spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားဒေးကွင်းအနီးမှာ စေတီဘာကြောင့်တည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

 

ပြည်နယ်အစိုးရဦးဆောင်ပြီး ကယားပြည်နယ်နေ့ပွဲတော်ကျင်းပသည့် ပွဲတော်ကွင်းအနီးတွင် တည်ဆောက်မည့် စေတီအပေါ် လူမှုကွန်ယက်ရှိ ကယား(ကရင်နီ) လူမှုအသိုင်းအဝန်းများက ကန့်ကွက်ဆွေးနွေးလျက်ရှိသည်ကို တွေ့မြင်နေရသည်။

ထို့အပြင် အများပိုင်မြေနေရာ၌ အသုံးပြုခြင်းကိုလည်း လက်မခံနိုင်ဟု  ဒေသခံလူငယ်အများစုက ဝေဖန်နေကြသည်။

၎င်းဝေဖန်လျက်ရှိသူလူငယ်များထဲမှ ကရင်နီပြည်  တောင်သူလယ်သမား သမ္မဂမှ ကိုအန်ထော်နီတူရယ်က “ဖြစ်နိုင်ရင်တော့ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောယှတ်ပြီးတော့ ပဋိပက္ခကို ဖြစ်စေမယ့် အလုပ်ကို ဘယ်တော့မှ မလုပ်ပါနဲ့လို့တော့ ပြောချင်တယ်။”ဟု ပြောသည်။

လက်ရှိတည်နေရာအား  ပြည်နယ်၏ ပြည်နယ်လူထုနေရာ public area သာ ဖြစ်စေလိုကြောင်းနှင့် ပြည်နယ်၏ အထင်ကရနေရာဟူသည် ဘာသာရေး တစ်ခုခု၏ လက္ခဏာ ကိုသာ အထူးဖော်ပြရာ မဟုတ်ကြောင်း   ကယားတေးသံရှင်အဆိုတော် ကိုလော်ကီးက သုံးသပ်ပြောကြားသည်။

သို့ဖြင့်၍ လက်ရှိကိစ္စသည် ပြည်နယ်လူထုအချင်းချင်းကြား သဘောထားလွဲစေရန်လမ်းကြောင်းဘက်သို့်သာ၍ ဦးတည်စေနိုင်သဖြင့် ဌာနေပြည်နယ်လူထုအသီးသီး၏ ယဉ်ကျေးမှုဆိုင်ရာ ရိုးရာအထိမ်းအမှတ်ကို ဦးတည်ဖော်ပြရာနေရာသာ ဖြစ်သင့်ကြောင်း ၎င်းက ပြောသည်။

ကန္ဒရဝတီဗုဒ္ဓ ဥယာဉ်တော်တည်ဆောက်နေမှုကို ဧပြီလ ၂၈ ရက်နေ့က မြင်တွေ့ရစဉ် (ဓါတ်ပုံ/စိုင်းလင်းလင်းဦး)

၎င်းကိစ္စရပ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တည်ဆောက်ရေး ကော်မတီအတွင်းတွင်ပါရှိသည့် ကယားပြည်နယ်ဒုတိယလွှတ်တော်ဥက္ကဌ ဦးတင်မြင့်က ကန္ဒရဝတီဗုဒ္ဓ ဥယာဉ်တော်ကို တည်ဆောက်ခြင်းသာဖြစ်ကြောင်း ပြောသည်။

“အရင်တုန်းက ကျင်းပနေတဲ့ ဘုရားကြီးနေရာက ကျဉ်းသွားပြီ အဲ့ဟာက ကျနော်တို့ မီးပုံပျံပြိုင်ပွဲတွေ၊ ထင်းရှုးတိုင်ပြိုင်ပွဲတွေ ပါမယ်ပေါ့နော်။ တောင်ကြီးပုံစံမျိုး လုပ်မယ်ဆိုတော့ သူတို့က ဒီအတိုင်းပဲ သွားလို့မရဘူးလေ။ ကယားဒေကွင်းကတော့ ကျနော်တို့နဲ့ မဆိုင်ဘူး။ ဒီဖက်ကွင်းက အမှန်တော့ ရဲလုံခြုံရေးနေရာကို တောင်းပြီးလုပ်လိုက်တာ။”ဟု ဦးတင်မြင့်က ပြောကြားသည်။

အဆိုပါ မြေနေရာ၌ တည်ဆောက်ရေးအတွက် မြေနေရာများ စတင်ပြုပြင်ဆောင်ရွက်နေသည့် ဧပြီလစတုတ္ထအပတ်မှ စ၍ ယင်းသို့တည်ဆောက်နေမှုအပေါ် ဝေဖန်သံများမြှင့်တတ်နေစဉ် ဦးတင်မြင့်က ဧပြီ ၂၈ ရက်နေ့တွင် တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယင်းနေရာ၌ တည်ဆောက်မည့် မြေနေရာရွေးချယ်လိုက်ခြင်းနှင့် ပတ်သက်၍  အရပ်ဖက်အဖွဲ့အစည်းနှင့် လူမှုအသိုင်းအဝန်းအကြားတွင်  တည်ဆောက်ရန်မသင့်ကြောင်းနှင့် တည်ဆောက်ပါကလည်း အခြားဘာသာရေးအဆောက်အဦးများ ပါဝင်စေလျှက်တည်ဆောက်ပေးသင့်ကြောင်း ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေလျှက်ရှိသည်။

(တာဝန်ရှိသူများမှ ထုတ်ပြန်ထားသော ကန္ဒရဝတီဗုဒ္ဓ ဥယာဉ်တော်ပုံစံအကြမ်း)

အဆိုပါမြေနေရာမှာ အများထင်မှတ်ထားသကဲ့သို့ ကယားပြည်နယ်နေ့အခမ်းအနားကျင်းပသည့် မြေနေရာမဟုတ်ကြောင်း၊ သာသနာနယ်မြေလည်း မဟုတ်ကြောင်းနှင့် ရဲတပ်ဖွဲ့ပိုင်မြေနေရာကို တောင်းခံပြီးမှသာ တည်ဆောက်ခြင်းဖြစ်ကြောင်း ဒုလွှတ်တော်ဥက္ကဌမှ ဖြေရှင်းထားသည်။

ယင်းဥယာဉ်တော်တည်ထားကိုးကွယ်ရေး ဦးစီးကော်မတီတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များပါဝင်လျှက်ရှိနေပြီး တည်ဆောက်ရေးနှင့်ပတ်သက်၍ တသီးပုဂ္ဂလအလှူရှင်များမှ စုပေါင်းလှူဒါန်းထားသော ငွေများဖြင့်သာ အသုံးပြုသည်ဟု ဦးတင်မြင့် ပြောသည်။

 

spot_img
spot_img

Recent posts