spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့်တွေ့ဆုံခြင်း

Author

Date

Category

 

မေး။ ။ ဝန်ကြီးချူပ် အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံကို လာတက်ရခြင်း အားဖြင့် ကယားပြည်နယ်အတွက် ဘာတွေမျှော်လင့်ချက်တွေရှိလာနိုင်မယ်လို့ ထင်လဲ။
ဖြေ။ ။ ကျနော့်ရဲ့မျှော်လင့်ချက်ပဲ ကျနော်ပြောရမယ်ဆိုရင်တော့ ကျနော်ကတော့ ငြိမ်းချမ်းရေးမရခဲ့လို့ ကျနော်တို့ပြည်နယ်က နောက်ကျခဲ့တာလေ။ ငြိမ်းချမ်းရေးရအောင်ဖော်ရမယ့်အခွင့်အလမ်းတစ်ခုကို ကျနော်တို့ရနေပြီ။ ပင်လုံစာချူပ် ပင်လုံကျောက်စာ ကျနော်တို့လွတ်လွတ်လပ်လပ်ရခဲ့ပြီ။ ၂၁ ရာစုပင်လုံကြောင့်လည်း ဒါကျနော်တို့ငြိမ်းချမ်းရေးကို၊ ကျနော်တို့ ပထမခြေလမ်းကိုစနိုင်ပြီ ဒီလိုအခွင့်အရေးကို ယုံယုံကြည်ကြည်နဲ့ ကျနော်တို့ရယူစေချင်ပါတယ်။ ကျနော်တို့ပြည်နယ်ရဲ့ကိုယ်စားပေါ့။ ကျနော်ကတော့ ဒီလိုမျိူးပဲခံယူထားတယ်။ ပြည်နယ်ကလူတွေလည်း အဲ့လိုမျိူးပဲခံယူမယ်လို့ကျနော်ယုံကြည်တယ်။

မေး။ ။ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်ပေါ့နော လုပ်ပိုင်ခွင့်တွေ၊ အာဏာခွဲဝေမှုတွေပိုင်းမှာရော၊ အခုတိုင်းရင်းသားအဖွဲ့တွေတောင်းဆိုနေတဲ့ ဖက်ဒရယ်ပေါ့နော။ ဒါဆိုရင် အခုလက်ရှိဝန်ကြီးချုပ်တို့ လုပ်နေတဲ့လုပ်ငန်းစဉ်အပေါ်မှာကော အခြေအနေဘယ်လိုရှိလဲ။ ပြီးတော့ ကိုယ့်ပြည်နယ်အတွက် ဖွံ့ဖြိုးမှုလုပ်ငန်းမှာ ဝန်ကြီးချုပ်အနေနဲ့ လုပ်ချင်တာတွေအကုန်လုံး လုပ်ခွင့်ရလားပေါ့။ အဲ့ဒါတွေလည်းသိချင်ပါတယ်ရှင့်။
ဖြေ။ ။ ဒါကျနော်တို့ ပထမခြေလှမ်း,လှမ်းလာပြီလေ။ ဒါကျနော်တို့ကို အခုပြည်နယ်အတွင်းမှာဆိုရင် ကျနော့်ကို ဝန်ကြီးချုပ်တာဝန်ပေးလိုက်တာပေါ့။ ကျနော်တို့ဖက်ဒရယ်ကို ပထမခြေလှမ်းအနေနဲ့ စနိုင်ပြီ။ တဖြည်းဖြည်းတော့ ကျနော်တို့ အာဏာခွဲဝေမှုတွေဟာ ဖက်ဒရယ်ဆိုတဲ့ပြည်ထောင်စုကြီးကို ပထမခြေလှမ်း ဒုတိယခြေလှမ်းအနေနဲ့ ကျနော်တို့လျှောက်လှမ်းနေနိုင်ပြီလို့ ကျနော်ယုံကြည်ပါတယ်။

မေး။ ။ အခုဝန်ကြီးချုပ်တို့ ဆောင်ရွက်နေတဲ့ စီမံခန့်ခွဲနေတဲ့ ပြည်နယ်အခန်းကဏ္ဍမှာပေါ့နော ဘာအခက်အခဲတွေ ဘာစိန်ခေါ်မှုတွေရှိလဲ။
ဖြေ။ ။ စိန်ခေါ်မှုဆိုလို့ကတော့ ကြီးကြီးမားမားကတော့ ဒါကျနော်တို့တိုင်းရင်းသားတွေအားလုံး ယုံယုံကြည်ကြည်နဲ့ ဒီတွေးခေါ်မှုအလေ့အထ( mind-set)တွေကိုပေါ့နော။ ကောင်းမွန်တဲ့ဘက်ကို ရောက်ဖို့ကတော့ အဓိကကျတယ်ပေါ့နော။ ကျနော်ကတော့ ဒီလိုပဲယုံကြည်ထားတယ်။

