spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကမ်ပိန်းတွေမှာ ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှု အချည်းနှီးဖြစ်မှာ မဟုတ်ဘူးလို့ KNDF ဒု−စစ်ဦးစီးချုပ်ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ရေးအရှိန်လျော့ကျမသွားတဲ့အပြင် ဆက်လက်ပြင်းထန်နေဆဲ ကရင်နီပြည်မှာ တိုက်ခိုက်ရေးအတွက် လိုအပ်ချက် နဲ့ ပတ်သက်တဲ့ ပရောဂျက်တွေ၊ ကမ်ပိန်းတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြုလုပ်ပြီးစီးတာတွေရှိသလို ပြုလုပ်နေဆဲ ကမ်ပိန်းတွေလည်း ရှိပါတယ်။

ကမ်ပိန်း၊ ပရောဂျက်တွေကနေ လက်နက်အင်အားထပ်မံဖြည့်တင်းနိုင်တာတွေ ရှိပြီး ပြည်သူတွေရဲ့ ထောက်ပံ့မှုဟာ အချည်နှီး ဖြစ်မှာမဟုတ်ဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဒု−စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

“ အများပြည်သူတွေအနေနဲ့ကတော့ ကရင်နီမှာရှိတဲ့ အခု KNDFလို အဖွဲ့ကို ထောက်ပံ့ ရခြင်းသည် အချည်းနှီးမဖြစ်ဘူး။ ကျနော်တို့ အကျိုးရလဒ်တွေကလည်း အရှေ့မှာ လည်း ပြထားပြီးသားဖြစ်တယ်။ ကျနော်တို့ အများပြည်သူလိုချင်တဲ့ တော်လှန်ရေးအောင်ပွဲအထိကိုလည်း ဆက်လက်တိုက်ခိုက်သွားဖို့ရန်အတွက် ရှိတယ်ဆိုတာကို ပြောကြားလိုပါတယ်ဗျ။ “ လို့ ဒု−စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

ကရင်နီပြည် ရဲ့ နေရာအနှံ့ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး စစ်အသုံးစရိတ်တွေဟာ သိန်းထောင်ကဏန်းနဲ့ချီ ကုန်ကျတာတွေ ရှိပါတယ်။ စစ်ကောင်စီဖက်ဆိုရင်လည်း လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေ ရှိနေဆဲဖြစ်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာ (၄)ကနေ မတ်လ(၂၀)ကနေ ဧပြီလ(၉)ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ သိန်းတစ်သောင်းစည်းရိုး ပရောဂျက်မှာဆိုရင်လည်း တပ်ရင်း(၄)ခုအတွက် လက်နက်ငယ် အလက် (၈၀) ဝန်းကျင်လောက် လက်နက်အင်အား ထပ်မံဖြည့်တင်းနိုင်ခဲ့တာတွေ ရှိတယ်လို့ ဒု-စစ်ဦးစီးချုပ် မာဝီရဲ့ ပြောပြချက်အရ သိရပါတယ်။

သိန်းတစ်သောင်း စည်းရိုးပရောဂျက်ကနေ ရရှိတဲ့ လက်နက်အပ်နှင်းမှု အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၅)ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူလူထုတွေအနေနဲ့ တော်လှန်ရေးပြီးမြောက်ဖို့ လိုအပ်ချက်တွေကို ကူညီဖို့ သူက အခုလို ထပ်မံ ပြောဆိုထားပါတယ်။

“ တချို့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဆိုလို့ရှိရင် ဒါ ကျနော်တို့ စစ်စရိတ်က ကြီးမားတဲ့အသုံးစရိတ်တွေအထိ သုံးရတယ်။ သိန်းထောင်ကဏန်းနဲ့ချီ သုံးရတဲ့အတွက် ကြောင့်မလို့ လိုအပ်ချက်ကတော့ အများကြီးရှိနေသေးတယ်။ အဲ့ဒါကြောင့် အခုနောက်ထပ် KNDFရဲ့တခြားသော ဗျူဟာတွေ ကျနော်တို့ ဆက်တိုက် ကမ်ပိန်းတွေ လုပ်နေတာရှိတယ်။ ဗျူဟာ (၁)ကလုပ်တဲ့ ကရင်နီအိပ်မက် မောင်း၁၀၀ ကမ်ပိန်းတွေ၊ ဗျူဟာ (၆) ကလုပ်တဲ့ ကရင်နီရောက် မအလ တပ်မပျောက် ဆိုတဲ့ ကမ်ပိန်းတွေကလည်း အရေးပါတဲ့ ကမ်ပိန်းတွေ အဖြစ်နဲ့ ကရင်နီကို အားဖြည့်ဖို့ ဖြစ်ပါတယ်။ “

KNDFကနေ ဆက်လက်ပြုလုပ်နေဆဲ ကမ်ပိန်းတွေရှိသလို ပြည်သူလူထုတွေအနေနဲ့ ထပ်မံပါဝင်အားဖြည့်ပေးကြဖို့ ဒု−စစ်ဦးစီးချုပ် မာဝီက တိုက်တွန်းထားတာဖြစ်ပါတယ်။ ကရင်နီပြည်အနှံ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီကို ခုခံတော်လှန်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှာလည်း လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

ဩဂုတ်လ(၂)ရက်နေ့ကနေ လက်ရှိအချိန်ထိ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျောက် စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်သလို လက်နက်ခဲယမ်း၊ ဆေးဝါး၊ ရိက္ခာ အရေးပေါ်လိုအပ်လျက်ရှိနေပြီး ပြည်တွင်း၊ ပြည်ပမှ ပြည်သူလူထုတွေ ပါဝင်အားဖြည့်ပေးကြဖို့ KNDFတပ်ရင်း(၄)ကနေ ဒီကနေ့ (ဩဂုတ်လ ၂၇ရက်)မှာ ထုတ်ပြန်ထားတာလည်းရှိပါတယ်။

spot_img
spot_img

Recent posts