spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားလူမျိုးတွေ ပြုလုပ်တဲ့ “လာလီခူ” ကယားရိုးရာ ဆုတောင်းပူဇော်ပွဲ


ထွေးရယ် / ကန္တာရဝတီတိုင်း(မ်)


ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့ ရိုးရာ ဆုတောင်းပူဇော်ပွဲ ကို နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးရာသီ ဇွန်လ ပိုင်းလောက်မှာ ပြုလုပ်လေ့ရှိပြီး ကရင်နီပြည် ဒီးမော့ဆိုအရှေ့ခြမ်းက ကျေးရွာတစ်ရွာမှာ ယမန်နေ့က (ဇွန်လ ၇ရက်) ပြုလုပ်ခဲ့ကြပါတယ်။

ကျေးရွာအနီးက တောင်ထိပ်တစ်နေရာမှာ သွားရောက်ပြုလုပ်ကြတာဖြစ်ပြီး သွားရောက်တဲ့အခါမှာ လူဦးရေ မ ကဏန်းပဲ သွားရတယ်လို့ သိရပါတယ်။

“ တစ်နှစ်တစ်ခါ ကြက်ဖြူ နဲ့ ပူဇော်တယ်။ ကျနော်တို့ ကြက်ရိုးထိုး တာက ကျနော်တို့ကျေးရွာအတွက် ရည်ရွယ်တယ်။ နေထိုင်လုပ်ကိုင်စားသောက် တာတွေ အဆင်ပြေဖို့ တောင်းဆိုတယ်ပေါ့။ ရပ်ရွာသာယာအေးချမ်းဖို့ အတွက် ရည်ရွယ်ပြီးတော့ လာရောက် ပူဇော်ပြီး ဆုတောင်းတာပေါ့။ အဲ့လို ဆောင်ရွက်ဖို့အတွက် မိဘဘိုးဘွားတွေက ပြောဆိုထားတာရှိတဲ့အတွက် ဆက်လက်ဆောင်ရွက်နေကြတာဖြစ်တယ်။ တစ်နှစ်တစ်ခါ ကျနော်တို့ ပြုလုပ်တယ် လာလီခူ လို့ခေါ်တယ် ကြက်ဖြူကို အသုံးပြုပြီးတော့ ပူဇော်ကြတယ်။” လို့ ပူဇော်ပွဲမှာ ပါဝင်တဲ့ ရပ်မိရပ်ဖ တစ်ဦးဖြစ်တဲ့ ဦးဘိုးရယ်က ပြောပြပါတယ်။

ရိုးရာပြုလုပ်တဲ့ နေရာမှာဆိုရင်လည်း ကယားရိုးရာ ကေ့ထျိုးဘိုးကို ကိုးကွယ်တဲ့ သူတွေသာ လာရောက်လို့ရတယ်လို့ သိရပါတယ်။ ပူဇော်ပွဲ ပြုလုပ်ရမှာ ကြက်ဖြူ ကိုသာ အသုံးပြုပြီး ကြက်ရိုးထိုး ရတာဖြစ်ပါတယ်။

“ အခု ကျနော်တို့ ကြက်ရိုးထိုးတာက အောင်တယ်ပေါ့။ နှစ်ခုအောင်တယ်။ ကြက်ရိုးထိုး တာ အောင်တယ်ဆိုတော့ လုပ်ကိုင်စားသောက်ရတာ အဆင်ပြေမယ် အခြေအနေကောင်းမယ်ပေါ့။” လို့ ရပ်မိရပ်ဖ တစ်ဦးဖြစ်တဲ့ ဦးငါးရယ်က ပြောပါတယ်။

မိဘဘိုးဘွားလက်ထက်က လက်ဆင့်ကမ်းလာတဲ့ ရိုးရာဖြစ်တဲ့အတွက် ယနေ့အချိန်ထိ ထိန်းသိမ်းထားနေကြတာဖြစ်ပါတယ်။ တောတောင် စောင့်နတ်တွေကို ပူဇော်ပဿပြီး ရာသီဥတုကောင်းမွန်ဖို့၊ သီးနှံဖြစ်ထွန်းဖို့၊ ကျေးရွာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဆုတောင်း ကြတာဖြစ်ပါတယ်။

spot_img
spot_img