spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ ရဲ့ အကူအညီရဖို့ ဒီးမော့ဆိုက စစ်ရှောင်တွေ မျှော်လင့်နေ

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)

စစ်ပွဲကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကရင်နီပြည်က ပြည်သူတွေဟာ နိုင်ငံတကာအကူအညီ တွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ထောက်ပံမှုကို ရရှိနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ စစ်ရှောင်ပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်စိန်ဖိုလျားနာ ဟာ သူမတို့နေထိုင်တဲ့ စစ်ရှောင်စခန်းမှာ မကြာခဏ ရိက္ခာတွေပြတ်လတ်မှုနဲ့ ကြုံတွေ့နေရတာကြောင့် နိုင်ငံတကာအကူအညီရဖို့ မျှော်လင့်နေပါတယ်။

“ဖြစ်နိုင်ရင်တော့ ကျမတို့ကို ပစ်မထားနဲ့လို့ ကျမတောင်းဆိုချင်တယ်။ ကျမတို့ဆီကိုလည်း ရောက်အောင် မြန်မြန်လာပေးကြပါလို့ ကျမတောင်းဆိုချင်တယ်။ ကျမတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးလည်း ကျမတို့တစ်ခါမှမရတော့ အခုတော့ ကျမတို့ကိုလည်း ပေးခိုင်းစေချင်တယ်ပေါ့။ အဲ့ဒီအခွင့်အရေးတွေရချင်တယ်။” လို့ ဒေါ်စိန်ဖိုလျားနာ ကပြောပါတယ်။

စစ်ရှောင်ကာလ ၂ နှစ်ကျော်အတွင်း ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်တွေဟာ စား၀တ်နေရေး အခက်အခဲ အပြင် ငွေရေးကြေးရေး အကြပ်အတည်းလည်း ပိုရင်ဆိုင်လာရပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာက အကူအညီကို ရချင်တယ်လို့ ဒေါ်စိန်ဖိုလျားနာက ဆက်ပြောပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့ကို တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ကမ္ဘာ့ စားနပ်ရိက္ခာထောက်ပံ့ကူညီရေးအဖွဲ့ ဖြစ်တဲ့ WFP က ဆန်၊ဆီ၊ဆား၊ ကုလားပဲ စတာတွေကို လစဉ်ထောက်ပံ့ပေးနေတယ်လို့ လွိုင်ကော်မြို့က စစ်ရှောင်တွေဆီကနေသိရပါတယ်။

“ရတဲ့ဖက်က ရလို့ ၊ နောက် ကျမတို့ဖက်ကျတော့ တစ်ခေါက်မှ မရောက်လာဘူး။ ကျမတို့လည်း ဒီမြန်မာနိုင်ငံထဲက ပြည်သူထဲကပြည်သူပါပဲ။ ကျမတို့ကိုကျတော့ စစ်ရှောင်ချင်းအတူတူ ဘ၀တူတွေအကုန်ပဲ ဒါကြောင့်ကျမတို့ကိုလည်း ရောက်အောင် ကျမတို့ဆီလာပေးကြပါ။ လာခိုင်းစေချင်တယ်” လို့ ဒေါ်စိန်ဖိုလျားနာ က ဆက်ပြောပါတယ်။

သို့ပေမဲ့ ဒီးမော့ဆို မြို့တွင်းရှိ စစ်ဘေးရှောင်တွေဆီတော့ WFP ရဲ့ ထောက်ပံ့မှု တစ်စုံတစ်ရာ မရောက်ရှိဘူးလို့ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်းက ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဂျော်နီက အခုလိုပြောပါတယ်။

” မရခဲ့ဖူးဘူး။ ၂ နှစ်ကျော် ၃ နှစ်ပြည့်တော့မယ် မရခဲ့ဖူးဘူး။ သူတို့ပြောခဲ့သေးတယ်။ ဒီးမော့ဆို၀င်လာဖို့ဆိုသူ့စီမံကိန်းရှိခဲ့တယ် ဟိုတုန်းက WFP က။ ဒါမဲ့ကုန်တွေရောက်လာတိုင်း သူ့ဟာမဖြစ်ဘူး။ နောက် ၂၁ မှာလည်းစစ်ရှောင်နေရတယ်။ ဒါလည်း ဒီးမော့ဆိုဖက်သူမရောက်လာဘူး။ တစ်ကယ်တော့ သူ့စီမံကိန်းက ဒီးမော့ဆိုဖက်၀င်လာရမယ် ဆိုတာကြားသိထားပြီးသားပဲ” လို့ ဦးဂျော်နီကပြောပါတယ်။

WFP ရဲ့ မြေပြင်က တာဝန်ရှိသူကို ထောက်ပံ့ရေးကိစ္စနဲ့ပတ်သတ်ပြီး ကန္တာရဝတီတိုင်း(မ်) က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်တွေရဲ့ နေထိုင်စားသောက်မှုပုံစံကိုလည်း နိုင်ငံတကာက တာ၀န်ရှိသူတွေကိုယ်တိုင် လာကြည့်ခိုင်းစေချင်တယ်လို့ စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်ရိုမားနာက အခုလိုပြောပါတယ်။

“ဒီစစ်ရှောင်စခန်းတိုင်းကို လာပြီးတော့ကြည့်ပါလို့။ ဘယ်လိုနေထိုင်စားသောက်ကြလဲ၊ ဘယ်လိုလုပ်ကိုင်ကြလဲ၊ ဆိုတာ လာပြီးတော့ လက်တွေ့ဆင်းပြီးတော့ လာကြည့်ကြလို့ရပါတယ်လို့။ လာနိုင်ရင်ကောင်းတာပေါ့” လို့ ဒေါ်ရိုမားနာက ပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ စစ်ဘေးရှောင် ၂သိန်းခွဲကျော်ရှိနေပြီး အများစုက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆို မြို့နယ်တွေမှာ ရှိနေကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts