တယ်ရဘယ်စီး ………. မင်္ဂလာပါရှင့်……….
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ သတင်းထုတ်လွှင့်မှု အစီအစဉ်ကို တင်ဆက်သွားတော့မှာ ဖြစ်ပါတယ်။
- တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ကရင်နီတပ်မတော်(KA) ရဲဘော် ဖီဒေးလီ (ခ) နိုင်လင်းထွေး ရဲ့ စျာပနအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
- စာသင်ကျောင်းတွေကို မတိုက်ခိုက်ဖို့ ပညာရေး၀န်ထမ်းများက တောင်းဆိုကြပါတယ်။
- ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ကရင်နီရိုးရာတစ်ခုဖြစ်တဲ့ အဲဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲကို အကျဥ်းချုပ်ပြုလုပ်ခဲ့ကြပါတယ်။
- ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုရှိနေပြီး စားသုံးဆီ အဓိက ပြတ်လပ်နေတယ်လို့ သိရပါတယ်။
- ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် စစ်ဘေးရှောင်တွေ ထပ်ဆင့်စစ်ရှောင်နေကြရပါတယ်။
စတဲ့သတင်းတွေကို ဒီကနေ့မှာ ကြည့်ရှု့နားဆင်ကြရမှာ ဖြစ်ပါတယ်ရှင့်။