Monday, January 18, 2021

ကယားပြည်နယ်မဲရုံများအတွက် အထူးရဲ ၂၀၀ ကျော်ခန့်အပ်

Must read

ဒေသခံလုပ်ငန်းရှင်တွေအနေနဲ့ ကြုံတွေ့နေရတဲ့အခက်အခဲရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ အချိန်မရွေးတင်ပြနိုင်ကြောင်း ခေတ္တဝန်ကြီးချုပ်ပြော

https://youtu.be/s1GSPsECEGs ကန္တာရဝတီတိုင်း(မ်) ဒေသခံလုပ်ငန်းရှင်တွေ အသေးစား၊ အလတ်စားလုပ်ငန်းလုပ်ကိုင်လိုသူတွေအနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ အချိန်မရွေးတင်ပြနိုင်ပြီး ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ဇန်နဝါရီလ (၁၅)ရက်နေ့မှာကျရောက်တဲ့ (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာ...

(၄) ကြိမ်မြောက် ပရဲ့နှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုပ်သာပြုလုပ်

စိုးထိုက်အောင်၊ အန်ထော်နီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့မှာ ကျရောက်တဲ့ ပရဲ့ နှစ်သစ်ကူးပွဲတော်ကို ပရဲ့လူမျိုးစုတွေ အများစုနေထိုင်တဲ့ ကေကော ကျေးရွာအုပ်စု လိုဒေးကျေးရွာမှာ...

ဇန်နဝါရီလ တတိယအပတ် ကယားဘာသာ ရေဒီယို

https://soundcloud.com/kantarawaddy-times/vr7yoimbilcm ကယားရေဒီယို အစီအစဉ်အပတ်စဉ် တင်ဆက်နေကျတိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယား) (စနေနေ့ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ 'ကျပ်သန်းပေါင်းတစ်ထောင်ကျော် ကုန်ကျပြီး တည်ဆောက်ထားတဲ့ ဒီးမော့ဆိုမြို့နယ်ခန်းမကို...

ကယားကနေ ကရင်နီပြန်ပြောင်းရင် စည်းလုံးညီညွှတ်မှုတွေပိုမိုရှိလာနိုင်မှာလား

ခွန်းကလိုင်းဖရီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့ဟာဆိုရင် ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် အမည်နာမပြောင်း လဲလိုက်တာ ၆၉ နှစ်ရှိသွားပြီဖြစ်ပါတယ်။

နော်ဒွေးအယ်ခူ


၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း ကယားပြည်နယ်မဲရုံတွေအတွက် အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးကို ခန့်အပ်ထားတယ်လို့ ကယားပြည်နယ်ရဲတပ်ဖွဲ့ (ပြည်နယ်ဦးစီးပထမတန်း) မှ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်ကပြောပါတယ်။

“မဲရုံ ၂၂၀ ရှိတဲ့အတွက် အထူးရဲတပ်ဖွဲ့ကလည်း ၂၂၀ စုဆောင်းထားတာရှိတယ်။ မဲရုံတစ်ရုံကို အထူးရဲတပ်ဖွဲ့တစ်ယောက်စီ တာဝန်ပေးမယ်” လို့ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်က ပြောပါတယ်။

၂၀၂၀ ထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်တွင်းရှိ ရဲတပ်ဖွဲ့အင်အားမလုံလောက်တဲ့အတွက် သြဂုတ်လအတွင်းက အထူးရဲတပ်သားတွေကို ရွေးချယ်ခဲ့ပြီး အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးနှင့် အရံအင်အား ငါးဦး စုစုပေါင်း ၂၂၅ ဦးကို ထားဖို့လျာထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့တဲ့ အထူးရဲတပ်ဖွဲ့တွေကိုမြင်တွေ့ခဲ့ရစဉ်။ ဓါတ်ပုံ- ကန္တာရဝတီတိုင်း(မ်)

အဆိုပါ အထူးရဲတွေအနေနဲ့ ကယားပြည်နယ် မြို့နယ် ခုနစ်မြို့နယ်အလိုက် အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲကျင်းပတဲ့ရက် စတင်ကြေညာတဲ့ရက်ကစပြီး ဌာနချုပ်ရဲ့ ညွှန်ကြားချက်အရ အထူးရဲတပ်သားကို စတင်ခေါ်ယူခဲ့ပြီး သက်ဆိုင်တဲ့ လုပ်ငန်းတာဝန်တွေပေးအပ်ဖို့ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။

