spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်နှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု အခြေအနေ

Author

Date

Category

မူအက်စတာ

အောက်တိုဘာလအတွင်းမှာပင် ကယားပြည်နယ်၏ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်လိုက် ပြီဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည့်သူများ ဝင်ရောက်လာ တော့မည်ဖြစ်သည်။

နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးအတွက် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း အစိုးရဘက်က ရင်းနှီးမြှုပ်နှံသူများကို အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်တစ်ရပ်ကို ပေးထားပါသည်။

ကယားပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုသည် ဇုန်(၂)တွင် ချဉ်းကပ်နေပြီဖြစ်ကြောင်း ဇုန်(၁)သည် ဖွံ့ဖြိုးမှုနည်းပါးသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ိကို ခေါ်သော်လည်း ကယားပြည်နယ်သည် အရမ်းကို ဖွံ့ဖြိုးမှုနည်းနေသည့် အခြေအနေတွင် ရှိ
မနေတော့ပဲ တဖြည်းဖြည်းနှင့် တိုးတက်နေပြီဖြစ်သည်ဟု လွိုင်ကော်မြို့ လင်းလက်ရွှေတောင်ပံ ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဘန်ဒီက ပြောသည်။

ဖွံ့ဖြိုးမှု နည်းပါးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ကို ဇုန်(၁)အဖြစ်လည်းကောင်း၊ လုပ်ငန်းဖွံ့ဖြိုးမှု အသင့်အတင့်ရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ကို ဇုန်(၂)အဖြစ်လည်းကောင်း ၊ ဖွံ့ဖြိုးမှုရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ကို ဇုန်(၃) အဖြစ်လည်းကောင်း ပြည်ထောင်စုအစိုးရက သတ်မှတ်ထားသည်။

ကယားပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံတွင် ရာခိုင်နှုန်းဖြင့် ဖော်ပြရလျှင် ၁%သာ ရှိနေသည်။ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်တို့တွင်လည်း ၁%ခန့်သာ ရှိသည်။ တစ်နိုင်ငံလုံး ဝ%ရရှိသော ပြည်နယ်မှာ ချင်းပြည်နယ်ဖြစ်ကြောင်း တွေ့ရသည်။

ဇုန်(၁)တွင် ပါဝင်သည့် ရင်းနှီးမြှုပ်နှံသူများကို စီးပွားရေးစတင်သည့်နေ့မှ စ၍လုပ်ငန်းလည်ပတ်ချိန် (၇)နှစ်အထိကို အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို ပေးထားကြောင်း ဥပဒေတွင် ပါရှိသည်။

ထို့အပြင် လာရောက်ပြီး ရင်းနှီးမြှုပ်နှံသူများ ၏တာဝန်ဝတ္တရားများကိုလည်း ဥပဒေမူကြမ်း (၁၆)တွင် ဖော်ပြထားပါသည်။

ရင်းနှီးမြှုပ်နှံမှုဟုဆိုရာတွင်လည်း တောင်သူများအနေဖြင့်လည်း မိမိတို့၏ မြေပေါ်တွင် စိုက်ပျိုးသီးနှံများကို ရင်းနှီးမြှုပ်နှံထားရပါသည်။ သို့သော် ဒေသထွက်သီးနှံများသည် နိုင်ငံတကာက အသိအမှတ်ပြုသည့် စားသောက်ကုန်ထောက်ခံချက် မရှိသေးသည့်အတွက် နိုင်ငံတကာဖြင့် ကူးသန်းရောင်းဝယ်မှုအပိုင်းတွင် အားနည်းချက်တခုဖြစ်စေပြန်ပါသည်။

တောင်သူများဘက်မှရင်းနှီးမြှုပ်နှံမှုကို အမြတ်အစွန်းရရှိစေရန် ဒေသခံပညာရှင်များ ၊ တောင်သူအရေး ဆောင်ရွက်နေသည့်အဖွဲ့အစည်းများ ၊ သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများက တာဝန်ယူ ဖြေရှင်းပေးရန် လိုအပ်သည်ဟု ဦးဘန်ဒီက ပြောပါသည်။

“အဲ့ဒီဌာနကနေပြီးတော့ တာဝန်ယူပြီးတော့ တောင်သူတွေဆီကို မျိုးစေ့ဖြန့်ပေးတာတို့၊ သူတို့သီးနှံတွေ ပြန်ဝယ်ပေးတာတို့ကို လုပ်ပေးနိုင်ရင်တော့ သူတို့ရင်းနှီးမြှုပ်နှံမှုကို ဒီထက်ပိုပြီး လုပ်နိုင်လာမယ်ပေါ့နော” ဟု ဦးဘန်ဒီကပြောသည်။

အကြောင်းမှာ အဓိက စိုက်ပျိုးရေးသီးနှံထွက်တစ်ခုတည်းသာ ကယားပြည်နယ်တွင် ထုတ်လုပ်နိုင်သေးသည်။

တခြားသော ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းများလည်း ပြည်နယ်အတွင်းတွင် လည်းပြုလုပ်လာကြပြီဖြစ်သည်။

သို့သော် ဟိုတယ်တည်ဆောက်ရန် မတတ်နိုင်သည့် ဒေသခံများအနေနှင့် ၎င်းတို့ ပိုင်ဆိုင်သော မြေပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့်သာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြသည်။

ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ခြင်းဖြင့်လည်း ပြည်နယ်တိုးတက်အောင် ပြုလုပ်နိုင်ပါသည်။ သို့သော် ပြည်နယ်တွင်း နိုင်ငံခြားသားများက လာရောက်ပြီး ရင်းနှီးမြှုပ်နှံလိုပြီဆိုလျှင် ၎င်းတို့ကို မြေနေရာပေးရမည်။

