spot_imgspot_imgspot_imgspot_img
Saturday, April 13, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီစစ်မြေပြင်က မှတ်တမ်းဓါတ်ပုံနဲ့ World Press Photoဆုရရှိခဲ့တဲ့ ဓါတ်ပုံဆရာ မောက်ခမ်းဝါ နဲ့ ဆက်သွယ်မေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်)

“ ကျနော့်ရဲ့ ဇာတိမြေဖြစ်တဲ့ အတွက် ကျနော့် မွေးရပ်မြေဖြစ်တဲ့အတွက် ကျနော်က ကျနော့်မှာ တာဝန်ရှိတယ်လို့ ခံစားရတယ်။ ဒီမြင်ကွင်းတွေကို မှတ်တမ်းတင်‌ဖို့ ဒီ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ဖို့။ ဒါကြောင့်မို့ ကျနော်က မှတ်တမ်းသမား ဘဝကို ဖြည့်ဖြည့်ဆည်းဆည်းနဲ့ ခံယူပြီးတော့ ကျနော် ကရင်နီမှာ တောက်လျောက် တိုက်ပွဲ ဓာတ်ပုံ ရိုက်တာတွေ လုပ်တယ်ပေါ့နော။ ”

ဓါတ်ပုံဆရာ မောက်ခမ်းဝါ ဟာ ၂၀၂၁ ခုနှစ် ၉ လပိုင်းကစပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ၊ မိုးဗြဲ စတဲ့ စစ်မြေပြင်တွေမှာ တောက်လျှောက် ကင်မရာကိုင်ပြီး တိုက်ပွဲမှတ်တမ်းတွေကို ယူခဲ့သူပါ။

မောက်ခမ်းဝါဟာ ၂၀၂၃ခုနှစ်မှာ ပြုလုပ်တဲ့ World Press Photo ပြိုင်ပွဲမှာလည်း ကရင်နီပြည်က စစ်မြေပြင်မှာ ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ဆုရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်း Yangon Photo Festival (YPF) ပြိုင်ပွဲမှာ ဆုရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ မောက်ခမ်းဝါဟာ ဘာကြောင့် စစ်မြေပြင်မှာ မှတ်တမ်းသွားယူရတဲ့အကြောင်းအရင်း၊ လက်ရှိဆုရရှိထားတဲ့ ဓာတ်ပုံအကြောင်း၊ တော်လှန်ရေးအပေါ်သူ့ရဲ့ ခံယူချက်တွေကို ကန္တာရဝတီတိုင်း( မ် ) က ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

မေး – အရင်ဦးဆုံး နာမည်နဲ့ လက်ရှိဆောင်ရွက်နေတဲ့ အပိုင်းတွေကို ပြောပြပေးပါ။
ဖြေ – ကျနော့်နာမည်က မောက်ခမ်းဝါပါ။ ကျနော်ကတော့ ဆရာ အောင်လင်းခင်းရယ် photographyရယ် ကို အဓိကလုပ်ပါတယ်။ activic လည်း လုပ်ခဲ့ပါတယ်။ အခုအရေးတော်ပုံကာလကျတော့ activic ကို ပြန်ဖြစ်သွားတယ်ပေါ့ ပြန်ဖြစ်သွားပြီးတော့ photography ကိုလည်း သေချာပြန်လုပ်ဖြစ်တယ်ပေါ့။ ဆိုတော့ ကျနော့်ဇာတိကတော့ လွိုင်ကော်။

မေး – အစ်ကို ရရှိထားတဲ့ ဓါတ်ပုံဆုအကြောင်း ပြောပြပေးပါ။
ဖြေ – ဆုကတော့ World Press ပေါ့နော World Press က ဒီ ၂၀၂၃ အတွက် single category မှာ region က ဒီ Southeast Asia and Oceania ဆိုတဲ့ region မှာ အဲ့ဒီအတွက် single category နဲ့ရတာဖြစ်ပါတယ်။

