ကယန်းကြေးကွင်းပတ် အမျိုးသမီးတွေရဲ့ခရီးသွားလုပ်ငန်းအတွက် ဖွင့်လှစ်ထားတဲ့ဆိုင်တွေပိတ်ထား

အန်ထော်နီ

ကမ္ဘာကပ်ဆိုက်ရောဂါကျရောက်နေတဲ့အချိန် ခရီးသွားလုပ်ငန်းတွေ အထင်ကရနေရာတွေပိတ်ထားပြီးနောက် ကယန်းကြေးကွင်းပတ် အမျိုးသမီးတွေ အနေနဲ့လည်း သူတို့ရဲ့ခရီးသွားလုပ်ငန်းအတွက် ဖွင့်လှစ်ထားတဲ့ ဆိုင်တွေလည်း ပိတ်ထားနေရတယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်းအနေနဲ့ ကယန်းကြေးကွင်းပတ်အမျိုးသမီးတွေ ဖွင့်လှစ်ထားတဲ့နေရာတွေကတော့ ဒီးမော့ဆိုမြို့နယ်ပန်ပက်ကျေးရွာအုပ်စုဘက်ရှိကျေးရွာတွေအပါအဝင် ၊ လွိုင်ကော်မြို့ ဒေါဆန်းဘုန်းကျေးရွာတို့မှာဖြစ်ပါတယ်။

ဒီလိုမျိုးကိုယ့်ရိုးရာကို တစ်ခြားသူကစိတ်ဝင်စားလို့ သူများပြည်နယ်တွေအထိ သွာရောက်ဖျော်ဖြေခဲ့ရတယ်လို့လည်း ပန်ပက် လော်ကုံးကျေးရွာ မှာနေတဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်မူပလားက သူမရဲ့အတွေ့အကြုံကို ခုလိုပြောပြထားပါတယ်။

လည်ပင်းကို ကြေးကွင်းတွေနဲ့ရစ်ပတ်ပြီးတော့ ခြေသလုံးနဲ့ လက်ကောက်ဝတ်တွေမှာလည်း သံထည်တွေပတ် ကြေးကွင်းတွေ ဝတ်ထားတဲ့ ထူးခြားတဲ့ ကယန်း အမျိုးသမီး ကြေးကွင်းပတ်လူမျိုးတွေဟာဆိုရင် ပြည်တွင်းပြည်ပ ခရီးသွား အများစုက စိတ်ဝင်စားကြတဲ့ မျိုးနွယ်စုဖြစ်ပါတယ်။

“ကျမက အတွေ့အကြုံနဲနဲများတယ် ရန်ကုန်တို့ နေပြည်တော် မန္တလေးတို့ အမြဲရောက်တယ်။ ဟိုမှာရောက်ရင် သူများလာလေ့လာဖို့အတွက် ရိုးရာသီချင်းတွေဆိုပြရတယ် ရက်ကန်းရက်တာတို့လုပ်ပြရတယ်။ ကုမ္ပဏီတွေက အမြဲလာခေါ်တယ် ပလွေတွေလည်မှုတ်ခိုင်းတယ် သူတို့က ကားနဲ့လာခေါ်တယ် ပြီးတော့ ပြန်လာပို့ပေးတယ်” လို့ပြောပြခဲ့ပါတယ်။

တစ်ချို့က ပြည်တွင်းမှာပဲ စီးပွားရေးအနေနဲ့လုပ်ကိုင်စားသောက်ကြပေမဲ့ တစ်ချို့ကတော့ နိုင်ငံရပ်ခြားတွေအထိ သွားရောက်ပြသ လုပ်ကိုင်ခဲ့ကြသူတွေအနေနဲ့ အချိန်မှာအများစုက နေရပ်ကိုပြန်လာကြပါတယ်။

