တယ်ရဘယ်စီး ………. မင်္ဂလာပါရှင့်……….
ကန္တာရဝတီတိုင်း(မ်) နေ့စဉ်သတင်းထုတ်လွှင့်မှု အစီအစဉ်ဖြစ်ပါတယ်။
သတင်းတွေထဲက
- ဆီဆိုင်မြို့ နယ်ထဲက ကျေးရွာတစ်ခုကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ၊ ရွာခံ နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကရင်နီ စစ်ရှောင်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
- ကရင်နီစစ်ရှောင်တွေအတွက် KTEST အဖွဲ့ကနေ အရေးပေါ် ကူညီထောက်ပံ့မှု လုပ်ဆောင်ပေးခဲ့ပါတယ်။
- စစ်ဘေးရှောင် ဦးရေ ၁သိန်းကျော်ရှိနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးတာကြောင့် စစ်ရှောင်တွေ အခက်အခဲရှိနေကြတယ်လို့ သိရပါတယ်။
စတဲ့ သတင်းတွေကို ပြောပြပေးပါမယ်ရှင့်။