အထူးရဲတပ်သားတွေကို လက်ရှိ ရဲတပ်ဖွဲ့တစ်ဦးခံစားခွင့်ရှိတဲ့အတိုင်း လစာ (၁၄၄၀၀၀) နှင့် ရိက္ခာအတွက် တစ်ရက်လျှင် တစ်ထောင့်ရှစ်ရာနှုန်းဖြင့် တစ်လလျှင် (၅၄၀၀၀) ကျပ် ခံစားခွင့်ရမည်ဖြစ်ပါတယ်။

အထူးရဲတပ်သားတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၆၀ အတွင်းရှိသူတွေ၊ ကျန်းမာရေးကောင်းမွန်သူတွေ၊ပညာအရည်အချင်းမှာ အလယ်တန်းအောင်အဆင့်ရှိသူတွေ၊ အရပ်မရှည်/မပုလွန်းသူတွေ၊ ရပ်ကွက်အတွင်းနေထိုင်သူ၊ အဂတိလိုက်စားမှုကင်းရှင်းပြီး ပါတီနိုင်ငံရေးကင်းရှင်းသူတွေ စတဲ့သတ်မှတ်ချက်တွေနဲ့ရွေးချယ်ခန့်အပ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

ဒေသခံလုပ်ငန်းရှင်တွေအနေနဲ့ ကြုံတွေ့နေရတဲ့အခက်အခဲရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ အချိန်မရွေးတင်ပြနိုင်ကြောင်း ခေတ္တဝန်ကြီးချုပ်ပြော

https://youtu.be/s1GSPsECEGs ကန္တာရဝတီတိုင်း(မ်) ဒေသခံလုပ်ငန်းရှင်တွေ အသေးစား၊ အလတ်စားလုပ်ငန်းလုပ်ကိုင်လိုသူတွေအနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ အချိန်မရွေးတင်ပြနိုင်ပြီး ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ဇန်နဝါရီလ (၁၅)ရက်နေ့မှာကျရောက်တဲ့ (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာ...

(၄) ကြိမ်မြောက် ပရဲ့နှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုပ်သာပြုလုပ်

စိုးထိုက်အောင်၊ အန်ထော်နီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့မှာ ကျရောက်တဲ့ ပရဲ့ နှစ်သစ်ကူးပွဲတော်ကို ပရဲ့လူမျိုးစုတွေ အများစုနေထိုင်တဲ့ ကေကော ကျေးရွာအုပ်စု လိုဒေးကျေးရွာမှာ...

ဇန်နဝါရီလ တတိယအပတ် ကယားဘာသာ ရေဒီယို

https://soundcloud.com/kantarawaddy-times/vr7yoimbilcm ကယားရေဒီယို အစီအစဉ်အပတ်စဉ် တင်ဆက်နေကျတိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယား) (စနေနေ့ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ 'ကျပ်သန်းပေါင်းတစ်ထောင်ကျော် ကုန်ကျပြီး တည်ဆောက်ထားတဲ့ ဒီးမော့ဆိုမြို့နယ်ခန်းမကို...

ကယားကနေ ကရင်နီပြန်ပြောင်းရင် စည်းလုံးညီညွှတ်မှုတွေပိုမိုရှိလာနိုင်မှာလား

ခွန်းကလိုင်းဖရီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့ဟာဆိုရင် ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် အမည်နာမပြောင်း လဲလိုက်တာ ၆၉ နှစ်ရှိသွားပြီဖြစ်ပါတယ်။

မပြီးဆုံးသေးတဲ့ ကိုဗစ်နဲ့ အကြမ်းဖက်ခံ အမျိုးသမီးတွေရဲ့ ဘဝ

https://youtu.be/Xc1v1DfpDIU စိုးထိုက်အောင် ၂၀၂၀ မတ်လလောက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဟာဆိုရင် ယနေ့အချိန်ထိ မပြီးဆုံးသွားသေးပါဘူး။ အခုလို ကိုဗစ်ကာလကြာရှည်လာတာနဲ့ အမျှ အကြမ်းဖက်ခံနေရတဲ့အမျိုးသမီးတွေဟာလဲ တစ်နေ့တစ်ခြား ပိုပြီးကြုံတွေ့လာရတယ်လို့...

Comments

comments