spot_img
Monday, November 28, 2022
spot_img

ကရင်နီတပ်မတော် (KA)၊ KNDFပူးပေါင်းအဖွဲ့မှ ရိက္ခာ၊တပ်အင်အား သယ်ဆောင်တဲ့ စစ်ကောင်စီယာဉ်တန်းကို ချုံခိုတိုက်ခိုက်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာနဲ့ ကျောက်ကုန်းကျေးရွာအနီး ရိက္ခာ နဲ့ တပ်အင်အား အပြည့်သယ်ဆောင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တို့ ပူးပေါင်းပြီး ချုံခိုတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဖက်မှ စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDFသတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ဇူလိုင်လ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့ဖက်ဦးတည်ပြီး လူ၊ ရိက္ခာ၊ လက်နက်၊ လား၊ မြင်း ကို ဇူလိုင်လ ၂၃ရက်နေ့ နံနက်ပိုင်းမှာ သယ်ဆောင်လာပြီး ဇူလိုင်လ ၁၈ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဘောလခဲမြို့၊ ဖရူဆိုမြို့နယ်အတွင်း ထိုးစစ်ဆင်လျက်ရှိကာ တပ်အင်အား၊ ရိက္ခာ ဖြည့်တင်းရန် ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်း ဘီယာကျေးရွာနဲ့ ဒိုမိုခိုကျေးရွာတို့မှာလည်း ဇူလိုင်လ ၂၂ရက်နေ့မှာ စစ်ကြောင်း တပ်ဖြန့်ပြီး ဘောလခဲမြို့နဲ့ဖရူဆိုမြို့နယ်ကြား နန်းဖဲကျေးရွာနဲ့ ကလိလျားကျေးရွာဖက်မှာ လှုပ်ရှားနေတဲ စစ်ကောင်စီတပ်က နန်းဖဲမှတဆင့် ဖားဆောင်းမြို့နယ်အတွင်း အကြမ်းဖက်နယ်ချဲ့စစ်ဆင်ရေးပြုလုပ်နေတယ်လို့ သိရပါတယ်။

ပျောက်ကျားတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြေကုပ်ယူထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီမှ စစ်ဆင်ရေးပြုလုပ်နေတဲ့အတွက် တိုက်ပွဲအချိန်မရွေး ထပ်မံဖြစ်ပွားနိုင်တာကြောင့် ပြည်သူများအနေနဲ့ လုံခြုံရေးသတိရှိကြပါဖို့ KNDFသတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ အလှူရှင်မရောက်ရှိတာ ၃လကျော်ရှိနေ

ကန္တာရဝတီတိုင်း( မ် ) ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ အလှူရှင်တွေ မရောက်တာ ၃လကျော်ရှိနေပြီး စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ အဲဒီစစ်ရှောင်စခန်းနေ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ချယ်ရီမိုးက ပြောပါတယ်။ “အစပိုင်း စစ်စရှောင်တုန်းက အလှူရှင်တွေ တော်တော်လေးကို ဝင်လာကြတယ်ပေါ့နော။ တော်တော်လေးကိုရတယ်။ မိုးကာတို့ ဆန်၊ဆီ၊ဆားတို့ အကုန်ပေးတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့...

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ယမန်နေ့ (နိုဝင်ဘာလ ၂၅ရက်) ည ၇ နာရီ ခွဲဝန်းကျင်လောက်မှာစစ်ကောင်စီတပ်က လက်နက်ကြီး ၁၀ လုံး ထက်မနည်း ပစ်ခတ်ခဲ့ပြီး လူနေအိမ် တစ်လုံး ထိမှန် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ဒီးမော့ဆို အခြေစိုက် ၁၀၂ တပ်က ပစ်ခတ်တာ ဖြစ်နိုင်ပြီး လူအထိအခိုက်တော့...

ကရင်နီပြည်သူ့ရင်ခွင်မှာ အဓိကအသုံးပြုမယ့် သေနတ် ၃လက် ကမ်ပိန်းပြည့်ဖို့ ၇၉ရာခိုင်နှုန်းလိုအပ်နေသေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်သူ့ရင်ခွင်ကနေ “ ပြည်သူ ဘက်သို့ရပ်တည်ပေးသော CDMစစ်သားများအား ကူညီပေး” ဆိုတဲ့ M4 သေနတ် ၃လက်ရရှိဖို့အတွက် ပထမဆုံးကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ပြီး ကမ်ပိန်း ၂၆ရက်အထိ ၇၉ရာခိုင်နှုန်းလိုအပ်သေးတယ်လို့ ကရင်နီပြည်သူ့ရင်ခွင်တာဝန်ခံ ကိုယုန်လေးက နိုဝင်ဘာလ ၂၅ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။ “ ကျနော်တို့ အမှန်ဆို တစ်လပဲ...

တော်လှန်ရေးအကြောင်းပြပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ ခပ်စိပ်စိပ်ရှိလာတယ်လို့ KNDF ဆို

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် မှာ နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးကို အကြောင်းပြပြီး လူထုတွေဆီ ခြိမ်းခြောက်ငွေတောင်းခံမှုတွေ ခပ်စိပ်စိပ်ရှိလာနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဗဟိုစုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့ ( ITF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “ လူတွေအများစု ကြုံရတာကတော့ အဖွဲ့စည်းတစ်ခုခုပေါ့လေ။...