spot_img
Saturday, May 21, 2022
spot_img

ကယန်းပြည်သစ်ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ် စစ်ဆေးရေးဂိတ် လေးခု ဖွင့်လှစ်ထားရှိ

Photo – CJ

ကန္တာရဝတီတိုင်း(မ်)

တကျော့ပြန်ဖြစ်ပွားနေတဲ့ ကိုဗစ် တတိယလှိုင်းကို ကာကွယ်ဖို့အတွက် ကယန်းပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကယန်းဒေသတွင်း စစ်ဆေးရေးဂိတ် လေးခု ဖွင့်လှစ်ထားတယ်လို့ ကယန်းအမျိုးသားကျန်းမာရေးကော်မတီရဲ့ ဒု-ဒါရိုက်တာ ခွန်းစီမွန်က ပြောပါတယ်။

“အဓိကခါကျတော့ ကျနော်တို့ အဝင်အထွက် ကန့်သတ်ထားတယ်။ နောက်ပြီးတော့ အဝင်အထွက် လူတွေကို ကျနော်တို့ စစ်ဆေးတယ်၊ မှတ်တမ်းယူတယ်၊ အပူချိန်တိုင်းတယ်ပေါ့နော်။ သွားလာရာဇဝင်တွေ မေးမြန်းတာပေါ့။ အဓိက ခရီးဝေးကနေ ပြန်လာတဲ့ လူဆို ကျနော်တို့အနေနဲ့က တခြားပရဟိတအသင်းတွေနဲ့ အချိတ်အဆက်လုပ်ပြီးတော့ ဘယ်နေရာမှာ ကွာရန်တင်းအနေနဲ့ ချမှတ်ထားရမလဲ စသဖြင့် အဲ့လိုမျိုး ကျနော်တို့ ကြီးကြပ်လုပ်တယ်။ ”လို့ ဒု-ဒါရိုက်တာ ခွန်းစီမွန်က ပြောပါတယ်။

ဒါ့အပြင် ကယန်းအမျိုးသားကျန်းမာရေးဌာနက ကယန်းဒေသတွင်း ခရီးသွားလာတဲ့ ပြည်သူလူထုတွေကို Mask ( နှာခေါင်းစည်း) ဝေပေးတာတွေ၊ ကိုဗစ်ကူးစက်မှုရောဂါ အသိပညာပေးတဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေနဲ့ ဗီနိုင်းကပ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ကိုဗစ်စစ်ဆေးရေးဂိတ်တွေကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သောက်ရေခပ်ကျေးရွာမှာ ၁ ဂိတ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကဖုကျေးရွာမှာ ၁ ဂိတ်၊ မိုးဗြဲမြို့အနီးမှာ ၁ ဂိတ်နဲ့ ဖယ်ခုံ-ပင်လောင်းနယ်စပ် တောင်စလုံးကျေးရွာမှာ ၁ ဂိတ် စုစုပေါင်း လေးဂိတ် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ယခင် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာတော့ ကယန်းအမျိုးသားကျန်းမာရေးဌာနနဲ့အတူ အစိုးရ ဌာနဆိုင်ရာတွေ ပူးပေါင်းပါဝင်မှု ရှိခဲ့တာကြောင့် လိုအပ်တဲ့ ဆေးဝါးပစ္စည်းအကူအညီနဲ့ ကွာရန်တင်းစင်တာတွေ ထားရှိနိုင်ခဲ့ပေမယ့် အခု ကိုဗစ်တတိယလှိုင်းမှာတော့ တခြားအကူအညီမပါပဲ လုပ်နေရတဲ့အတွက် အခက်အခဲတွေ ရှိနေပါတယ်။

“အဓိက သံသယလူနာတွေပဲဖြစ်ဖြစ်၊ နောက်ပြီး အဝေးကလာတဲ့ ခရီးသွားဧည့်သည်တွေပဲ ဖြစ်ဖြစ် ကျနော်တို့ သတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာပေါ့။ လမ်းညွှန်ဖို့ ကျနော်တို့မှာ အခက်အခဲရှိတယ်။ အဲ့ဒါမရှိဘူးပေါ့နော်။ အရင်တုန်းကဆို ကျနော်တို့ ဆီးဘူးမှာလည်းပဲ ကျနော်တို့ ကွာရန်တင်းစင်တာ တခုထားတာရှိတယ်။ နောက် PPE တို့ ဘာတို့ အပြည့်အစုံရှိတယ်။ နောက်အခုခါကျတော့ ဒါတွေ အခက်အခဲရှိတယ်။” လို့ ကယန်းအမျိုးသားကျန်းမာရေးကော်မတီရဲ့ ဒု-ဒါရိုက်တာ ခွန်းစီမွန်က ဆိုပါတယ်။