မေး – ဒီပြိုင်ပွဲကို ဘာကြောင့် ဝင်ပြိုင်ဖြစ်သွားတာလဲ။

ဖြေ – ပြိုင်ပွဲတော့ ပြိုင်ဖို့ အစီအစဉ်မရှိပါဘူး။ ကျနော်ပြိုင်ပွဲ deadline ကပ်ပြီလားတော့မသိဘူး။ ဒါပေမဲ့ ကျနော့်ရဲ့ ဆရာတစ်ယောက်နဲ့ စီနီယာတွေက ပြောကြတယ်ပေါ့နော။ ပြိုင်ပါ ဝင်ပြိုင်လိုက်တော့လို့ ပြင်ဆင်တော့လို့ ပြောတဲ့အတွက် ဝင်ပြိုင်ဖြစ်သွားတယ်။ သူတို့ သတိပေးလို့ ပြိုင်ဖြစ်သွားတာပေါ့။ ပုံတွေလည်း သူတို့ပဲ ရွေးပေးပါတယ်။ ကျနော်ကတော့ ကျနော်ရှိတဲ့ ပုံတွေကို ကျနော် ပြတာပေါ့။ သူတို့ ဝိုင်းရွေးပေးတာပေါ့။ အဲ့လိုနဲ့ ပြိုင်ဖြစ်သွားတာပေါ့။
ပြိုင်တယ်။ ကျနော် ပုံ ၂၀ လောက် submit လုပ်ပါတယ်။ ပုံ ၂၀ လောက် submit လုပ်တဲ့ထဲမှာမှ single category မှာ ရွေးတာပါ။

မေး – ဒီဆုရသွားတဲ့ ဓာတ်ပုံကို ဘယ်လိုရိုက်ဖြစ်သွားတာလဲဆိုတာ ပြောပြပေးပါ။

ဖြေ – ဟုတ်။ ပုံက ကျနော်ဘယ်နေ့ ရိုက်လည်းဆိုတော့ ၁၇ ရက်နေ့ ၁၇ ရက်နေ့ ဖေဖော်ဝါရီ ၂၀၂၂ပေါ့နော။ ၂၀၂၂ အစမှာဘဲ အဲ့ဒီ အစပိုင်းတုန်းက ကျနော်တို့တိုက်ပွဲတွေ တောက်လျှောက်ဆက်ဖြစ်တာပေါ့နော။ ဒီးမော့ဆိုမှာ ဖြစ်လိုက် မိုးဗြဲမှာ ဖြစ်လိုက် အဲ့ဒီ တိုက်ပွဲ အဲ့ဒီ ဓာတ်ပုံရိုက်တဲ့နေ့က မိုးဗြဲမှာပေါ့နော ကျနော်တို့ စစ်ကောင်စီရဲ့ စစ်ကြောင်းကို လိုက်ပြီး ပိတ်ရင်း ပိတ်ရင်းနဲ့ ကျနော်တို့က သူတို့ကို ဝိုင်းပြီး ပစ်နေတဲ့ချိန်မှာ ဒီကောင်တွေက ထွက်လို့မရတဲ့အတွက် ဒီကောင်တွေက ဒီကောင်တွေရဲ့ လက်နက်ကြီးတပ်တွေက ရှိသမျှ လက်နက်ကြီးတပ်တွေပေါ့နော အဲ့ဒီ မိုးဗြဲကို လက်နက်ကြီးတပ်အားလုံးက အဲ့ဒီနေရာကို ဝိုင်းပစ်ကျရင်းနဲ့ လက်နက်ကြီးတစ်လုံးက ရဲဘော်တွေကြားကို ကျသွားတယ်ပေါ့နော။ ကျသွားတော့ ရဲဘော် ၁၇ ယောက်လောက်ကျသွားတယ်ပေါ့နော။ ကျသွားပြီးတော့ အဲ့ဒီကနေ ပြန်ဆုတ်လာတဲ့ချိန် ရိုက်ထားတာဖြစ်ပါတယ်။

မေး – ဓာတ်ပုံထဲကပါတဲ့ ရဲဘော်တွေရဲ့ အကြောင်းလေး ပြောပြပေးပါ။

ဖြေ – ကျသွားတဲ့ အဲ့ဒီမှာ ထမ်းလာတဲ့ ပုခုံးပေါ်က ရဲဘော်ပေါ့နော။ လမ်းမှာတော့ သူကျသွားတယ်။ အဲ့ဒီရဲဘော်က GZ 21ရဲ့ ရဲဘော်။ သူ့သူငယ်ချင်းနဲ့ သူနဲ့ အတူတူရှိနေတဲ့အချိန်မှာ သူ့သူငယ်ချင်းက ဒဏ်ရာတွေရပြီး သူကကျသွားတယ်ပေါ့နော။ လက်နက်ကြီးကြောင့်မို့ သူ ကျသွားတာ။ ဆိုတော့ သူကျသွားတဲ့ဟာကို သူ့သူငယ်ချင်းက မထမ်းနိုင်ဘူး။ မထမ်းနိုင်ဘူးဆိုတာက သူ့သူငယ်ချင်းက အင်မတန်ကြေကွဲနေတယ်။ အဲ့အချိန်မှာ သူ့သူငယ်ချင်းက အော်ဟစ်ပြီးတော့ သူအင်မတန်ကို ဝမ်းနည်းကြေကွဲစွာနဲ့ဖြစ်နေတော့ သူဘာမှမလုပ်နိုင်ဘူး။ သူ့သူငယ်ချင်းအလောင်းကို သူမသယ်နိုင်ဘူးပေါ့နော။ အဲ့ဒီအချိန်မှာ မိုးဗြဲPDFက ရဲဘော်တစ်ယောက်က ပြေးလာပြီးတော့ volunteerဝင်လုပ်ပြီးတော့ ထမ်းပေးတာ အဲ့တော့ အဲ့ဒီပုံပါဘဲ ပုံကတော့။ ဆိုတော့ နောက်ပိုင်းမှာ ကျနော်တို့ လွိုင်ကော်PDFက ရဲဘော်တစ်လှည့်သယ်တယ်။ ဒီးမော့ဆိုPDFက ရဲဘော်တစ်လှည့်သယ်တယ်။ မိုးဗြဲက တစ်လှည့်သယ်တယ်။ KNDFက တစ်လှည့်သယ်တယ်။ အဲ့လိုနဲ့ အဆင့်ဆင့် ကျနော်တို့ ဒီကိုပေါ့လေး။ ဒီကိုသယ်ပြီးတော့ နောက်ဆုံး နောက်တန်းထိကျနော်တို့ သယ်သွားကြတယ်ပေါ့နော။ အဲ့ဒါကြောင့် အဲ့ဒီပုံကြီးက ပါတယ်။ အစကတော့ ရဲဘော်တွေက သူတို့တွေ တစ်ချို့တွေက သူတို့တွေမတတ်နိုင်တော့ဘူး ငါတို့တွေထားခဲ့မှ ရတော့မယ်ဆိုပြီးတော့ စိတ်ဓာတ်တွေကျပြီးပြောကြတာပေါ့။ အဲ့တော့ ကျနော်တို့က မထားခဲ့နဲ့ လုံးဝထားလို့မရဘူး။ ဒီbodyတွေ ငါတို့ ပြန်သယ်မယ်။ ဖြစ်နိုင်ရင်ဟို အရှေ့မှာကျန်ခဲ့တဲ့ ၁၇လောင်းလုံးကို ပြန်သယ်ချင်တာ။ ဒါပေမယ့် ဘယ်လိုမှ အချိန်မရှိတော့ဘူး။ အဲ့နေရာမှာလက်နက်ကြီးက တစ်ရစပ်ကျနေတော့ ထပ်ပြီးကျဆုံးမှုတွေ ဖြစ်မှာစိုးလို့ လုံးဝသယ်လို့ မရတဲ့အတွက်ကြောင်မို့လို့ ကျနော်တို့ မသယ်တော့ဘူး။ ဒါပေမယ့် ဒီအလောင်းကိုတော့ ငါတို့ ရအောင်သယ်မယ်ဆိုပြီးတော့ ကျနော်တို့ ပြန်သယ်ခဲ့ကြတာပေါ့။

မေး – ရှေ့တန်းစစ်မြေပြင်မှာ ဘာကြောင့်စွန့်စွန့်စားစားနဲ့ ဓာတ်ပုံမှတ်တမ်းတွေ သွားရိုက်ရတာလဲ။

ဖြေ – ကျ‌နော်တို့ ပြည်နယ်သမိုင်းပဲ ကျနော်တို့ ပြည်နယ်မှာ ဒါတွေ တကယ်ဖြစ်နေတယ်။ ဒါတွေ တကယ် ကြုံတွေ့နေရတယ်။ ဒီကြုံတွေ့နေရာတဲ့ဟာတွေ ဖြစ်နေတဲ့ ဟာတွေကို အရှိတရားတွေကို ကျနော်တို့က အရှိကို အရှိအတိုင်း ကျနော်တို့က ပြောပြဖို့လိုအပ်တယ်။ ပြောပြတဲ့အခါမှာ ကျနော်တို့က ပြောပြလို့ရတဲ့နည်းတွေ အများကြီးရှိတယ်။ အဲ့ဒီထဲကနေ ဓာတ်ပုံရိုက်ပြီးပြောပြတဲ့ နည်းကို ကျနော်ရွေးချယ်ခဲ့တယ်။ ပြီးသွားလို့ရှိရင် ကျနော့်ရဲ့ ဇာတိမြေဖြစ်တဲ့ အတွက် ကျနော့် မွေးရပ်မြေဖြစ်တဲ့အတွက် ကျနော်က ကျနော့်မှာ တာဝန်ရှိတယ်လို့ ခံစားရတယ်။ ဒီမြင်ကွင်းတွေကို မှတ်တမ်းတင်‌ဖို့ ဒီ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ဖို့ ဒါကြောင့်မို့ ကျနော်က မှတ်တမ်းသမား ဘဝကို ဖြည့်ဖြည့်ဆည်းဆည်းနဲ့ ခံယူပြီးတော့ ကျနော် ကရင်နီမှာ တောက်လျောက် တိုက်ပွဲ ဓာတ်ပုံ ရိုက်တာတွေ လုပ်တယ်ပေါ့နော။ ဆိုတော့ အဲ့ဒီအချိန်မှာ ဓာတ်ပုံ ရိုက်နေတဲ့ချိန်မှာ ကျနော်က ဘယ်တော့ကမှကျနော် ကင်မရာ ရိုက်လို့ရှိရင် သတိမလွတ်ဘူး အမြဲတမ်း သတိရှိရှိ ဓာတ်ပုံရိုက်တယ်။ ဘယ်လောက် တိုက်ပွဲပြင်းထန်နေပါစေ ဘာလိုဘဲ ဖြစ်နေပါစေ ကျနော်က ဓာတ်ပုံရိုက်ဖို့ အမြဲတမ်း အားသန်တယ်ပေါ့နော။ ဓာတ်ပုံရိုက်ဖို့ အမြဲတမ်း အားပိုစိုက်တယ်။ ဒါပေမဲ့ ကျနော်ဘဝမှာ ပထမဆုံးချိန် သတိလွတ်သွားတဲ့ချိန်ကတော့ အဲ့ချိန်ဘဲပေါ့နော။ လက်နက်ကြီးကျတယ် ပြီးတော့ ရဲဘော်တွေ ဖရို ဖရဲ ဖြစ်ပြီးတော့ ဒဏ်ရာရတဲ့သူကရ။ သေတဲ့သူကသေ။ အဲ့ဒီမြင်ကွင်းကိုမြင်တဲ့ချိန်မှာ ကျနော့်အတွက် ခလုပ်နှိပ်ဖို့ အရမ်းခက်ခဲတယ်‌ကျနော့်အတွက်။ ဒီမြင်ကွင်းက တစ်ခါးမှ မမြင်ဖူးတော့။ ပြီးတော့ အဲ့သလို ကျတဲ့မြင်ကွင်းကလည်း ကျနော်ထင်တယ် ကျနော်တို့ KNDF မှာအများဆုံး အကျဆုံး တိုက်ပွဲတွေထဲကတစ်ခုလို့။ အခြားပွဲတွေတောင် ဒီပွဲလောက် မကျဘူးလားပေါ့။ ၁၇ ‌ယောက်ဆိုတာ အဲ့ဒီတစ်နေရာမှာဘဲရှိတယ် အမှန်တော့ အဲ့ဒီနေ့မှာကျတဲ့ အခြားရဲဘော်တွေလည်းရှိသေးတယ်။ ၂၀ ဝန်းကျင်လောက်ကျတယ်။ ဆိုတော့ အဲ့ဒီမြင်ကွင်းကို မြင်လိုက်တဲ့ချိန်မှာ ကျနော်တို့က လူငယ်တွေ professional ရဲဘော်တွေလည်းမဟုတ်ကျတော့ ဒီမြင်ကွင်းကို မခံစားနိုင်ဘူးပေါ့နော။ မခံစားနိုင်ဘူးပေါ့နော။ ကျနော်တို့ သတိလက်လွတ်တော့ ခနဖြစ်သွားတော့ နောက်တော့လည်းအဆင်ပြေသွားပါတယ်။ အဆင်ပြေသွားတယ်ဆိုတာက သတိပြန်ကပ်သွားတာပေါ့ နောက်ပြီးတော့ ပုံတွေပြန်ရိုက်ဖြစ်တယ် အဲ့တာကြောင့် အဲ့ ပုံတွေ ထွက်လာတာပေါ့နော။

မေး – စစ်မြေပြင်မှာ သေနတ်ကိုင်တဲ့လက်နဲ့ camera ကိုင်တဲ့လက် ဘာတွေကွာခြားတယ်လို့ ထင်လဲ။

