spot_imgspot_imgspot_imgspot_img
Wednesday, October 23, 2024
spot_imgspot_imgspot_imgspot_img

ကယား ပြည်နယ် COVID-19 ချေးငွေ ဒုတိယအကြိမ် လျှောက်ထားသူပိုများလာ

Author

Date

Category

အန်ထော်နီ

COVID-19 ကာလအတွင်း အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေကို အစိုးရကနေ ချေးငွေထုတ်ပေးလျက်ရှိရာ ယခုဒုတိယအကြိမ်လျှောက်ထားသူ များလာတယ်လို့ သိရပါတယ်။

ကယားပြည်နယ်ရှိ လုပ်ငန်းရှင်များအတွက် ပထမအကြိမ် ချေးငွေတွေကို ဧပြီလ ၉ ရက်နေ့က လျှောက်လွှာကို ၅၂ ဦးသာလျှောက်ထားပြီး သြဂုတ်လ ၁၀ နေ့ဒုတိယအကြိမ် ချေးငွေလျှောက်လွှာပေးပို့သူစာရင်းမှာ ၉၂ ဦးထိ ရှိလာတာပါ။

ကယားပြည်နယ် လွိုင်ကော်မြို့၌ COVID- 19 ချေးငွေ ဒုတိယအကြိမ် ချထားမှု အစီအစဉ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်စဉ်။ ဓါတ်ပုံ – ကယားပြည်နယ်အစိုးရအဖွဲ့ရုံး လူမှုကွန်ယက်စာမျက်နှာ

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုညွန်ကြားရေးမှုုး ဒေါ်ခင်သွယ်ဦး က “အခုဒုတိယတစ်ကြိမ်လျောက်လွာတွေကတော့ ကျမတို့ရုံးချုပ်ကနေပြီးတော့ လျှောက်လွာတွေကို နိုင်ငံတော်ကိုတင်ပြီးသွားပြီ။ ဒါပေမယ့်ချေးငွေဘယ်လောက်ကျလဲဆိုတာကိုတော့ သူကဝက်ဒ်ဆိုဒ်ကနေအဖြေထွက်မှာလေး အခုကမထွက်သေးဘူး ဘာလို့လဲဆိုတော့ ကျမတို့က သြဂုတ် ၁၀ ရက်နေ့ကမှနောက်ဆုံးတင်ပေးရတာဆိုတော့လေး” လို့ပြောပါတယ်။

ပထမအကြိမ် COVID-19 ချေးငွေလျောက်ထားသူ ၅၂ ဦးအနက် ၃၃ ဦးက ချေးငွေရရှိခဲ့ပြီး စုစုပေါင်း ဘီလီယံ ၁၀၀ ချပေးခဲ့တယ်လို့သိရပါတယ်။

ဒုတိယအကြိမ် ချေးငွေအတွက်လိုအပ်သောလျောက်လွာများကို သြဂုတ် ၁၀ နေ့တွင်တင်ပြပြီး လျှောက်ထားသူ ၉၂ ဦးရှိကာ ယခုအချိန်ထိတော့ ချေးငွေပမာဏ မကျလားသေးဘူးလို့ဆိုပါတယ်။

ထိုချေးငွေလျှောက်လွာတွေကို လုပ်ငန်းရှင်းတွေထံသို့ချပြပြီး လာရောက်လျှောက်ထားတဲ့ လျှောက်လွာများအနက် အချက်အလက်ပြည့်စုံသောလျှောက်လွာများကို နိုင်ငံတော်အစိုးရထံသို့ ပြန်တင်ပြရတယ်လို့ဆိုပါတယ်။

“ဒီ COVID-19 ချေးငွေမှာလေး နိုင်ငံတော်ကနေပြီးတော့မှ တရားဝင်ပေါနော် ချေးငွေလျှောက်လွာရှိတယ်။ အဲ့ချေးငွေလျှောက်လွာမှာ နောက်ဆက်တွဲမှာ ပူးတွဲတင်ပြရမည့်အချက်အလက်များဆိုပြီး ကဏ္ဍပ်နှစ်မျိုးရှိတယ်။ ကုမ္မဏီဆိုရင် တင်ရမှာက အချက် ၁၂ ချက်ပေါနော် ရိုးရိုး MSME လုပ်ငန်းဆိုရင်တေ့ အချက် ၉ ချက်ကို ပူးတွဲပြီးတင်ပေးရတယ်။ အဲ့လိုမျိုးလုပ်ငန်းရှင်ကနေပြီးတော့ ပြည့်စုံအောင်လုပ်လာတဲ့ဟာမျိုးဆိုရင် ကျမတို့နဲ့ ကယားပြည်နယ်ကုန်သွယ်စက်မှုအသင်းကနေပြီးတော့မှ ပြည့်ပြည့်စုံစုံတင်လာတဲ့ လုပ်ငန်းရှင်တိုင်းကို ကျမတို့ကတင်ပေးတယ်။” လို့ဒေါ်ခင်သွယ်ဦး ကပြောပါတယ်။

ကယားပြည်နယ်အတွက် COVID-19 ချေးငွေ ဒုတိယအကြိမ်ချထားနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များရှင်းလင်းခြင်းကို သြဂုတ်လ ၆ ရက်နေ့တွင် နောင်ယားကန်သာဘေး BBQ စားသောက်ဆိုင်တွင်ပြုလုပ်ခဲ့ပြီး ဖောင်လျောက်လွာများကို နိုင်ငံတော်အစိုးရထံသို့ တင်ပြပြီလို့သိရပါတယ်။

spot_img
spot_img

Recent posts