မေး။ ။ အခုဒီကယားပြည်နယ်မှာလည်း တိုင်းရင်းသားတွေပြောနေကြတဲ့ တပ်သိမ်းမြေကိစ္စရှိမယ်ပေါ့နော။ ပြီးတော့ အကြီးစားရေအားလျှပ်စစ်စီမံကိန်းတွေရှိပေါ့နော့။ ဒီဟာတွေကို အခြေခံပြီးတော့မှလည်း စစ်ရေးလုပ်ရှားလုပ်ရှားမှုစိုးရိမ်စရာတွေဖြစ်လာတယ်လို့ တစ်ချို့တွေက မြင်တယ်ပေါ့နော။ အဲ့ဒီအပေါ်မှာရော ဝန်ကြီးချူပ်အနေနဲ့ ဘယ်လိုမျိူးသုံးသပ်ပြချင်လဲ။
ဖြေ။ ။ ကျနော်ကိုယ်တိုင်လည်း ဒါတောင်သူလယ်သမားတွေရဲ့အရေးကို ကျနော်ကြည့်ပါတယ်။ ကျနော်တို့လည်း လယ်ယာမြေဗဟိုခွဲကော်မတီတွေ ဗဟိုအဆင့်မှာလည်း ဖွဲ့တယ်။ ကျနော်ကိုယ်တိုင်ကလည်း ပါဝင်နေပါတယ်။ ကျနော့်ရဲ့အမြင်ဆိုရင် ဒါကျနော်တို့ ပြည်ထောင်စုအဆင့်မှာလည်း မြေယာကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြေလျှော့မှုတွေ လုပ်ပေးနေတယ်။ ကျနော်ကိုယ်တိုင်ကလည်း ပြည်နယ်ရဲ့လိုအပ်ချက်တွေကို တင်ပြပေးနေတယ်။ နိုင်ငံတော်အဆင့်အနေနဲ့ကလည်း ပြန်ပေးသင့်တဲ့ဟာတွေကို ပြန်ပေးနိုင်ဖို့အတွက်မူတွေချနေတယ်။ အဲ့ဒီချနေတဲ့အပေါ်မှာလည်း တစ်ချို့လည်း တော်တော်များများပြန်ပေးပြီးပါပြီ။ ကျန်ကောင်းလည်းကျန်နိုင်ပါသေးတယ်။ ဒါကိုတော့ ကျနော်တို့ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရမယ်လို့တော့ ယုံကြည်ပါတယ်။ ညှိနှိုင်းဆောင်ရွက်ပြီးပြန်လုပ်ပေးမယ်ဆိုရင်တော့ အောင်မြင်လာမှာပါ။

မေး။ ။ ဒီအကြီးစားရေအားလျှပ်စစ်စီမံကိန်း ကိစ္စမှာကော ဝန်ကြီးချုပ်အနေနဲ့ ဘာတွေကြားထားလဲ။ ပြီးတော့ ပြည်နယ်အစိုးရအနေနဲ့ရော ဘာတွေလုပ်ဖို့ရှိလဲ။ ပြည်ထောင်စုအစိုးရကော ဘာတွေညွန်ကြားထားလဲ။ တစ်ခုခုရှိလားပေါ့။
ဖြေ။ ။ ရေအားလျှပ်စစ်ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့လောပိတမှာရှိတဲ့ နံပတ် 1,2,3 ဒါကတော့ ဆောင်ရွက်ထားပြီးထားပေါ့နော။ ဆက်လက်ပြီးတော့မှ ဖော်ထုတ်ပေးမယ့် ရေအားလျှပ်စစ်အကြီးစားအနေနဲ့ ကျနော့်အနေနဲ့ကတော့ တရားဝင်မရှိသေးဘူး။ အစီအစဉ်ကောင်းလေးတွေ ပုဂ္ဂလိက အခန်းကဏ္ဍတွေမှာရှိကောင်းရှိနိုင်တယ်။ သို့ပေသော်လည်း ဒါကျနော်တို့အစိုးရအဖွဲ့အပေါ်ကို တရားဝင်တင်ပြဆွေးနွေးထားခြင်းလည်း မရှိသေးပါဘူး။ ရှိလာခဲ့ရင်လည်း ဒါကျနော်တို့ပြည်နယ်အတွက် အကျိူးရှိမယ်ဆိုရင် ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ကျနော်ကဖော်ဆောင်ပေးနိုင်ဖို့အတွက် ကျနော်ကြိုးပမ်းသွားမှာပါ။

မေး။ ။ နောက်တစ်ခုက ဒီမော်ချီးခဲသတ္တနဲ့ပတ်သက်ပြီးတော့ မြန်မာမှာအကြီးဆုံးပေါ့နော့ အဲ့ဒီမှာ ခဲကြောင့်ပေါ့နော ဒေသခံတွေအများစုကတော့ အကျိူးခံစားခွင့်မရှိကြဘူးပေါ့။ တိုင်းရင်းသားအဖွဲ့တွေကလည်း အဲ့ဒီမှာလှုပ်ရှားမှုတွေရှိတယ်ပေါ့။ အဲ့ဒါဆိုတော့ အာဏာခွဲဝေမှုပိုင်းမှာရော၊ သယံဇာတခွဲဝေမှုပိုင်းမှာရော ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုမျိုးဖြစ်စေချင်လဲ။ ဘယ်လိုမျိုးဆက်လုပ်စေချင်လဲပေါ့နော။
ဖြေ။ ။ ကျနော့်အနေနဲ့ဖြစ်စေချင်တာကတော့ ကျနော်တို့သယံဇာတတွေဆိုတာ ကျနော်တို့သုံးစွဲရင်ကုန်သွားမှာလေး။ သုံးစွဲရင်ကုန်သွားမှာ ဆိုတော့ လူသားအရင်းအမြစ်သယံဇာတတွေ များများရရှိလာဖို့ ဆိုတဲ့ဖက်ကလည်း ကျနော်က တိုင်ပင်စေချင်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့အပေါ်မှာတော့ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်မယ့်ဟာလေးတွေလည်း ရှိပါသေးတယ်။ ဒါကျနော်တို့လုပ်နေတဲ့အခြေအနေလေးတွေပါ။

spot_img
spot_img

Recent posts