ဖြေ – ကျတော့အတွက်ကတော့ တခြား cameraman တွေတွက်ကတော့ ကျနော်မပြောတတ်ဘူး ကျနော် အတွက်ကတော့ အတူတူပဲ ဘာဖြစ်လို့လဲဆိုတော့ ကျ‌နော် camera ကိုင်ထားပြီး ကျတော်ကတော့ ကိုယ့်ဖက်ကိုလည့်ပြီး ကိုယ့်ဖက်ကို ပြောင်လှည့်ရတာပေါ့ သူတို့ကတော့ ရန်သူဖက်ပြောင်းလည့်ရတာပေါ့ ဒါပဲကွာပါတယ် သူတို့လည်းခလုပ်နှိပ်ရတာပဲ ကျနော်လည်း ခလုပ်နှိပ်ရတာပဲ သူတို့လည်းအာရုံစူစိုက်ရတာပဲ ကျနော်လည်းအာရုံစူးစိုက်ရတာပါပဲ ပြီးရင် သူတို့လည်းရှေ့မှာ နေရတာပဲ ကျနော်လည်းရှေ့မှာနေရတာပဲ ရှေ့မှာနေ ရှေ့မှာအိပ်‌ရှေ့မှာစား ‌ရှေ့မှာ ဒဏ်ရာရကြ နောက်မှာပြန်ရင် နောက်မှာ တူတူပြန်နားကြ ရှေ့ကို တူတူသွားကြ ကျနော်တွက်ကတော့ camera ကိုင်ကိုင် သေနတ်ကိုင်ကိုင် အတူတူပဲဗျ တစ်ခုတော့ရှိတာပေါ့ သေနတ်ကိုင်တဲ့ လူ များများလိုတာပေါ့ camera ကိုင်တဲ့လူက များများမလိုပါဘူး ပုံမှန်ရှိရင်ရပါပြီ ဒီလောက်ပါပဲ ကွာဟမှုကတော့။

မေး – ရှေ့တန်းစစ်မြေပြင်မှာ ဓာတ်ပုံမှတ်တမ်းသွားယူတဲ့အချိန်ထဲက အမှတ်ရဆုံးအဖြစ်အပျက်ပြောပြပေးပါ။

ဖြေ – ဒီးမော့ဆိုတိုက်ပြာမှာ တိုက်ပြာထဲမှာ ကျနော်တို့ ရောက်နေတဲ့ချိန်မှာ တိုက်ပြာကနေပြီးတော့ ကျနော်တို့ ရဲစခန်းကိုစစ်ကြောင်းထိုးတယ်။ စစ်ကြောင်းထိုးနေတဲ့အချိန်မှာ ခွေးတွေကလည်း ကျနော်တို့ကို လက်နက်ကြီးပြန်ပစ်တယ်။ ပစ်တော့ အဲ့ဒီတိုက်ပြာထဲ ကျနော်က ရှေ့ထိသွားပြီးသွားပြီ။ ရှေ့ထိသွားပြီးတော့ ကျနော်ပြန်ဆုတ်လာတယ်။ ရှေ့မှာဓာတ်ပုံရိုက်ပြီးတော့ ဘာမှသိပ်ရိုက်စရာမရှိတော့ ကျနော်က ပြန်ဆုတ်လာပြီးတော့ အထူးသဖြင့်တော့ အဲ့ဒီတိုက်ပြာမှာ သွားနေတာ။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပြာက ဒီရဲဘော်တွေလည်း အများကြီး အဲ့မှာ တောက်လျောက်ရှိနေတယ်။ ပြီးတော့ ဆေးအဖွဲ့တွေကလည်း ဖြတ်သွားဖြတ်လာလုပ်နေတယ်။ ဆိုတော့ အဲ့နေရာမှာ ကျနော်ပုံတွေရမယ်ထင်လို့ ဆိုတော့ အဲ့မှာပြန်ရောက်ပြီး ပုံတွေရိုက်နေတာပေါ့။ အဲ့ချိန်မှာ လက်နက်ကြီးတွေ တဂျိမ်းဂျိမ်းကျနေတယ်။ ပစ်နေကြတယ် အကြီးအကျယ်။ အဲ့ဒီမှာ လက်နက်ကြီးတစ်လုံးက ၆၀မမဘဲ ထင်ပါတယ်။ ၆၀မမလား ၈၁လားတော့ မသိဘူး။ ဆိုတော့ အဲ့ဒီတစ်လုံးက တိုက်ပြာဝင်းထဲကို ကျတယ်။ ကျတဲ့ချိန်မှာ မကျခင်လေးမှာ တစ်မိနစ်တောင်မပြည့်သေးဘူး။ အဲ့ဒီအရှေ့ကနေ ဆေးအဖွဲ့က ဖြတ်ပြေးသွားတယ်။ ဆေးအဖွဲ့ဖြတ်ပြေးတဲ့ဟာကို ကျနော်က လိုက်ရိုက်ရင်းနဲ့ အဲ့ဒီပုံကိုရိုက်နေရင်းနဲ့ ရိုက်ပြီး ဆေးအဖွဲ့က အဲ့ဒီနေရာကို ဖြတ်သွားတာ။ ဖြတ်ဖြတ်ပြီးချင်းမှာဘဲ အဲ့ဒီ ကျနော့်အရှေ့ ဆယ်ပေလောက်ဘဲကွာတယ်။ အဲ့နေရာမှာ လက်နက်ကြီးကျတယ်။ ကျတော့ ကျနော်က မတ်တပ်ရပ်နေတယ်။ တမံတလင်းပေါ်မှာဗျာ။ တမံတလင်းပေါ်မှာ ကျနော်က မတ်တပ်ရပ်နေတယ်။ ဒါပေမယ့် လက်နက်ကြီးက ကိုယ့်ရှေ့မှာတင် ဗုန်းဆို ကျသွားတယ်။ ဒါပေမယ့် ကျနော့်ဖက်ကို တစ်စမှမစင်ဘူး။ ကျနော့်ဖက်ကို လာမပေါက်ကွဲဘူး။ ကျန်တဲ့ဖက်တွေအကုန်ကွဲတယ်။ ကျန်တဲ့လူတွေ အကုန်လုံးထဲမှာမှ တစ်ချို့လူတွေ ထိသွားတဲ့ဟာတွေရှိတယ်။ ကျသွားတဲ့ဟာတွေရှိတယ်။ အဲ့ဒီတော်တော်များများ။ ဒါပေမယ့် ကျနော့်ဖက်ကို အဲ့ဒီအစတွေ မစင်သွားဘူး။ ကံကောင်းတာပေါ့နော။ ဆိုတော့ အဲ့တာတော့ မှတ်မှတ်ရရဘဲ။ အဲ့ဒီအချိန်မှာ ကျနော်နားတွေအူသွားပြီး ကျနော့်ကိုယ်ကျနော်ပြန်စမ်းတာပေါ့။ သွေးတွေဘာတွေထွက်နေလား။ ဘာဖြစ်သွားပြီလဲပေါ့။ ဒါပေမယ့် ဘာမှမဖြစ်ဘူး။ ဘားမဖြစ်တော့လည်း ဆက်ရိုက်တာပေါ့။ နောက်ဘေးမှာကျသွားတဲ့လူတွေ ပြန်ရိုက်။ ပြီးသွားတော့ ချက်ချင်းပြန်ဆုတ်ပေါ့။ အဲ့ဒါတော့ မှတ်မှတ်ရရပေါ့နော။ ရှေ့တန်းအတွေ့အကြုံနဲ့ ပတ်သက်ပြီး ပြန်တွေးကြည့်ရင် မှတ်မှတ်ရရ ဖြစ်နေတာပေါ့။

