မင်္ဂလာပါရှင်…..
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ နိုဝင်ဘာလ ၂၃ ရက် ကြာသပတေးနေ့ ရုပ်သံသတင်းအစီအစဉ်
- လွိုင်ကော်မှာ ဖုန်းလိုင်း အားလုံးပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
- ဖမ်းဆီးမိတဲ့ စစ်ကောင်စီလေယာဉ်မှူးတစ်ဦးကို ဥပဒေနဲ့အညီ IEC အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
- ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ထဲကို ရောက်ရှိနေတဲ့ ကရင်နီ စစ်ရှောင် (၅၄၇) ဦးအတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ အလှူရှင် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရွာခံတစ်ဦးက ပြောပါတယ်။
- ကရင်နီပြည် ကြားကာလလွှတ်တော် ပုံမှန်အစည်းအဝေးကို စတင်ကျင်းပနေပြီလို့ ဆိုပါတယ်။
…….စတဲ့သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။