spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ နိုဝင်ဘာလ ၃၀ ရက် ဗုဒ္ဓဟူးနေ့ ရုပ်သံသတင်းအစီအစဉ်

တယ်ရဘယ်စီး ………. မင်္ဂလာပါရှင့်……….

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ နေ့သတင်းထုတ်လွှင့်မှုအစီအစဉ်ရဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ သတင်းတင်ဆက်ခြင်းကနေ ပြန်လည်ကြိုဆိုပါတယ်။

  • လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ၅ ဦးနဲ့ မိသားစုဝင်တွေကို အမှုဖွင့်တရားစွဲဆိုထားပြီး ကျန်တဲံဝန်ထမ်းနဲ့ မိသားစုဝင်တွေကို ကရင်နီပြည်က နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။
  • ပြည်သူ့ရင်ခွင်ခိုလှုံလာမဲ့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေအတွက် လုံခြုံရေးအာမခံကြောင်း တော်လှန်ရေးအင်အားတွေက ပြောပါတယ်။
  • ဆီဆိုင်မြို့ နယ်က ကရင်နီစစ်ရှောင် ၁ သောင်းအတွက် အလှူရှင်မရှိသေးတဲ့အတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အခက်အခဲကြုံနေကြရပါတယ်။
  • ဖယ်ခုံ-မိုးဗြဲအခြေစိုက် မဟာမိတ်ပူးပေါင်းအင်အားစု (၈) ဖွဲ့ကနေ (၁၁.၁၁) စစ်ဆင်ရေးမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းအတွက် “ကရင်နီ တံခါး” ကမ်ပိန်းပြုလုပ်နေပါတယ်။
  • ၂၉ ရက် တရက်အတွင်း လွိုင်ကော်မြို့ပေါ်ကို အကြိမ် ၆၀ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စတဲ့သတင်းတွေကို တင်ဆက်ပေးပါမယ်ရှင့်။

spot_img
spot_img