spot_imgspot_imgspot_imgspot_img
Thursday, July 17, 2025
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လိုသည့် အမျိုးသမီးများပြား

Author

Date

Category

မူအက်စတာ

ကယား(ကရင်နီ) ပြည်နယ်အတွင်း ရဲတပ်သားတာဝန်ထမ်းဆောင်ရန် အမျိုးသားများထက် အမျိုးသမီးများက ပိုမိုစိတ်ဝင်စား လျက်ရှိပြီး လာရောက်လျှောက်ထားသူများပြားခဲ့သည်ဟု ပြည်နယ်ဒု/ရဲအုပ် လင်းသူမောင်က ပြောသည်။

“ ရဲက ဝါသနာနဲ့လည်းဆိုင်တယ်၊ မိန်းကလေးတွေ ပိုများနေတယ်ဆိုတာကတော့ ဒီကယားပြည်နယ်မှာ မိန်းကလေးတွေက ရဲမေလုပ်ဖို့ ပိုပြီးတော့ဝါသနာပါတယ် လို့ ပြောရမှာပေါ့ ” ဟု ဒုရဲအုပ်လင်းသူမောင်က ပြောသည်။

ကယားပြည်နယ်တွင် ရဲတပ်သားပေါင်း (၁၉၀)ဦး စုဆောင်းရန်အတွက် လျှောက်လွှာများခေါ်ယူခဲ့ရာတွင် လာရောက်လျှောက်ထားသူပါင်း (၂၄၀) ဦးရှိခဲ့ပြီး ထိုအထဲတွင်မှ အမျိုးသမီးဦးရေ (၁၆၀) ဦး ပါဝင်လာခဲ့သည်။ပြည်နယ်အတွင်း အလုပ်သမားကဒ် လာရောက်လျှောက်ထားသူများထဲတွင်လည်း ရဲမေအလုပ်အတွက်လျှောက်ထားသူအများဆုံး ဖြစ်ခဲ့သည်ဟု အလုပ်သမားဦးစီးဌာနမှ ဒုဦးစီးမှူးကပြောသည်။

“အများဆုံးလာလျှောက်ထားတာကတော့ ရဲလုပ်မယ့်သူတွေပဲ၊ ရဲမေတွေရောပေါ့။ ရဲတွေကိုသီးသန့်လုပ်ပေးတာ မဟုတ်ပါဘူး၊ အခြားသူတွေလာလုပ်ရင်လည်း လုပ်ပေးပါတယ်” ဟု ၎င်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ဒီးမော့ဆိုမြို့နယ်၊ မြို့နယ်ခန်းမတွင် အလုပ်သမားကဒ်( Labour Card ) လုပ်ပေးရာတွင် သစ်တောနှင့် ရဲဝန်ထမ်းအတွက် လာရောက်လျှောက်ထားသူ ၄၅ ဦးရှိသည့်အနက် ၃၁ ဦးမှာ အမျိုးသမီးရဲတပ်သားလျှောက်ထားသူများဖြစ် သည် ဟု သိရသည်။

spot_img

Recent posts