မေး – ဒီတော်လှန်ရေးအပေါ်ကိုယ့်တစ်ယောက်ရဲ့ ခံယူချက်က ဘယ်လိုရှိနေလဲ။

ဖြေ – တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ခံယူချက်ကတော့ ကျနော်ကတော့ အရင်တုန်းကတော့ အများနည်းတူပေါ့နော။ မျှော်လင့်ချက်တွေရှိတယ်။ အချိန်ကာလသတ်မှတ်ချက်တွေ ရှိတယ်။ ဥပမာ သုံးနှစ်အတွင်းလား လေးနှစ်အတွင်းလား ဒါတွေမျှော်လင့်တယ် တွေးတယ်။ ဒါပေမယ့်နောက်တော့ အဲ့ဒါတွေ မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီဟာတွေထက်စာလို့ရင် ကျနော်တို့ အခုက ကျနော်တို့ ကရင်နီပြည်နယ် တစ်ပြည်နယ်လုံးကလူငယ်တွေ အပါအဝင် ကျနော်တို့အားလုံးက အတူတူအကောင်းဆုံးကြိုးစားနေကြတာဘဲ။ ကျနော်တို့ အသက်တွေကိုရင်းပြီးတော့ ကြိုးစားတယ်ဆိုတာ အဲ့ဒီထက်ပိုကောင်းတဲ့အရာမရှိတော့ဘူး။ အဲ့ထက်ဘာမှပိုပြီး ထပ်ပေးဆပ်လို့မရတော့ဘူး။ အဲ့တာအကုန်ဘဲ။ ဆိုတော့ ကျနော်တို့က ပေးဆပ်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ကြိုးစားတယ်ပေါ့နော။ ဒီကျနော်တို့ ပြည်နယ်လေး လွှတ်မြောက်ဖို့အတွက် ကျနော်တို့ ပြည်နယ်လေး ကောင်းစားဖို့အတွက် အနာဂတ်မှာ ထပ်ပြီးမွေးဖွားလာမယ့် မျိုးဆက်သစ်လေးတွေ ဒီလိုမျိုးအဖြစ်ဆိုးတွေ မကြုံဖို့အတွက် ကျနော်တို့က အစွမ်းကုန်ကြိုးစားကြတယ်။ ဆိုတော့ အဲ့ဒီကြိုးစားမှုက ကျနော်တို့ တစ်ယောက်ထဲလည်း ကြိုးစားလို့မရဘူး။ ကျနော်တို့လူငယ်တွေ ထိထပ်ပြီးတော့လည်း မပြီးသွားဘူး။ ဒါ လူကြီးတွေရဲ့ ဦးဆောင်မှု အခန်းဂဏ္ဍတွေ ပါလာမယ်။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေပါလာမယ်။ အဲ့တာတွေကတော့ ကျနော်တို့ ထိန်းချုပ်လို့ရတဲ့အရာတွေ မဟုတ်ဘူး။ အဲ့ဒါတွေက ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု မြန်ရင်မြန်သလို၊ များရင်များသလို ကျနော်တို့ အရေးတော်ပုံပြီးမယ်။ နောက် ခေါင်းဆောင်တွေ စီမံခံခွဲမှုကောင်းရင်ကောင်းသလို ကျနော်တို့ အရေးတော်ပုံအောင်မယ်။ ဆိုတော့ အဲ့ဒီနှစ်ခုက ကျနော်တို့ မတတ်နိုင်ဘူး။ ဒါ သူတို့လုပ်မှ ပြီးမယ့်ကိစ္စတွေ။ ဆိုတော့ အဲ့ဒါတွေ ကျနော်တို့ မမျှော်လင့်တော့ဘူး။ ကျနော်တို့ လုပ်ရမယ့်အပိုင်းကို ကျနော်တို့ အစွမ်းကုန်လုပ်တယ်။ အကုန်ထုတ်တယ် ကျနော်တို့ ရှိသမျှဟာတွေ အကုန်ပေးတယ်။ ဆိုတော့ အဲ့ဒါဘာဘဲ ကျနော်ကတော့ အကောင်းဆုံး အတတ်နိုင်ဆုံးဖြစ်အောင် ကြိုးစားလာတယ်။ သူ့ဟာသူဘာဘဲဖြစ်နေဖြစ်နေပေါ့။ နောက်ပိုင်း အောင်ချင်လည်း အောင်မယ် မအောင်ချင်လည်း အဲ့တာတော့ ထားတော့။ ဒါပေမယ့် ကျနော်တို့ အားလုံးကြိုးစားကြခဲ့တယ် ကြိုးစားနေဆဲဘဲပေါ့။ “

