spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားတစ်ပြည်နယ်လုံးမဲဆန္ဒပေးခွင့်ရှိသူ နှစ်သောင်းခွဲကျော်တိုးလာ

Author

Date

Category

ခွန်းကလိုင်းဖရီး

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကယား(ကရင်နီ)တစ်ပြည်နယ်လုံးမှာ အသက် (၁၈) နှစ်ပြည့်ပြီး မဲဆန္ဒပေးခွင့်ရှိသူပေါင်း ယခင် ၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းထက်နှစ်သောင်းခွဲကျော်တိုးလာပါတယ်။

၂၀၁၅ ခုနှစ်မှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိ (၁၇၈၃၁၆) ဦးသာရှိခဲ့ပြီး ယခုလာမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ ၂၀၄၆၇၇ ဦးရှိတဲ့အတွက် ဆန္ဒမဲပေးခွင့်ရှိသူ ( ၂၆၃၆၁ ) ဦး တိုးလာတာ ဖြစ်ပါတယ်။

ဆန္ဒမဲပေးမယ့် မိဘပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကပ်ထားပြီးဖြစ်တာကြောင့် မဲစာရင်းကြည့်ခြင်း အားဖြင့် ပိုပြီး ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းတွေဖြစ်လာဖို့ ဝိုင်းဝန်းကူညီပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ ကယားပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောပါတယ်။

မဲဆန္ဒရှင်စားရင်း လာရောက်ကြည့်ရှုနေကြတဲ့ သူတွေဖြစ်ပါတယ်။ ဓါတ်ပုံ – အန်ထောနီ

“အဓိကပြောချင်တာတော့ မိဘပြည်သူတွေအနေနဲ့ မဲစာရင်းကိုသွားကြည့်ပေးပါလို့ ဒါလေးပဲပြောချင်ပါတယ်”

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွေကိုဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စုကော်မရှင်ရုံးခွဲတွေမှာ ၁၄ ရက်ကြာ ကပ်ထားပေးမှာဖြစ်ပါတယ်။

မဲစာရင်းမှာ မိမိအမည်မတွေ့/မပါလျှင် ပုံစုံ (၃) တောင်းယူဖြည့်စွက် တောင်းဆိုနိုင်ပြီး မဲစာရင်းမှာ ပါဝင်သူတစ်ဦးဦးကို ကန့်ကွက်ချင်လျှင် ပုံစံ (၄) တောင်းယူဖြည့်စွက်ပြီး တင်ပြနိုင်သလို မဲစာရင်းမှာပါတဲ့ အချက်အလက်တွေကို ပြင်ဆင်ချင်လျှင် ပုံစံ (၄-ဂ) တောင်းယူဖြည့်စွက်ပြီး ပြင်ဆင်နိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားပါတယ်။

နိုင်ဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေအထွေ ရွေးကောက်ပွဲမှာ ကယား(ကရင်နီ)ပြည်နယ်တွင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေရဲ့ စာရင်းကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

လာမယ့် ထွေထွေရွေးကောက်ပွဲမှာ အသက် ၁၈ နှစ် ပြည့်ပြီးနှင့်အထက် ပထမဆုံးအကြိမ် မဲပေးကြမယ့် လူငယ် မြန်မာတနိုင်ငံလုံး ၅ သန်းခန့်ရှိတယ်လို့ သိရပါတယ်။

ယခင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ တနိုင်ငံလုံး မဲပေးနိုင်သူဦးရေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးသာ မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts