spot_img
Friday, March 24, 2023
spot_img

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌခွန်းဖရန်စစ္စကို သေနတ်ဖြင့် လုပ်ကြံခံရ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဩဂုတ်လ (၁၁)ရက်နေ့ မနက်ပိုင်းမှာ ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌခွန်းဖရန်စစ္စကိုအား အမည်မသိ လူနှစ်ဦးမှ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ အရှေ့ခြမ်းရှိ စိုက်ခင်းတစ်ခုကို မနက်ပိုင်းမှာ တပည့်ဖြစ်သူတစ်ယောက်နဲ့အတူ သွားရောက်ခဲ့ပြီး စိုက်ခင်းထဲမှာပဲ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ရောက်လာပြီး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ရင်ဘတ်မှာ သေနတ်ဒဏ်ရာ သုံးချက်ပစ်ခံရတာကို တွေ့ရှိရတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ ခွန်းဖရန်စစ္စကိုဟာ ၂၀၁၀ရွေးကောက်ပွဲမှာ ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနေ ဖယ်ခုံမြို့ နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ပျိုးခင်းဘော်ဒါကျောင်းမှာ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ဖူးပြီး ပညာရေးအတွက် အားသွန်ခွန်စိုက် လုပ်ရှားသူတစ်ဦးဖြစ်တဲ့အပြင် လူမှုရေး၊ ဖွံ့ဖြိုးရေး၊ ဘာသာရေးပိုင်းမှာလည်း လုပ်ရှားသူတစ်ဦးဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒီလိုလုပ်ကြံသတ်ဖြတ်ခံရမှုကို လူ့အခွင့်အရေးဒုဝန်ကြီးတစ်ယောက်အနေနဲ့ ရှုတ်ချပြီး ပါတီမတူ၊ ရပ်တည်ချက်ချင်းမတူတိုင်း ရန်သူကို သုတ်သင်ရှင်းလင်းပစ်ရမယ်ဆိုတဲ့ယူဆချက်က လွဲမှားနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ခွန်းဗဟန်းထန်က သုံးသပ်ပြောဆိုပါတယ်။

“ဒါက မလုပ်သင့် မလုပ်ထိုက်တဲ့ အင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်ပေါ့နော။ ဒါကြောင့်မလို့ ဒါတွေကို သတိထားဆင်ခြင်ဖို့လိုမယ်။ ဒါကအဖြေမဟုတ်ဘူး နည်းလမ်းကောင်းမဟုတ်ဘူးဆိုတာ ကျနော်အနေနဲ့ပြောပြလိုတယ်။ နိုင်ငံရေးမှာက အားလုံးက ခံယူချက်ချင်း၊ သဘောထားချင်း၊ အမြင်တူမှာမဟုတ်ဘူး ဒါက နိုင်ငံရေးပဲဖြစ်တယ်ပေါ့နော။ ဒါကြောင့်မလို့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်။ ကျနော်တို့နဲ့မတူညီတိုင်း ဘယ်လိုပြောရမလဲ ကျနော်တို့နဲ့ပါတီမတူတိုင်း ရပ်တည်ချက်ချင်းမတူတိုင်း ကျနော်တို့ရဲ့ရန်သူကို သုတ်သင်ရှင်းလင်းပစ်ရမယ်ဆိုတဲ့ယူဆချက်က အင်မတန်မှ လွဲမှားတဲ့ယူဆချက်ဖြစ်တယ်ဆိုတာလည်း ပြောပြလိုပါတယ်။ လူ့အခွင့်အရေးရှုထောင့်ကနေ ပြောပြလိုပါတယ်။” လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ခွန်းဗဟန်းထန်က သုံးသပ်ပြောဆိုပါတယ်။

 ခွန်းဖရန်စစ္စကိုဟာ ၂၀၁၂ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ကယန်းစာပေနဲ့ယဉ်ကျေးမှုဗဟိုကော်မတီမှာ နာယက၊ ၂၀၁၈ခုနှစ်မှ ယနေ့အထိ ဥက္ကဌအဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ကယန်းလူမျိုးအရေး၊ စာပေနှင့်ယဉ်ကျေးမှုအရေးကို တက်တက်ကြွကြွ ပါဝင်ဦးဆောင်ပေးရုံမက ပညာရေး၊ လူမှုရေး၊ ဘာသာရေးလုပ်ငန်းတွေမှာလည်း အမြဲပံ့ပိုးကူညီလုပ်ဆောင်ပေးသူဖြစ်တယ်လို့ သိရပါတယ်။

ကယန်းလူငယ်တစ်ဦးက “ဆရာဖရန်စစ္စကို သူ့ကိုသိတယ်။ စာပေလုပ်တယ်၊ ဘာသာရေးလုပ်တယ်၊ သူလုပ်တာအမြဲတမ်းတွေ့တယ်ပေါ့နော။ ဆရာကောင်းတစ်ယောက်လည်းဟုတ်တယ်။ ဖွံ့ဖြိုးရေးပိုင်းမှာလည်းလုပ်တယ်ပေါ့။ လူတိုင်းက ဆရာကို့ကို သိကြတယ်ပေါ့ လေးစားကြတယ်။ စိတ်မကောင်းဘူးပေါ့နော ဒီလိုဖြစ်သွားတာ လုပ်ကြံခံရတာ။ သေချာတယ် ကျနော်တို့ကယန်းလူမျိုးက ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့ပြောလို့ရတယ်ပေါ့။” လို့ ၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောပါတယ်။

ဒီလို လုပ်ကြံသတ်ဖြတ်မှုဟာ ကယန်းလူမျိုးအတွက် များစွာထိခိုက်နစ်နာရပြီး လုံးဝ(လုံးဝ) လက်မခံနိုင်ကြောင်းနဲ့ ပြင်းထန်စွာရှုတ်ချတယ်လို့ ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက သဘောထားထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...

ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ် ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀)က ဒီကနေ့ ( မတ်လ ၂၄ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့...