မေး – လက်ရှိ ကရင်နီပြည်က စစ်ရှောင်တွေကိုရော ဘာပြောချင်လဲ။

ဖြေ – စစ်ရှောင်တွေကတော့ ကျတော်တို့ တစ်ချိန်လုံးကြုံနေရတာပေါ့ ဟုတ် ကျတော်တို့ တိုက်ပွဲဖြစ်တဲ့ ချိန်မှာ ကျတော်တို့ ဘေးမှာ ပြေးသွားတဲ့ စစ်ရှောင် ပြီးသွားတော့ စခန်းထဲမှာ ရှိနေတဲ့ စစ်ရှောင်တွေ ကျတော်တို့လည်း ရှေ့တန်းမှာတိုက်ပွဲတွေ လုပ်နေရင်းနဲ့ အားတဲ့ချိန် စစ်‌ရှာင်တွေမှာ ဝိုင်းကူညီတဲ့ဟာလည်း အများကြီးပေါ့‌နော ဆိုတော့ ဘာပြောချင်လဲဆို‌တော့ ကျတော်တို့ အကုန်လုံးတူတူဘဲဆိုတဲ့ကိစ္စကို ကျတော်တော့ ပြောရမှာဘဲ သူတို့လည်းခံစားနေရတယ် ကျတော်တို့လည်းခံစားနေရတယ် အကုန်တူတူပဲ အကုန်လုံးကမျှော်လင့်တာလည်း အိမ်ပြန်ချင်ကြတယ် ဒါလည်းတူတူဘဲ ကျတော်တို့ဆီမှာ တူညီတဲ့ခံစားချက်ရှိတယ် ကျတော်တို့ဆီမှာ ဘယ်သူမှ မရှိချင်နေ ဒါပေမဲ့ အပြန်လှန် ကျ‌တော်တို့ တယောက်ကိုတယောက် ချစ်ခင်တန်ဖိုထားမှု တွေရှိနေကြတာပေါ့နော ဆိုတော့ အဲဒီစိတ်နဲ့ဘဲ ကျတော်တို့က ဆက်ပြီးသွားရကြရမှာပါပဲ ပြီးသွားတော့ ဆုံးရှုံးမှုတွေ နေ့စဥ်နဲ့အမျှရှိနေတာကို ကျတော်တို့ ဘက်ကလည်း ကျတော်တို့ တိုက်ပွဲ တဲ့အဖွဲ့မှာ လည်းဆုံးရှုံးမှုတွေ အမြဲတမ်းဖြစ်နေကြပါတယ် တစ်နိုင်ငံလုံးမှာဖြစ်နေကြတာပါ ဒါတွေက ပြီးသွားတော့ အထူးသဖြင့် စစ်ကိုင်းတို့ မကွေးတို့ ကရင်တို့ ချင်းတို့ ဒီနေရာတွေမှာ လည်း အကြီကျယ်ပဲ စစ်ရှောင်စခန်းတွေ ဗုံးကျဲခံရတယ် တိုက်ခိုက်ခံရတယ် ဆိုတော့ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ စစ်ရှောင်တွေဟာ ဒုက္ခအကြီးကျယ်ရောက်နေရတယ် ဆိုတာ ကို ကျတော် ပြောပြချင်တာပါပေါ့နော ပြီးသွားလို့ရှိရင် ဘားမှ ကျတော်တို့က စစ်ဓာတ်ကျစရာရှိတာတော့ ကျရမှာဘဲ ဒါပေမဲ့ ပြန်ပြီး‌တော့ ထူထောင် စရာရှိရင်လည်းပြန်ပြီးတော့ ထူထောင်ရမှာဘဲ စိတ်ဓာတ်ကျပြီးရင်‌တော့ ပြန်ပြီးတော့ ထူထောင်ရမှာပေါ့နော ကျတော်တို့အကုန်လုံးဝိုင်ပြီးတော့ အတူတူထူထောင်ကြမှာပေါ့နော သူတို့ တစ်ယောက်ထဲရှိတာမဟုတ်ဘူး ကျတော်တို့ အတူတူအပြန်အလှန်ရှိတယ်ဆိုတဲ့ ဟာကိုဖော်ပြချင်ပါတယ်။

