spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူငယ် ၆ ဦးကို ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြည်နယ်အစိုးရမှ တရားစွဲဆိုထားသော ကရင်နီလူငယ် ၆ ဦးကို ယနေ့နံနက်တွင် ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားတယ်လို့ ဒီကနေ့ မနက် ထောင်ဝင်စာသွားတွေ့ခဲ့သည့် ကရင်နီလူငယ် ခွန်းဘားနဒ်ဘုတ်က ပြောသည်။

“တွေ့ခွင့်ရဖို့ ထောင်ဝင်စာသွားတွေ့တယ်ပေါ့နော။ သွားတဲ့အချိန်မှာ ထောင်ဝင်စာပိတ်ထားတယ်ပေါ့ ဘာကြောင့်ပိတ်ထားလဲပြောတော့ ထောင်ထဲမှာ အော်ဟစ်လို့တဲ့။ ဘာအကြောင်းကြောင့် အော်ဟစ်လဲမေးတော့ ဒုညွှန်မှူးက အဲဒါကို ပြောလို့မရဘူးလို့ပြောတယ်ပေါ့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်း ၎င်းမှ ထောင်ဝင်စာသွားတွေ့သည့်အချိန်တွင် တရားစွဲခံရသော ကရင်နီလူငယ် ၆ ဦးမှ လက်ရှိ တပ်မတော်မှ တရားစွဲဆိုထားသော တောင်သူအရေးအတွက် တောင်းဆိုသွားမည်ဟု ပြောပြထားကြောင်း သိရသည်။

“တပ်သိမ်းမြေကိစ္စနဲ့ပတ်သက်ပြီး တရားစွဲခံရတဲ့တောင်သူတွေကို နိုင်ငံရေးပုဒ်မနဲ့တရားမစွဲဘဲနဲ့ သာမာန်ရာဇဝတ်သားတွေလိုတရားစွဲတယ် ရာဇဝတ်သားတွေနေတဲ့နေရာမှာနေခိုင်းတယ်ဆိုတဲ့အပေါ်မှာ မဖြစ်သင့်ဘူးဆိုပြီးမှ ထောင်ပိုင်ကို တောင်းဆိုမယ်ဆိုတဲ့ကိစ္စတော့ရှိတယ်ပေါ့” ဟု ခွန်းဘားနဒ်ဘုတ်က ဆက်ပြောသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၁၃ ကြိမ်မြောက် ရုံးထုတ်မှာ ဖြစ်ပြီး စွပ်စွဲခံရသူများကို စစ်ဆေးသွားမည် ဖြစ်သည်။

spot_img
spot_img

Recent posts