spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီအဖြစ် အမည်ပြောင်းလဲ

ကန္တာရဝတီတိုင်း(မ် )

ပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP )ဟာ ပထမအကြိမ် ပြုလုပ်တဲ့ ပါတီညီလာခံမှာ ပါတီအမည်ကို ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KSDP ) အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ KSDP က ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မေလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေတုန်းက ကရင်နီပြည်နယ်အတွင်းတစ်နေရာမှာ ပါတီညီလာခံကို ပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီ ( ၁၄ ) ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ( ၉ ) ဦးတို့ကို ရွေးချယ်တင်မြောက်ခဲ့ပါတယ်။

ယခင် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တဲ့ ခူးသဲရယ်ကနေ ပါတီဥက္ကဌ နဲ့ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တဲ့ မော်မိုးမြာကနေ ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံရပါတယ်။

၂၀၂၀ခုနှစ်ရွေးကောက်ပွဲမှာ ပြည်နယ် မဲဆန္ဒနယ် ၃၄နေရာအနက် ယခုအမည်ပြောင်းလဲသတ်မှတ်ထားတဲ့ ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ၈ နေရာအထိ အနိုင်ရရှိခဲ့ပါတယ်။

spot_img
spot_img