မေး – ထပ်မံ ဖြည့်စွက်ပြောပြချင်တာရှိရင် ပြောပြပေးပါဦးရှင့်။

ဖြေ – ဖြည့်စွက်ပြောစရာကတော့တစ်ခုပါပဲ ကျနော် ‌‌‌ရှေ့တန်းသွားရင်တော့ ကျတော်ဘယ်တော့မှ သေနတ်မကိုင်ဘူး‌ပေါ့နော သေနတ်တခါးမှ မကိုင်ဘူး အတိုလည်းကျတော့ ခါးကြားထဲမှာ မထိုးထားဘူးပေါ့နော အဲတာက ဘာဖြစ်လိုလဲဆိုတော့ နံပတ်တစ်ကတော့ မှတ်တမ်းသမားရဲ့ အာရုံစူးစိုက်မှုက အရေးကြီးတယ် အာရုံစူးစိုက်မှု အပြည့်ပေးမှ ဘယ်မှာဘာဖြစ်နေတယ်ဆိုတာ တောက်လျောက်အာရုံစိုက်ပြီး အနီးကပ်လိုက်ကြည့်နေမှ မှတ်တမ်းကောင်းကောင်းရတာ အပျင်းထူနေလို့မရဘူး အဲတော့ ကျတော်က သေနတ်ကိုင်ပြီးသွားပစ်နေရင် ကျတော့မှတ်တမ်းတွေလွတ်နိုင်တယ်ပေါ့နော အဲတာကြောင့်ကျ‌တော် သေနတ် မကိုင်ဘူးပေါ့နော အဲဒါအပြင် နောက်တစ်ခုကတော့ လေးတယ်လေး သေနတ်က ‌လေးတဲ့အတွက် ကျ‌တော်မကိုင်ချင်ဘူး ဟို ဒီအတိုကလည်းအလကားဘဲ ဝယ်ကိုင်ထားလို့ရှိရင် စျေးကြီးတယ် ဝယ်လိုက်တယ် ပြီးလို့ရှိရင် ခါးကြားထိုထားရင်လေးတယ် ပြီးသွားလို့ရှိရင် ဒီအတို ကချေမှုန်းရေးလည်းမလုပ်နိုင်ဘူး ခြောက်ပစ် ပစ်ပေ့ါ ရမ်းပစ်ပေါ့ air ပစ်ပစ်ပေါ့ မဟုတ်လည်း ကိုယ့်ကိုသတ်သေ ဒါပဲရှိတယ် ဆို‌တော့အဲတာတွေလုပ်မယ့်အစား ထွက်ပြေးလိုက်တာ က ပိုကောင်းတယ်ထင်လို့ ကျတော်က မကိုင်ဘူး ဆိုတော့ ကျ‌တော်က ‌ရှေ့တန်းမှာ တလျောက်လုံးက လက်နက်မကိုင်ဘူး ဒါပေမဲ့ တိုက်ပွဲတွေ တောက်လျောက် ကျတော်သွားခဲ့ပါတယ်။။

spot_img
spot_img