spot_img
Wednesday, November 29, 2023
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်က ပထဆုံးအကြိမ် မဲပေးတဲ့လူငယ်တွေရဲ့ အသံ

Author

Date

Category

“မဲဆွယ်စည်းရုံးရေးအဖွဲ့လည်း တအားလာတယ်လေ။ တစ်ဖွဲ့ပြီးတစ်ဖွဲ့လာတော့ တစ်ခါတလေဆို တွေးတယ်ပေါ့နော်။ တစ်ခါမှ မထည့်ဖူးတော့ သူတို့ လာပြောသွားတဲ့စကားတွေလည်း အကုန်မှန်တော့ ဘယ်အဖွဲ့ထည့်ရမလဲ၊ တစ်ခါတလေ အဲ့လိုမျိုးတွေးတယ်။ ဒါပေမဲ့ အဖေက ပြောပြတယ်ပေါ့နော်။ ကျနော် အသိဆုံးကိုယ်စားလှယ်တွေ ရင်းနှီးတဲ့ကိုယ်စားလှယ်တွေ နောက်ပြီးတော့မှ သူ့အကြောင်းကို ရင်းရင်းနှီးနှီးသိတဲ့ဟာပဲထည့်ရင် ပိုကောင်းမယ်ထင်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ မသိတဲ့ကိုယ်စားလှယ်တွေ အဝေးကဟာဆိုရင် အကူအညီလိုတဲ့အချိန် ဘယ်လိုမျိုးတောင်းမလဲ၊ အဖေက အဲ့လိုမျိုးပြောတော့ ကိုယ်သိတဲ့ ကိုယ်စားလှယ်လောင်းတွေပဲ ရွေးထည့်ပါတယ်။”

spot_img
spot_img

Recent posts