spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ကယားပြည်နယ်”အစား “ကရင်နီပြည်နယ်” ခေါ်ဝေါ်ဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ တိုက်တွန်း

ကန္တာရဝတီတိုင်း(မ်)

မူလအမည်နာမဖြစ်တဲ့ “ကရင်နီပြည်နယ်” ကို “ကယားပြည်နယ်” အမည်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပေမဲ့ အနာဂတ်ဖက်ဒရယ်မိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသွားတဲ့အခါ တိုင်းရင်းသား ရဲ့ တန်းတူရေးကို လေးစားပြသတဲ့အနေနဲ့ “ကရင်နီ “ဆိုတဲ့ အမည်နာမကို သုံးနှုန်းပေးဖို့ တိုက်တွန်းတယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ( KSCC) ဥက္ကဌ ဦးအောင်ဆန်းမြင့်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျနော်တို့ အခု အနာဂတ် ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို သွားတဲ့အချိန်မှာ ကျနော်တို့ ပြည်နယ်ထဲမှာ ကျနော်တို့ အားလုံး ပါဝင်ရေးနဲ့ နိုင်ငံပါတီ စုပေါင်းခေါင်းဆောင်ရေးစနစ်ကို သွားတဲ့အခါမှာ သွေးစည်း ညီညွတ်ရေးကို ပြသတဲ့ အနေနဲ့ ကျနော်တို့က ကရင်နီပြည်ဆိုတဲ့ ကျနော်တို့ရဲ့ မူလအမည်ကို ကျနော်တို့ ပြန်ပြီးမှ တည်ဆောက်မှာ ဖြစ်တယ်။ အဲ့ဒါကြောင့်မို့ ဒီနေ့ဒီချိန် နိုင်ငံရေးအရလည်း ကျနော်တို့ ကလည်း အရေးကြီးတယ်။ ဆိုတော့ ဒါကြောင့် မလို့ တချို့ မီဒီယာတွေ စာနယ်ဇင်းတွေ က ကျနော်တို့ကိုပေါ့နော် စစ်ကောင်စီကနေမှ မတရားပြောင်းတဲ့ အစိုးရတွေ သာမန်အစိုးရက မတရားပြောင်းလဲလိုက်တဲ့ အမည်နာမကိုပဲ ဆက်ပြီးမှ ခေါ်နေမယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့တိုင်းရင်းသား တန်းတူရေး နဲ့ တရားမျှတရေး ပြဌာန်းခွင့်ကို လည်း မလေးစားရာရောက်တယ်ပေါ့။ အဲ့ဒါကြောင့်မလို့ ကျနော်တို့ကတော့ ဒီ ကရင်နီ ဆိုတဲ့ အမည်နာမကို သုံးဖို့ တိုက်တွန်းလိုက်တာပါ” လို့ ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။

“ကယားပြည်နယ်” ဆိုတဲ့ အသုံးနှုန်းဟာ စစ်‌အာဏာရှင်မှ မတရားပြောင်းလဲ ခေါ်ဝေါ်သုံးစွဲတဲ့ အမည်နာမဖြစ်ပြီး လက်မခံသလို သတင်းမီဒီယာ၊ သက်ဆိုင်ရာ အင်အားစုတွေအနေနဲ့ “ကယားပြည်နယ်” ဟူသော အသုံးနှုန်းအစား “ကရင်နီပြည်နယ်” လို့ ပြောင်းလဲ ခေါ်ဝေါ်ပေးဖို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ( KSCC)က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ အသိပေး တိုက်တွန်းထားပါတယ်။

ဒေသတွင်း နေထိုင်ကြတဲ့ ကယား၊ ကယန်း၊ ကယော၊ ယင်းတလဲ ၊ ယင်းဘော်၊ ဂေခို၊ ဂေဘား၊ မနုမနောနဲ့ ဇယိန်း စတဲ့ ကရင်နီမျိုးနွယ်စု အားလုံးကို စုပေါင်းပြီ “ကရင်နီ” ဆိုတဲ့ အသုံးနှုန်းကို ၁၉၅၁ ခုနှစ် မတိုင်မီ က ကျယ်ကျယ်ပြန့်ပြန့် အသိမှတ်ပြု လက်ခံ ထားကြတယ်လို့ သိရပါတယ်။ “ကရင်နီ” ဆိုတဲ့နာမည်ဟာ ကရင်နီအမျိုးသားများအတွက် လွတ်လပ်ခဲ့တဲ့ သမိုင်း အထောက်အထားတစ်ခုနဲ့ အရေးကြီးတဲ့ အမည်နာမ တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဗမာပြည်ကို ဗြိတိသျှအစိုးရ ကိုလိုနီပြုခဲ့တဲ့အချိန်ကာလမှာပင် ကရင်နီပြည်ဟာ သီးခြားလွတ်လပ်ခဲ့တဲ့ ပြည်တစ်ပြည်ဖြစ်ခဲ့ပါတယ်။ ဗမာပြည် လွတ်လပ်ရေးရယူပြီးတဲ့နောက်ပိုင်းမှာ ဖဆပလ အစိုးရက တိုင်းရင်းသားနယ်မြေတွေကို ကျူးကျော်ခဲ့ပြီး ကရင်နီပြည်နယ်ကို ဗမာပြည်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သွပ်သွင်းခဲ့ပြီးနောက် ၁၉၅၁ခုနှစ်မှာ “ကရင်နီပြည်နယ်” အမည်နာမ ကို “ကယားပြည်နယ်” အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တာဖြစ်ပါတယ်။

spot_img
spot_img