spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူငယ် ၆ ဦး တရားရုံးချိန်းတွင် လိုပြသက်သေနှစ်ဦး လာရောက်ထွက်ဆို

Author

Date

Category

နော်ဒွေးအယ်ခူ

နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် တရားစွဲဆိုခံနေရသည့် ကရင်နီလူငယ် ၆ ဦး တရားရုံးချိန်းတွင် တရားလိုပြ သက်သေ နှစ်ဦး လာရောက်ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် ကရင်နီလူငယ် ၆ ဦးကို တရားရုံးချိန်းစစ်သည့်အချိန်တွင် တရားလိုပြဖက်ကနေ သက်သေ ၂ ဦး ပထမဦးဆုံး လာရောက်ထွက်ဆိုခြင်းဖြစ်ပြီး ၎င်းတို့မှာ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဦးစီးမှူး အောင်ချမ်းသာနှင့် စာပေးစာယူဌာနမှ ဒေါ်ရှေးမြာတို့ဖြစ်သည်ဟုသိရသည်။

“သူတို့နှစ်ဦးကို အပြန်အလှန်မေးခွန်းမေးမြန်းကြတဲ့အချိန်မှာ ကရင်နီလူငယ် ၆ ဦးကနေပြီးမှ ရာဇဝတ်ကောင်အဖြစ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးမော်မော်ကို ရာဇဝတ်ကောင်အဖြစ် ကြေညာထားတယ်ပေါ့။ အဲဒီကြေညာတဲ့အပေါ်မှာ လာရောက်ထွက်ဆိုတဲ့ လိုပြတွေအနေနဲ့ ဝန်ကြီးချုပ်နဲ့ ဦးမော်မော်ကနေ သူတို့ဖက်က တစ်စုံတစ်ရာနစ်နာတာတွေရှိလားလို့ ရှေ့နေဖက်က မေးတဲ့အချိန်မှာ နှစ်ဦးစလုံးက နစ်နာတာတွေမရှိဘူးဆိုမျိုး မတွေ့ရဘူးဆိုတာမျိုး ထွက်ဆိုတာတွေရှိတယ်။ အပြန်အလှန်မေးမြန်းခဲ့ကြတယ်။ ပြီးတော့ စာတွေ ဘယ်လိုရောက်ရှိလာတယ် ရောက်ရှိလာတဲ့ ပုံစံမျိုးတွေ ထွက်ဆိုထားတယ်” ဟု သက်သေစစ်ဆေးနေစဉ် ဝင်ရောက်နားထောင်ခဲ့သည့် ကရင်နီလူငယ် မော်မိုးမြာက ပြောသည်။

ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်က လွိုင်ကော်မြို့မရဲစခန်းတွင် မေလ ၁ရရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ တရားလိုဖြစ်သည့် ဦးသက်နောင်ကို ဇူလိုင်လ ၅ ရက်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။

တရားရင်ဆိုင်နေရသည့် ကရင်နီလူငယ် ၆ ဦးသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီးဦးမော်မော်ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ရက်နေ့က လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာခဲ့သည့်အတွက် အစိုးရက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Advertisement

ကရင်နီလူငယ် ၆ ဦးကို လာမည့် ဇူလိုင်လ ၁၈ရက်နေ့တွင် တရားရုံးချိန်း ထပ်မံချိန်းဆိုထားပြီး တရားလိုပြသက်သေများကို ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်းနှင့် ယနေ့တရားရုံးချိန်းသည် လေးကြိမ်မြောက် ရှိနေပြီဖြစ်သည်။

spot_img
spot_img

Recent posts