spot_imgspot_imgspot_imgspot_img
Friday, October 25, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ရဲ့အရေးပေါ်ရန်ပုံငွေ ကျပ်သန်း၁၀၀၀ ကို လက်ရှိအချိန်ထိသုံးစွဲမှုမရှိသေး

Author

Date

Category


စိုးထိုက်အောင်

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်မှာစတင်ပြီးတော့ ပြည်ထောင်စုမှ ရရှိတဲ့ အရေးပေါ်ရန်ပုံငွေကျပ်သန်း၁၀၀၀ကို အထိချိန်ထိအသုံးပြုခြင်းမရှိသေးဘူးလို့ကယားပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောပါတယ်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးမော်မော်

“ ကယားပြည်နယ်အတွက်ကတော့ ဒီ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်ကစတင်ပြီးတော့မှ ပြည်ထောင်ရဲ့အရေးပေါ်ရန်ပုံငွေကျပ်သန်း၁၀၀၀၀ ရထားပါတယ်။ အဲ့တော့ ပြည်ထောင်စုကထောက်ပံ့တဲ့အရေးပေါ်ကျပ်သန်း ၁၀၀၀က အခုထက်ထိ သုံးစွဲရခြင်းမရှိသေးပါဘူး။” လို့၂၀၂၀၊ စက်တင်ဘာလ၂ရက်နေ့မှကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) မှာဖြေကြားသွားခဲ့ပါတယ်။

လက်ရှိအစိုးရသက်တမ်းမှာအရေးပေါ်ရန်ပုံငွေ နှစ်စဉ်ဘယ်လောက်ရရှိပြီး ဘယ်နေရာတွေမှာအသုံးပြုနေကြောင်းကို ပြည်သူတွေကို ပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ဖို့နဲ့ အရေးပေါ်ကိစ္စတွေမှာ အသုံးပြုထားမယ်ဆိုရင်လည်း ခေါင်းစဉ်အသေးစိတ်ကိုချပြပေးဖို အတွက် ပြည်သူ့ကိုယ်စား ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က မေးမြန်းခဲ့တာဖြစ်ပါတယ်။

ပြည်နယ်အစိုးရ အနေနဲ့ Covid ကာလအတွင်းမှာ ရောဂါကာကွယ်ထိန်းချုပ်ရေး နဲ့ ရောဂါကာလအတွင်း ပြန်ဖွင့်ခဲ့တဲ့ စာသင်ကျောင်းတွေမှာ လိုအပ်နေတဲ့ အပိုင်းတွေကို ပြည်နယ်ရဲ့ အရေးပေါ် ရန်ပုံငွေကို မသုံးတဲ့ အတွက် အခုလို မေးမြန်တာဖြစ်တယ်လို့ ဦးသဲရယ်ကပြောပါတယ်။

“အရေးပေါ်ရန်ပုံငွေလို့ပြောလာရင်တော့ ဖြစ်လာတဲ့အရေးပေါ်ကိစ္စတွေမှန်သမျှတော့ သုံးဖို့လိုတယ်။ အထူးသဖြင့်အခု ဒီ Covid ကိစ္စနဲ့ပတ်သတ်လာလို့ရှိရင်တော့ ပိုပြီးတော့မှ သုံးဖို့လိုတယ်ပေါ့နော်။” ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။
အရေးပေါ်ရန်ပုံငွေကို ၂၀၁၉-၂၀ဘတ်ဂျတ်နှစ်မှာ မှ ပြည်ထောင်စုကနေချပေးတာဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေအရ သုံးစွဲလို့မရသေးဘူးလို့ ကယားပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ဆိုပါတယ်။

“ အရေးပေါ်ရန်ပုံငွေကျခံသုံးစွဲခြင်းကို ပြည်ထောင်စုဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရရဲ့ဆုံးဖြတ်ချက်အရသာခွင့်ပြုရပါတယ်။ ဒါပေမဲ့လည်း (ဃ)နဲ့(င)အရအရေးပေါ်ရန်ပုံငွေသုံးစွဲတဲ့ကိစ္စရပ်တွေကို ကိစ္စတစ်ရပ်ခြင်း အကျိုးအကြောင်းဖော်ပြချက်တွေနဲ့အနီးကပ်ဆုံးကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစည်းအဝေးကို တင်ပြရမယ်ဆိုပြီးတော့ ကျနော်တို့လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ဒါကြောင့် အထိကျနော်တို့ဒီ အရေးပေါ်ရန်ပုံငွေကျပ်သန်း ၁၀၀၀ ၂၀၁၉-၂၀မှာရထားပေမယ့် သုံးစွဲခြင်းမရှိကြောင်းတင်ပြအပ်ပါတယ်။” လို့ ကယားပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ဆိုပါတယ်။