အခုလို တခြားတိုင်းတပါးမှာ သွားရောက်ခဲ့တဲ့သူတွေအနေနဲ့က တချိန်က နိုင်ငံရေးမတည်ငြိမ်ခဲ့တာကြောင့် အခုလို သွားရောက် အလုပ်လုပ်နေကြရခြင်းဖြစ်နိုင်တယ်လို့ ဒီလိုအခြေအနေကို ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကောင်မတီအဖွဲ့ အကြံပေး နာယက ဦးကျော်သန်းက ပြောပါတယ်။

ဦးကျော်သန်းက “အဲ့ဒီအခြေအနေက ကျနော်တို့ အရင်တုန်းကတော့ ဘာခေါ်မလဲဆို ဒီထိုင်းနိုင်ငံမှာ အဖွဲ့အစည်းအကူအညီမပါပဲနဲ့ မှောင်ခိုလမ်းကြောင်းနဲ့သွားပြီတော့ ပြစားတာပဲဖြစ်မှာပါ ကျနော်တို့တရားဝင်ကတော့ ကယန်းလူမျိုးတစ်မျိုးထဲလည်း လုပ်မှာမဟုတ်ပါဘူး။ နောက်ပြီးတော့ ကျနော်တို့ ဟိုးတုန်းက ကယားပြည်နယ်က သိပ်တော့မအေးချမ်းတဲ့ခါကျတော့ ဟိုဖက်မှာလုပ်ကိုင်စားသောက်ဖို့ သွားကြတာလည်းဖြစ်မှာပါ။ ဒါပေမဲ့သူတို့လည်း တစ်ဖြည်းဖြည်းတော့ ပြန်လာကြပြီလို့ပြောတယ် အဲ့လိုတော့ ကြားတယ်လေ” လို့ သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။

ဒီလိုကယန်းကြေးကွင်းပတ် အမျိုးသမီးတွေ ဟာဆိုရင် ကယန်းမျိုးနွယ်စု ၄ မျိုးထဲမှာမှ ကယန်းလဝီ လူမျိုးတွေဖြစ်ကြပါတယ်။

Comments

comments

Next Post

“ကျေးလက်နေ လူထုများနှင့် မြန်မာ့ ငြိမ်းချမ်းရေး”

Mon Apr 20 , 2020
မော်ဦးမြာ လွိုင်ကော်မြို့ကနေ တစ်နာရီခွဲခန့်(ဆိုင်ကယ်ဖြင့်) မောင်းနှင်သွားရပြီး လွိုင်လင်လေးမြို့ နယ်ထဲမှာ ရှိတဲ့ ဝမ်ငေါ့ကျေးရွာဟာ ယနေ့အချိန်ထိ ဖွံ့ဖြိုးမှု နည်းပါးနေဆဲပါ။ စာတတ်မြောက်သူ ဦးရေ အလွန်နည်းပါးတဲ့အတွက် အသိပညာ၊ ဗဟုသုတ ကြွယ်ဝမှုတွေလည်း မရှိသလောက် နည်းပါးနေပါသေးတယ်။ ပြည်နယ်၊ ဒေသ၊ ကျေးရွာရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် သိရှိမှုကို မေးမြန်းရာမှာတော့ သူတို့ကျေးရွာမှာ ယခင် (၁၉၉၄-၂၀၀၀ ခုနှစ်အထိ/ ဒေသခံများရဲ့ ခံမှန်းချက်အရ) ကလို သေနတ်သံမကြားရှိတော့တဲ့အပြင် တပ်မတော်ဖက်က သွားလာလှုပ်ရှားမှုကို မမြင်တွေ့ရတာ ကြာပြီဖြစ်လို့ ယခုအခြေအနေကို တည်ငြိမ်အေးချမ်းနေပြီလို့ ခံယူထားကြပါတယ်။ ကျေးရွာလူကြီးတချို့ နဲ့ အမျိုးသားရေး လုပ်ရှားမှုတွေမှာ အနည်းငယ် ပါဝင်ခဲ့ဖူးတဲ့ လူငယ်တချို့ကသာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြားဖူးနားဝ ရှိထားကြပါတယ်။ […]