ကိုဗစ်နဲ့ ဆင်တူတဲ့ ရောဂါတွေနဲ့ တခြားဖျားနာတဲ့ လူနာတွေကိုတော့ ကယန်းအမျိုးသားကျန်းမာရေးကော်မတီရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဆေးခန်း ၆ ခုထဲက နီးစပ်ရာ ဆေးခန်းတွေကို လွှဲပြောင်းကုသတာတွေ လုပ်ဆောင်ပေး တယ်လို့ သိရပါတယ်။

လတ်တလော ကယန်းပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာတွေ မတွေ့ရှိသေးပေမယ့် ဒေသတွင်း ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေမှာ ကျန်ရှိနေထိုင်နေတဲ့ ပြည်သူတွေကိုတော့ ကိုဗစ်ရောဂါမကူးစက်အောင် Mask(နှာခေါင်းစည်း) ပေးဝေတာတွေ၊ ရောဂါကာကွယ်ရေး အသိပညာ ပေးတာတွေနဲ့ ဖျားနာသူတွေကို ဆေးကုသပေးတာတွေ အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကယန်းအမျိုးသားကျန်းမာရေးကော်မတီဟာ ကယန်းပြည်သစ်ပါတီ(KNLP)ရဲ့ လက်အောက်ခံ ကျန်းမာရေး ဌာန တစ်ခုဖြစ်ပြီးတော့ လူထုကျန်းမားရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (CHDN) ရဲ့ မိတ်ဖက်အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ ကိုဗစ်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရန်အတွက် လွိုင်ကော်မြို့၊ ဒီမော့ဆိုမြို့၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာ၊ ရပ်ကွက်အချို့တွေမှာ ဒေသခံများမှ ကိုယ်ထူကိုယ်ထ ကိုဗစ်စစ်ဆေးရေးဂိတ်ပြုလုပ်ထားပြီး လမ်းသွားပြည်သူကို ကိုယ်အပူချိန်တိုင်းတာခြင်းတွေ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ရိက္ခာပြတ်လုနီးပါးဖြစ်နေ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်း၊ ဆောင်ဒူလာအုပ်စုအတွင်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ဆန်၊ ရိက္ခာခြောက်တွေ မရောက်လာတော့တာကြောင့် ပြတ်လုနီးပါးအခြေအနေနဲ့ ကြုံနေရတယ်လို့ စစ်ရှောင်စခန်းကော်မတီတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ လူတစ်ဦးကို ဆန်တစ်ပြည်ဝေပေးပြီး နှစ်ပတ်စာအဖြစ် ချွေတာစားဖို့ စီမံထားရတယ်လို့ ဆိုပါတယ်။ “ ကျနော်တို့ ထုတ်ပေးတာက လူဦးရေနဲ့ ထုတ်ပေးပေမယ့်လည်း အကန့်အသတ်တော့ ရှိတာပေါ့နော။ ဘာလို့လဲဆို...

တပ်မ၆၆က တပ်သားတစ်ဦး KNDF ထံ လက်နက်နဲ့အတူ CDM ပြုလုပ်

ကန္တာရဝတီတိုင်း( မ် )စစ်ကောင်စီတပ်မ ၆၆ က တပ်သားတစ်ဦးဟာ KNDF B-16 ထံကို MA-1 သေနတ် ၁လက်၊ ကျည်ဘောက်တစ်ဘောက်၊ ကျည်ဆံ ၇၁တောင့် နဲ့အတူ CDM ပြုလုပ်ခိုလှုံခဲ့တယ်လို့ KNDF B-16 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။မေလ ၁၆ရက်နေ့မှာ...

တပ်မ-၃၃ တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိ

ထွေးရယ် ကန္နရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အမှတ် ( ၁) ခရိုင် တစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ-၃၃ တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF B-09 နဲ့ ကရင်နီတပ်မတော် KAတို့ပူးပေါင်းပြီး မေလ ၁၆ ရက်ည (၉)နာရီ ဝန်းကျင်မှာ ကင်းလှည့်ရင်း...

ဖယ်ခုံ၊ ဆီးမီးလော့ကျေးရွာမှာ ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားနေ

လဲသျှို့ / ကန္တာရဝတီတိုင်း ( မ် ) ဖယ်ခုံမြို့နယ်၊ ဆီးမီးလော့ကျေးရွာကို မေလ ၁၅ ရက်နေ့ကတည်းက ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေ နဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့ မေလ ၁၉ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး ဖယ်ခုံအရှေ့ဖက်ကမ်းဒေသမှာ တိုက်ပွဲဖြစ်ပွားတာ ငါးရက်မြောက်ရှိသွားပြီဖြစ်ပါတယ်။ ဖယ်ခုံPDF ၊...