spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီစစ်ရှောင်တွေအတွက် ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ မယ်ဟောင်ဆောင်မှာ ဘောလုံးပြိုင်ပွဲပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကရင်နီစစ်ဘေးရှောင်လူထုအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ အကူအညီပေးနိုင်ဖို့ ရည်ရွယ်ပြီး ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့မှာ ဘောလုံးအားကစားပြိုင်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါပြိုင်ပွဲကို ကရင်နီလူငယ်တွေစုပေါင်းပြုလုပ်တာဖြစ်ပါတယ်။ ဘောလုံးပြိုင်ပွဲပြုလုပ်ခြင်းအပြင် စျေးဆိုင်တွေရောင်းချတာတွေရှိပြီး ရလာတဲ့ ရန်ပုံငွေတွေကို ကရင်နီစစ်ရှောင်အတွက် အသုံးပြုသွားမယ်လို့ ပွဲစီစဉ်သူဖြစ်တဲ့ ခူးပလဲရယ်က ပြောပါတယ်။

“ဒီပွဲက အဓိက ဆိုလို့ရှိရင် ရမယ့် ပိုက်ဆံ‌‌တွေက ကရင်နီပြည် စစ်ရှောင်အတွက် လုပ်မယ်ပေါ့နော။ အဓိက ရိက္ခာအပိုင်းကျနော်တို့လုပ်မယ်။ ကျနော်တို့ ဘယ်လိုပြောထားလဲဆိုလို့ရှိရင် ဥပမာ အားကစားသမားတွေက ဘော်လုံးပွဲကစားတဲ့အချိန်မှာ ပွဲတွေအများကြီးရှိတဲ့အချိန် အင်္ကျီတွေအများကြီးထုတ်လေ့ရှိတယ်။ ကျနော်တို့ သူတို့ကို မဝတ်တော့တဲ့ အင်္ကျီတွေကို လာလှူလို့ရတယ်။ ရေတွေလာလှူလို့ရတယ်။ ကျနော်တို့လက်ခံတယ်။ ပိုက်ဆံတွေလည်း လက်ခံတယ်။ ပစ္စည်း ဥစ္စာတွေ‌လည်း လက်ခံတယ်ပေါ့နော” လို့ သူက ပြောပါတယ်။

ပြိုင်ပွဲအတွင်း ပြိုင်ပွဲဝင်အသင်း ၈ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲကို မယ်ဟောင်ဆောင်မြို့မှာ ပြုလုပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အခက်အခဲစိန်ခေါ်မှုကြားက ပိုကောင်းတဲ့ အစီအစဉ်တွေနဲ့ ဆက်လက် လုပ်‌ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ကရင်နီလူမျိုးစုအနေနဲ့လည်း ဒီလိုမျိုးပွဲတွေကို ပါဝင်အာပေးရင်း ဒုက္ခရောက်နေတဲ့ ကိုယ့်ရဲ့ ညီအကိုမောင်နှမ‌တွေကို တစ်ဖက်တစ်လှမ်းကနေ ကူညီဖို့သူက ဆက်လက် တိုက်တွန်းထားပါတယ်။

“နယ်စပ်မှာ ရှိတဲ့ ကရင်နီလူမျိုး‌ပေါ့နော။ ကရင်နီရွာတွေ ဖြစ်နိုင်ရင် တစ်ရွာတစ်သင်း အနည်းဆုံး ပို့ခိုင်းစေချင်တယ်။ လူများရင်တော့ တစ်ရွာ နှစ်သင်းပေါ့နော။ ကျနော်တို့ ကရင်နီဟာဆိုရင် လူနည်းစုဖြစ်တယ် မယ်ဟောင်ဆောင်ခရိုင်မှာ။ တိုင်းရင်းသားမှာဆိုရင် ကရင်နီဟာ အနည်းဆုံးပဲ။ ကျနော်တို့ ကရင်နီပြည်သူပြည်သားများအားလုံး မိန်းကလေးဖြစ်ဖြစ် ယောကျ်ားလေးဖြစ်ဖြစ် လာအားပေးလို့ရတယ်ဆိုပြီးတော့ အမြဲတမ်းပို့ပေးပါ။ ဘောလုံးပွဲမှာ ကျနော်တို့နဲ့ ပါဝင်ပူးပေါင်းပါ။ ကျနော်ကရင်နီဟာဆိုရင် လူနည်းစုဖြစ်တဲ့အတွက် စည်းလုံးမှဖြစ်မယ်ဆိုတဲ့ အကြောင်းပေါ့နော။” လို့ ခူးပလဲရယ်က ဆက်ပြောပါတယ်။

၂၀၂၃ခုနှစ်အတွင်းမှာ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ‌ထဲကို ထွက်ပြေးခိုလှုံလာတဲ့ ကရင်နီစစ်ဘေးရှောင် ၉ထောင်ကျာ်ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေထံကနေ သိရပါတယ်။

spot_img
spot_img

Recent posts