spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီကို ဓာတုဗုံးကြဲမယ်ဆိုတဲ့သတင်း အတည်မပြုနိုင်ပေမဲ့ သတိထားကြဖို့ KA သတိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီက ဓာတုဗုံးနဲ့ တိုက်ခိုက်ဖို့ ကြံရွယ်နေကြောင်းနဲ့ လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ မိသားစုဝင်တွေကို ၂၃ရက်နေ့အပြီး ရွေ့ပြောင်းခိုင်းနေတာကြောင့် လွိုင်ကော်မြို့က မြို့ခံတွေကို ရွေ့ပြောင်းကြဖို့ KnIC (Karenni information Center) ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ယမန်နေ့ (နိုဝင်ဘာလ ၂၂ )က အသိပေးထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပါတ်သက်ပြီး အတည်ပြုဖို့ ကရင်နီပြည်တပ်မတော်(KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဓာတုဗုံးကြဲမယ်ဆိုတဲ့ သတင်းဟာ အတည်မပြုနိုင်တဲ့ ကောလာဟလ သတင်းဖြစ်ပေမဲ့ လူထုတွေအနေနဲ့ သတိရှိနေဖို့ လိုတယ်လို့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“ တကယ်လာ မလာတော့ မသိဘူးလေ။ ဒါပေမဲ့ သတိထားတော့ အနေအထားတော့ နေလို့ရတာပေါ့နော်။ သတိထားနေဖို့တော့ လိုတာပေါ့နော်။ ဖြစ်နိုင်ခြေရှိတာပေါ့လေ ကျနော့်အနေနဲ့က ဘာလို့ဆို သူတို့က လူထုလည်း အခြေအနေက သင့်မသင့်ပေါ့နော် သဘောက အဲ့လိုမျိုးလေ သူတို့လုပ်လည်းလုပ်နိုင်တာပဲလေ သတိထားဖို့တော့ လိုတာပေါ့ ပြည်သူလူထုအနေနဲ့” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းဓာတုလက်နက်တွေအသုံးပြုခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။ ဒါ့ကြောင့် မြို့ပြစစ်ဆင်ရေးဖြစ်တဲ့ (၁၁.၁၁) တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီက ဓာတုဗုံးကြဲနိုင်တာကြောင့် သတိထားကြဖို့ တိုက်တွန်းထားတာပါ။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ရဲ့ ဥက္ကဌဖြစ်တဲ့ ခွန်းဘီထူးကတော့ ကရင်နီပြည် လွိုင်ကော်မြို့ကို ဓာတုဗုံးအသုံးပြုတိုက်ခိုက်မယ်ဆိုတဲ့ သတင်းဟာ ကောလာဟလ သတင်းဖြစ်နိုင်ပြီး အခြေအနေ အသေးစိတ်မသိရှိရသေးဘူးလို့ ပြောပါတယ်။

“အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ကျနော်တို့အသေးစိတ် မသိရသေးဘူး။ ဓာတုနဲ့ ဗုံးကြဲမယ်ဆိုတဲ့ဟာ အဲဒါက ကောလာဟလ ဖြစ်နိုင်တယ်။” လို့ ခွန်းဘီထူးက ပြောပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့မှာ (၁၁.၁၁) စစ်ဆင်ရေး စတင်ချိန်ကစပြီး တိုက်ပွဲပြင်းထန်နေတာ ယနေ့အထိ ၁၃ ရက်မြောက်နေ့ အထိရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ လွိုင်ကော်မြို့ ဒေသခံ သောင်းချီဟာ တခြားမြို့နယ်တွေကို တိမ်းရှောင်နေကြသလို မြို့တွင်းမှာ နေထိုင်သူလည်း ရှိနေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts