တယ်ရဘယ်စီး ………. မင်္ဂလာပါရှင့်……….
ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ နေ့သတင်းထုတ်လွှင့်မှုအစီအစဉ်ရဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ သတင်းတင်ဆက်ခြင်းကနေ ပြန်လည်ကြိုဆိုပါတယ်။
- လွိုင်ကော်မြို့က စစ်ကောင်စီရဲ့ ခလရ (၅၄) တပ်က လက်နက်ခဲယမ်းတိုက်ဟာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
- တိုက်ပွဲမဖြစ်ပွားတဲ့ ဒီးမော့ဆို ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေပါတယ်။
- တော်လှန်ရေးအင်အားစုတွေက ဒီးမော့ဆိုမြို့၊ နန်းဟူးတွေကျေးရွာရဲ့ လမ်းမကြီးပေါ်က မြေမြုပ်မိုင်းတွေကို ရှင်းလင်းနေကြတယ်လို့ သိရပါတယ်။
- စစ်ဘေးရှောင်လူထုတွေ စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် မွေးမြူထားတဲ့ ဝက်တွေဟာ ရောဂါကြောင့် သေဆုံးကုန်တယ်လို့ စစ်ဘေးရှောင်တွေက သိရပါတယ်။
စတဲ့ သတင်းတွေကို တင်ဆက်သွားပါမယ်ရှင့်။