ထို့သို့ မြေနေရာတောင်းလာပြီဆိုလျှင် ဒေသခံများက ကန့်ကွက်ကြတော့မည်။ ဒေသခံများက ၎င်းတို့ ကန့်ကွက်ရသည့် အကြောင်းပြချက်များလည်း ခိုင်လုံပါသည်။

အဘယ့်ကြောင့်ဆိုသော် လာရောက်ပြီး ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေနှင့်လည်း ဒေသခံများအား ကုမ္ပဏီက အစိုးရခွင့်ပြုချက်ရ ထားပြီဟုဆိုသော်လည်း ပြည်သူများကို ကောင်းကျိုး၊ ဆိုးကျိုးများ ချပြပေးသည့် အဖွဲ့မရှိသေးပေ။

ယခုလက်ရှိ် ဖြစ်ပျက်နေသည့်အကြောင်းရင်းမှာ နန်းမယ်ခုံအုပ်စုတွင်း ဘိလပ်မြေစက်ရုံ လာရောက်တည်ဆောက်မည့်စီမံကိန်းတွင် ဒေသခံများက မည်သည့်ကိစ္စမျှ မကြားသိရဘဲ ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။ ထို့ကြောင့် ကုမ္ပဏီများအနေနှင့် အစိုးရနှင့် စာချုပ်ချုပ်ဆိုစဉ်တည်းက ကတိကဝတ်များနှင့် လုပ်ဆောင်သင့်ကြောင်း ဦးဘန်ဒီက ပြောသည်။

“ဥပမာဒီမှာ ဘိလပ်မြေစက်ရုံ၊ ပြည်နယ်တွင်းကို ပြည်နယ်ပြင်ပက လာလုပ်တယ်၊ ဒါပေမယ့်လူထုတွေက မထောက်ခံဘူးဖြစ်နေတယ်၊ လူထုတွေ ထောက်ခံအောင်ဘာလုပ်မလဲဆိုရင် လေထုသန့်စင်အောင်ဆိုပြီး ဒီဟာတွေကို သူတို့ဟာနဲ့သူတို့ လုပ်တဲ့အဖွဲ့တွေရှိတယ်။ အဲ့လိုဆိုရင် ပြည်နယ်အတွက် အကျိုးရှိနိုင်တာပေါ့လေ။”ဟု ပြောပါသည်။

ကယားပြည်နယ်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် သူများကို ပြည်နယ်အစိုးရအနေဖြင့် ၎င်းတို့ကိုဖိတ်ခေါ်ပြီး အခွင့်အရေးများကိုလည်း ပေးထားရမည်ဖြစ်သည်။

ပြည်နယ်တွင်းတွင် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သည့်နေရာတွင် ပြည်နယ်အနေနှင့် အရေးကြီးဆုံးအချက်မှာ လုံခြုံရေးကောင်းမွန်ရန်နှင့် ၎င်းတို့၏ ကုမ္ပဏီကို အာမခံပေးနိုင်သည့်အခြေအနေနှင့် တာဝန်ယူမှုတာဝန်ခံမှု ရှိရပါမည်။

ယခုချိန်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းလည်း ပွင့်လာပြီဖြစ်၍ ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှု လာရောက်ပြုလုပ်မည့် သူများ ပိုမိုများပြားလာနိုင်ကြောင်း ကယားပြည်နယ် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးဆော်လမွန်က ပြောပါသည်။

နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ခြင်းသည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း မဟုတ်ပဲ ပြည်နယ်အတွက် ပညာရေး ကျန်းမာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက်ပါ အကျိုးရှိမည်ဖြစ်ကြောင်း ဦးဆော်လမွန်က ဆက်ပြောသည်။

ယခုချိန်တွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်လကို သိန်း၄၀ဝဖိုး ကုန်သွယ်နိုင်သည်ဖြစ်ပြီး နောက်ပိုင်းတွင် ယခုထက်ပိုပြီး ကုန်သွယ်အဆင့်မြင့်လာနိုင်ကြောင်း ၎င်းကပြောသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ ခရီးသွားလုပ်ငန်းများကို တိုးချဲ့သည့်နေရာတွင် ခရီးအသွားအလာနည်းသော၊ ဝေးလံခေါင်ဖျားသည့် ဒေသများသို့ ခရီးသွားကဏ္ဍမြင့်တင်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက စီစဉ်ဆောင်ရွက်လျှက်ရှိနေကြောင်းလည်း သိရသည်။

ထိုထဲတွင်မှ ကယားပြည်နယ်သည် နိုင်ငံခြားသားများ စိတ်ဝင်စားမှုအများဆုံးဖြစ်နေသောကြောင့် ကယားပြည်နယ်ကိုလည်း ခရီးသွားလုပ်ငန်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်းတွင် ရင်းနှီးမြှုပ်နှံမှုတစ်ခု ပြုလုပ်ပြီဆိုလျှင် ဒေသခံများနှင့် ဆွေးနွေးတိုင်ပင်ပြီး အသိပညာပေးများ ဖြန့်ဝေပေးရန် လိုအပ်ပါသည်။ အစိုးရနှင့် ကုမ္ပဏီကြား၊ ကုမ္ပဏီနှင့် လူထုကြား သဘောတူထားသည့် စာချုပ်များ ချပြအသိေ
ပးရမည်။ သို့မှသာလျှင် ကယားပြည်နယ်အတွက် အကျိုးရှိစေသည့် ရင်းနှီးမြှုပ်နှံမည့်စီးပွားရေးဈေးကွက်များ ပေါ်ထွက်လာစေမည်ဟု ဦးဘန်ဒီက ပြောပါသည်။

spot_img
spot_img

Recent posts