spot_imgspot_imgspot_imgspot_img
Monday, April 28, 2025
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ကားစာရင်းကောက်ယူ၊ ဇွန်လ ဒုတိယအပတ်မှစ၍ အရေးယူမှုစတင်မည်

Author

Date

Category

၂၀၁၆ ခုနှစ်က ဒီးမော့ဆိုမြို့နယ်တွင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း အသိပညာပေးခြင်းအစီအစဉ်မြင်ကွင်းတစ်ခု (ဓါတ်ပုံ-မူအက်စတာ/ကန္တာရဝတီတိုင်း(မ်)

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်းရှိ မြို့များတွင် လိုင်စင်မဲ့ မော်တော်ယာဉ် အရေအတွက် စာရင်းကောက်ယူရန် အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားပြီး ဇွန်လ ၆ ရက်နေ့မှ စတင်၍ မြို့၏  ပြင်ပမှ ဝင်ရောက်လာမည့် လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူတော့မည်ဖြစ်သည်။

ကယားပြည်နယ်အတွင်း လိုင်စင်မဲ့ကားများ အသုံးပြုမှုအား ၂၀၁၈ ခုနှစ် ယနေ့ မေလ ၃ဝ ရက်နေ့ ဇွန်လ ၅ ရက်နေ့အထိ  ပညာပေးကာလ တစ်ပတ်ကြာပြုလုပ်ပြီးပါက ဖမ်းဆီးအရေးယူမှုကို စတင်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မေလ ၂၉ ရက်နေ့က ပြည်နယ်အစိုးရရုံး၌ ပြုလုပ်ခဲ့သော ကယားပြည်နယ်၊ တရားဥပဒေစို်းမိုးရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အဆိုပါကိစ္စကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြို့အတွင်းရှိ လိုင်စင်မဲ့ကား အရေအတွက် စာရင်းကောက်ယူရန် အုပ်ချုပ်ရေးမှူးများအား အစိုးရအဖွဲ့က ညွှန်ကြားထားသည်ဟု အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ကယားပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)၏ ညွှန်ကြားရေးမှူး ဒေါ်နန်းစိုးစိုးဟတ်က ကန္တာရဝတီတိုင်း(မ်)သို့ ယနေ့ မေလ ၃ဝ ရက်နေ့က ပြောကြားသည်။

“ထပ်ဝင်လာမယ့် လိုင်စင်မဲ့ယာဉ်တွေ အရေးယူမယ်၊ မြို့ထဲမှာရှိတဲ့ လိုင်စင်မဲ့ယာဉ်တွေကတော့ ဘာမှ လောလောဆယ်တော့ မလုပ်သေးပါဘူး။ ဒါပေမဲ့ ရပ်ကွက်တွေကို စာရင်းကောက်ထားခိုင်းတယ်။”ဟု ဒေါ်နန်းစိုးစိုးဟက်က ပြောသည်။

စာရင်ကောက်ယူပြီးပါ ကယားပြည်နယ်အတွင်း လက်ရှိအသုံးပြုနေသည့် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် ပတ်သက်၍ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်သွားမည်ကိုမူ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

အစိုးရ၏ လိုင်စင်မဲ့ကားဖမ်းဆီးမည့် ဆုံးဖြတ်ချက်အပေါ် ဒေသခံအချို့ စိုးရိမ်မှုများ ရှိနေပြီး ပြည်နယ်အတွင်း လက်ဝယ်ထားရှိသူများအတွက် ဆက်လက်အသုံပြုရရေး အခက်အခဲဖြစ်လာနိုင်ကြောင်း အမည်မဖေါ်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“အများက လိုင်စင်မဲ့ကားတွေလောက်ပဲ စီးနိုင်တဲ့သူက ပိုများတယ်။ လိုင်စင်ကားမှ စီးရမယ်ဆို ဒီတစ်သက် စီးရမှာ မဟုတ်တော့ဘူး။ ပြည်နယ်အတွင်း စီးလို့ရတဲ့ လိုင်စင်လေး လုပ်ပေးနိုင်ရင်ကောင်းမယ်။”ဟု လိုင်စင်မဲ့ကားကို အသုံးပြုနေသူ ဒီးမော့ဆိုနေသူက ပြောသည်။

၂၀၁ရ ဇန်နဝါရီလ၏ စာရင်းအရ ကုန်းလမ်းပို့ဆောင်ညွှန်ကြားမှုဦးစီးဌာန(ကယားပြည်နယ်)ထံ မှတ်ပုံတင်ထားသော ယာဉ်အမျိုးအစားအားလုံး ရ သောင်းခွဲကျော်ရှိသည်။

သို့သော် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက်  လိုင်စင်မဲ့ကား စီးနင်အသုံးပြုခွင့်ကို ယခင်အစိုလက်ထက်ကတည်းက ခွင့်ပြုထားသည်။

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ အဆိုပါ အစည်းအဝေးတွင် မူးယစ်ဆေးဝါးကဏ္ဍ၊ တရားမဝင် နိုင်ငံခြားသားဝင်ထွက်သွားလာမှု၊ ချိန်းစောအသုံးပြု၍ တရားမဝင် သစ်လုပ်ငန်းဆောင်ရွက်နေမှု၊   တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်နေမှုတို့ကို ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

 

spot_img
spot_img
spot_img

Recent posts