ပြည်ထောင်စုရဲ့လုပ်ထုံးလုပ်နည်းတွေအရ ဇယား(၄)မှာ ဖော်ပြထားတာက ဒီအရေးပေါ်ရန်ပုံငွေဟာ အသုံးစွဲရင်မဖြစ်တော့တဲ့ အရေးပေါ်ကိစ္စတွေမှာသာ သုံးစွဲဖို့ ဖြစ်ပြီး ရသုံးမှန်းခြေငွေစာရင်းမှာ လျာထားချက်မပါတဲ့ အသုံးစရိတ်တွေ အတွက်ကိုပဲ သုံးစွဲရတာဖြစ်ပါတယ်။ ဒါ့အပြင် ပုဒ်မခွဲ (က)မှာကတော့ ဒီအရေးပေါ် ရန်ပုံငွေကို သုံးစွဲတဲ့နေရာမှာ ပြည်ထောင်စု အစိုးရရဲ့ အဆုံးအဖြတ်ရယူရမယ်လို့ သိရပါတယ်။

“တကယ်လို့ဒီရောဂါကို ထိန်းချုပ်ချင်တယ်ဆိုရင်တော့ ဒီအရေးပေါ်ရန်ပုံငွေ သန်း ၁၀၀၀ထက် ပိုပြီးတော့မှလည်း သုံးသင့်တယ်လို့ကျနော်ယူဆတယ်။ နောက်ပြီးတော့မှ အခုချိန်မှာလဲ ရောဂါလည်း ဒုတိယအကျော့ ပြန်လာတဲ့အခါမှာကလည်းပြည်နယ်အရေးပေါ်ရန်ပုံငွေအနေနဲ့ ဒီရောဂါထိန်းချုပ်ဖို့အတွက်ကိုမဖြစ်မနေသုံးရမယ့်အနေအထားမျိုးဖြစ်ပါတယ်။ ဆိုတော့ အခုဟာက မသုံးသေးဘူးဆိုတဲ့အဖြေကတော့ ကျနော်တစ်ယောက်အနေနဲ့သိပ့်ဘဝင်မကျဘူး။ ဒါဆိုရင် ဒီအရေးပေါ်ရန်ပုံငွေမသုံးသေးတဲ့အပေါ်မှာက ဒါရောဂါဖြစ်ပြီးမှ၊ ဒါလူတွေ သေပြီးမှသုံးမလားဆိုတဲ့သဘောမျိုးလည်းဖြစ်ပါတယ်။ ဒီဟာတွေက မဖြစ်မနေသုံးရမယ့်အခြေအနေမျိုးရောက်လာပြီလို့ ကျနော်ပြောချင်ပါတယ်။” လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ််ဦးသဲရယ်က ပြောပါတယ်။

ပြည်နယ်အရေးလေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်ကတော့ အရေးပေါ်ရန်ပုံငွေကို ပြည်နယ်နဲ့တိုင်းဘတ်ဂျတ်ထဲမှာနှစ်စဉ်ပြည်ထောင်စုကနေပေးထားတာတွေတော့ရှိပေမယ့် လက်ရှိ ၂၀၁၉-၂၀မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်တွေမှာ အသုံးပြုရမယ့် အရေးပေါ်ရန်ပုံငွေ မဟုတ်ပဲနဲ့ အရေးပေါ်စီမံခန့်ခွဲမှု ပုံစံလိုမျိုး နိုင်ငံတကာချေးငွေတွေယူပြီးတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို အချိုးကျပံ့ပိုးပေးတာတွေရှိတယ်လို့ဆိုပါတယ်။

အရေးပေါ်စီမံခန့်ခွဲမှု ပုံစံလိုမျိုး ပြည်ထောင်စုကနေရရှိတဲ့ နိုင်ငံတကာချေးငွေနဲ့ အချို့တိုင်းနဲ့ပြည်နယ်တွေမှာ တော့ Covid ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးတွေအတွက်သုံးစွဲနေတာတွေရှိပါတယ်။

spot_img
spot_img

Recent posts