့ဆိုမှာ စစ်ကောင်စီ လေယာဉ်ဗုံးကြဲခံရပြီး သက်ကြီးရွယ်အိုတွေနဲ့ ပရဟိတဆရာမတစ်ဦး အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
- ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းကို တိမ်းရှောင်လာတဲ့ လွိုင်ကော်က စစ်ရှောင်လူထုတွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
- ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့မှာ လွိုင်ကော်က စစ်ရှောင် ၄၀၀၀ ကျော်ကို လက်ခံထားပြီး စစ်ဘေးရှောင်စခန်း ၁၃ ခု ရှိတယ်လို့ သိရပါတယ်။
- ဖရူဆိုစစ်ရှောင်တွေရဲ့ တောင်ယာစိုက်ခင်းတွေကို တိရိစ္ဆာန်တွေဖျက်ဆီးသွားသလို လက်နက်ကြီးကြောင့် ပျက်စီးမှုလည်း ရှိနေပါတယ်။
- လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွက် KNDF စစ်ဗျူဟာ အမှတ်(၂) က “မုဆိုး” ကမ်ပိန်း ပြုလုပ်နေပါတယ်။
စတဲ့ သတင်းတွေကို ကြည့်ရှု့နားဆင်ကြရမှာပါရှင့်။