spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ရင်းနှီးမြုပ်နှံမှုဖိုရမ်ကို မေလတွင် ပြုလုပ်မည်

Author

Date

Category

ထျိုးမြာ

နှစ်ရှည်နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မြှင့်တင်ရေးစီမံကိန်း၏ ကဏ္ဍတစ်ခုဖြစ်သော ရင်းနှီးမြုပ်နှံမှု ဖိုရမ်တစ်ရပ်ကို ယခုနှစ် မေလအတွင်း ကယားပြည်နယ်အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဖိုရမ်တွင် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဖော်ထုတ်ပြီး ရင်းနှီးမြှပ်လိုသူများနှင့် မိတ်ဆက်ပေးနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

“ရင်းနှီးမြှပ်နှံမယ့် ပုဂ္ဂိုလ်လိုချင်တဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို ပေးဖို့ ကျွန်တော်တို့ ပြင်ဆင်ဖို့လုပ်နေပါတယ်။ ကျွန်တော်တို့ ကယားပြည်နယ်မှာ ရင်နှီးမြှပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေလည်း အများကြီးရှိပါတယ်။ ဖိုရမ်ကနေ ပြီးတော့ အချောထုတ်ပြီးတော့ ရင်းနှီးမြုပ်နှံတဲ့သူတွေနဲ့ ချိတ်ဆက်မယ့်ပွဲ ဖြစ်ပါတယ်။”ဟု ကယားပြည်နယ် ရင်းနှီးမြှပ်နှံမှုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်လျမ်စွမ်းက ပြောသည်။

ဖိုရမ်တွင် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာကဏ္ဍ၊ သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ နှင့် စက်မှုကဏ္ဍများကို အဓိကထားဆွေးနွေးသွားမည်ဟု မတ်လ ၁၃ ရက်နေ့တွင်ပြုလုပ်သည့် ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

spot_img
spot_img
spot_img

Recent posts