spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီက တပ်စခန်းတွေ ထပ်မံ အသိမ်းမခံရအောင် တပ်စခန်း အကာအကွယ်တွေကို စစ်ကောင်စီတိုးချဲ့ လုပ်ဆောင်ထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အခြေစိုက်တပ်စခန်းတွေရဲ့ ပတ်လည်မှာ အကာအကွယ် တိုးချဲ့တည်ဆောက်ထားတယ်လို့ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မှတ်တမ်းယူ၊ အချက်အလက်စစ်ဆေးမှုတွေကို လုပ်ဆောင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Myanmar Witness ရဲ့ တွေ့ရှိချက်တွေအရ သိရပါတယ်။

၎င်းတို့ရဲ့ တွေ့ရှိချက်မှာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ က စစ်ကောင်စီတပ်စခန်းရဲ့ ဂြိုလ်တုမှတ်တမ်းပုံနဲ့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ မှတ်တမ်းပုံ နှစ်ခုရဲ့ နှိုင်းယှဉ်ဖော်ပြချက်အရ တပ်စခန်းပတ်လည် အကာအကွယ်တွေ တိုးချဲ့တည်ဆောက်ထားတာကို တွေ့ရှိရတာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီအခြေစိုက်တပ်စခန်းတွေ အကာအကွယ် တိုးချဲ့ တည်ဆောက်နေတဲ့အပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက နယ်မြေမစိုးမိုးနိုင်တော့တဲ့ စစ်ကောင်စီအနေနဲ့ တပ်စခန်းမကျရေးကို ဦးစားပေးလုပ်ဆောင်တာဖြစ်ကြောင်း သုံးသပ်ပြောဆိုထားပါတယ်။

“ စစ်ကောင်စီတွေကတော့ မြို့နယ်တော်တော်များများမှာ နယ်မြေမစိုးမိုးနိုင်တော့ဘူး သူတို့ရဲ့ အခြေစိုက်တပ်ရင်းတွေထဲမှာပဲ ခံစစ်ကို အထပ်ထပ်လုပ်ပြီးမှပဲ ခံစစ်သဘောထားအနေနဲ့ပဲ နေတော့တယ်ပေါ့နော။ ခံစစ်သဘောမျိုးပဲ နေနိုင်တော့တဲ့အနေအထားမျိုးဖြစ်တဲ့အတွက် သူတို့ မိုင်းတွေနဲ့ ခံစစ်လုပ်တယ်၊ နောက် ဗန်ကာ တွေ သေချာဆောက်တာမျိုးတွေတော့ လုပ်လာတာမျိုးလို့ပဲ ကျနော်တို့ သုံးသပ်တယ်ပေါ့။ သူတို့ရဲ့ စခန်းမကျရေးကိုပဲ ဦးစားပေးတဲ့ဟာမျိုးဖြစ်သွားပြီပေါ့နော။ မြို့ကို မထိန်းချုပ်နိုင်တော့နဲ့ သဘောမျိုးဖြစ်သွားပါပြီ။” လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကင်းစခန်းတွေ၊ ယာယီစခန်း တွေလည်း ထားရှိပေမဲ့ အများစုဟာ တော်လှန်ရေးတပ်ဖက်က သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ကရင်နီပြည်တပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။

“ အထူးသဖြင့် စစ်ရေးနဲ့ပတ်သက်ရင် အဲ့လိုပဲ လုပ်ပါတယ်။ ဗဟို မထိခိုက်ဖို့ ရှေ့မှာ စခန်းသေးတွေ ထပ်ပြီးတော့မှ အကာအကွယ်လုပ်ထားတယ်။ ကင်းထားတာပေါ့။ ရန်သူလာရင် သူတို့ ပစ်နိုင်ဖို့ သူတို့ အဲ့လိုမျိုးလုပ်ပါတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး နားလည်တယ်လေ။ ယာယီစခန်းဆိုတာက အမြဲတမ်းသုံးတယ် ရန်သူက။ အဲ့စခန်းတွေက ကျနော်တို့ ပြန်ပြန်သိမ်းနိုင်တဲ့ အတိုင်းအတာတွေ အများကြီးရှိပါတယ်။ “ လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၂၃)ရက်နေ့မှာ KNDF ရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်အရ တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း (၆၅)ခုကို သိမ်းပိုက်ရရှိခဲ့ပြီး အဲ့ဒီအထဲမှာ ဖရူဆိုမြို့နယ်က စခန်းတစ်ခုပါဝင်ပါတယ်။ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း၊ ခမရ ၄၂၈ နဲ့ ၅၃၁ တပ်ရင်းရှိနေပါတယ်။

spot_img
spot_img

Recent posts