ကပ်ရောဂါကြောင့် KNPP နဲ့ ပြည်နယ်အစိုးရ လစဉ်တွေ့ဆုံရန် အစီအစဉ်မရှိသေး

မော်ဦးမြာ

ကပ်ရောဂါဖြစ်တဲ့ Covid-19 ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုကြောင့် ပြည်နယ်အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ လစဉ်ပုံမှန်တွေ့ဆုံရန် အစီအစဉ်ကို ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP လွိုင်ကော်ဆက်ဆံရေးရုံး ဒု-တာဝန်ခံ(လွိုင်ကော်) မှ ခူးဖိုးရယ်က ပြောပါတယ်။

ခူးဖိုးရယ်က “ လောလောဆယ်ကတော့ အစည်းအဝေးတွေကိုလည်း ရပ်တန့်ထားတယ်လေ အစိုးရကလည်း မလုပ်ဖြစ်ဘူး။ နှစ်ဦးနှစ်ဖက်က ရပ်တန့်ထားတယ်။ ဒီအခြေအနေကြောင့်ပေါ့။ ကပ်ရောဂါကြောင့် မတွေ့ဖြစ်တော့ဘူး ဆိုတဲ့ဟာကို နုတ်နဲ့ပဲ ပြောထားကြတယ်။”လို့ ခူးဖိုးရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ ၂၀၂၀ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ လစဉ်ပုံမှန် တွေ့ဆုံသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲကို ဦးဆောင်ခဲ့သူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ခူးထဲဘူးက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားခဲ့ပါတယ်။

၎င်းတို့ တစ်လတစ်ကြိမ် ပုံမှန်တွေ့ဆုံခြင်းအားဖြင့် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများ၊ နှစ်ဦးနှစ်ဖက် ဆောင်ရွက်နေတဲ့ ကိစ္စများကိုလည်း ပိုသိရှိနိုင်တဲ့အပြင် အပြန်အလှန် ဆက်ဆံရေးကိုလည်း အားကောင်းစေတဲ့အတွက် လုပ်ငန်းစဉ်တခုအနေဖြင့် ထည့်သွင်းထားရန် လိုအပ်တယ်လို့ ကယားပြည်နယ် ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ မာတီးယာက ပြောပါတယ်။

“ ဒီပုံမှန်တွေ့ဆုံဆွေးနွေးမှုကတော့ ရှေ့ဆက်သွားမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တစ်ထောင့်တစ်နေရာမှာ သူက အထောက်အပံ့ဖြစ်မယ် ပြီးတော့မှ အပြန်အလှန်ဆက်ဆံရေး တည်ဆောက်တဲ့နေရာမှာ အားကောင်းချက်တခုလည်း ဖြစ်စေတယ်ပေါ့နော ဆိုတော့ ဒီပုံမှန် တွေ့ဆုံမှုကို မရှိမဖြစ် အစိုးရဖက်အနေနဲ့လည်း ဒါကို ဆက်ပြီးတော့မှ လုပ်ဆောင်သွားဖို့ လိုသလို ဒီ KNPP ဖက်ကလည်း ဒီဟာကို လုပ်ငန်းစဉ်တခုအနေနဲ့လည်း အကောင်အထည်ဖော်ဖို့လိုတယ်ပေါ့နော။ နှစ်ဖက်ရဲ့ အချိန်ပေးနိုင်မှု ရှိခြင်း၊ မရှိခြင်းကို အဓိက ထားတာမဟုတ်ပဲနဲ့ ဒါက ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းကို ဆက်သွားနိုင်ဖို့အတွက် နောက်ပြီး နှစ်ဖက်ရဲ့ အပြန်အလှန်ဆက်ဆံမှုနဲ့ အသိအမှတ်ပြုခြင်းအတွက် အကျိုးရှိတဲ့ လုပ်ငန်းတခုဖြစ်တဲ့အတွက် မရှိမဖြစ် လုပ်ဆောင်ရမယ်လေနော။”လို့ မာတီးယာက သုံးသပ် ပြောဆိုသွားပါတယ်။

