ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းက ကယန်းဒေသဟာ မြန်မာနိုင်ငံတွင်းက ဘိန်းစိုက်ပျိုးမှုရှိနေတဲ့ ဒေသတွေထဲကတစ်ခုပဲဖြစ်ပါတယ်။ အဲဒီဒေသမှာ ဘိန်းစိုက်ပျိုးမှုက တခြားသီးနှံစိုက်ပျိုးမှုရဲ့ ၁၀ ပုံ ၁ ပုံလောက်ရှိနေတယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။ ဒီနှုန်းထားဟာ ယခင်ကထက် အများကြီး လျော့နည်းလာတာဖြစ်တယ်လို့ ဘိန်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။