တယ်ရဘယ်စီး ………. မင်္ဂလာပါရှင့်……….
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ သတင်းထုတ်လွှင့်မှု အစီအစဉ် ဖြစ်ပါတယ်။
ဒီကနေ့မှာ ပြောပြသွားမယ့် သတင်းတွေကတော့
- လွိုင်ကော်ကနေ စစ်ဘေးတိမ်းရှောင်သွားတဲ့ ကလေးငယ်တစ်ဦး ကားကြိတ်ခံရပြီး ဆေးကုသစရိတ် ခက်ခဲနေပါတယ်။
- ရွာသစ်မြို့တွင်းမှာ စစ်ကောင်စီတပ်ဆုတ်သွားပေမဲ့ မြေမြှုပ်မိုင်းတွေကြောင့် မြို့ခံတွေ နေအိမ်ပြန်လာမနေထိုင်ရဲသေးတဲ့အပြင် စားနပ်ရိက္ခာ အခက်ကြုံနေကြရပါတယ်။
- တိုက်ပွဲကြောင့်တိမ်းရှောင်ရတဲ့ ၃ ရက်သား ကလေးငယ် သေဆုံးခဲ့ရပါတယ်။
- ၁ လေးလုံးစစ်ဆင်ရေးနောက်ပိုင်း တိမ်းရှောင်သွားကြတဲ့ စစ်ဘေးရှောင်တွေ နေရာထိုင်ခင်းအတွက် အမိုးအကာ လိုအပ်ဆဲဖြစ်ပါတယ်။
စတဲ့သတင်းတွေ ဖြစ်ပါတယ်ရှင့်။