ကပ်ရောဂါအပေါ်မှာ မူတည်ပြီး ပြန်လည်တွေ့ဆုံမဲ့ အချိန်ကို ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းသွားမယ်လို့ ခူးဖိုးရယ်က ပြောပါတယ်။

“ ဘယ်အချိန်ပြန်တွေ့မလဲဆိုတာကိုတော့ မပြောနိုင်သေးဘူး အခြေအနေကြောင့်ပဲပေါ့။ ဒီကပ်ရောဂါအပေါ် မူတည်တာပေါ့။”လို့ ခူးဖိုးရယ်က ပြောပါတယ်။

ထိုင်းနဲ့ ကယား(ကရင်နီ)နယ်စပ် ဂိတ်တွေကိုလည်း ခရီးသွားလာမှုတွေကို မလိုအပ်ပဲမပြုလုပ် ပြီးခဲ့တဲ့မတ်လ ၁၇ ရက်နေ့က KNPP ကို ထုတ်ပြန်ကြေငြာထားပါတယ်။

အခုလို ကမ္ဘာတစ်လွှား ကူးစက်ပျံ့နှံနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019/Covid- 19 ) ကာကွယ်ဖို့ လူစုလူဝေးတွေ၊ အခမ်းအနားတွေ၊ အစည်းအဝေးတွေ၊ ဟောပြောပွဲတွေ မပြုလုပ်ကြဖို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

Comments

comments

Next Post

တကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ဖို့ရေရှားပါးမှု ပြဿနာကြုံတွေ့နေကြရ

Thu Mar 26 , 2020
အန်ထောနီ ဖရူဆိုမြို့နယ် ဒိုးပရယ်ကျေးရွာအုပ်စုတွင်း ရေရှားပါးမှုကြောင့် ကလေးသူငယ်တွေရဲ့ တကိုယ်ရေသန့်ရှင်းရေး မပြုလုပ်နိုင်တဲ့အနေအထားမှာ အသက်အန္တရာယ်အထိ ကြုံတွေ့လာ ရမှာကိုစိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ဒေသခံတွေဆီကနေ ကြားသိနေရပါတယ်။ “ အခုချိန်နွေရာသီ ရေရှားပါးတဲ့အချိန်မျိုးမှာဆိုရင် ကျနော်တို့ကလေးတွေ (၅) နှစ်အောက်ကလေးတွေဆိုရင် လက်ဆေးဖို့တောင်မှ တော်ရုံတန်ရုံ ရေကမရှိတဲ့အနေအထားမျိုးမှာပေါနော်။ ဝမ်းပျက်ဝမ်းလျှောတို့ အဲ့လောက်ထိတောင်ဖြစ်သွားတယ်ပေါ့။ သေတဲ့အထိတောင်ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးကို ကျနော်တို့ဒေသမှာ ကြုံတွေ့နေရတယ်ပေါနော။ မျက်မြင်သက်သေတွေလည်းရှိခဲ့ပါတယ်” လို့ ဒိုပရယ်ကျေးရွာအုပ်စု ဝယ်သူတော် ကျေးရွာနေ ဦးထျားရုကပြောပါတယ်။ ကလေးသူငယ်အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး နှင့် အဝတ်လျော်ဖို့မလုပ်ပေးနိုင်တဲ့အတွက် အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ လက်တွေတောင် ပုံမှန်ဆေးဖို့ အခက်အခက်ကြုံတွေ့နေကြရတာပါ။ အခုလိုပြသနာများနှင့်ရင်ဆိုင်နေရပြီး တိရိစ္ဆာန်များလည်း ရေရှိရာအရပ်သို့ရွှေ့ပြောင်းသွားသောကြောင့် အသေအပျောက်ရှိတယ်လို့ သိရပါတယ်။ “အခုမွေးထားတဲ့ တိရစ္ဆာန်တွေဆိုလည်း […]