spot_imgspot_imgspot_imgspot_img
Friday, March 28, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်ကို ရောက်ရှိလာတဲ့ နိုင်ငံကျော် အဆိုတော် နိုဗယ်ထူး ( Novem Htoo ) နဲ့ တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်)

နိုင်ငံကျော် အဆိုတော် နိုဗယ်ထူးဟာ လက်ရှိမှာတော့ ကရင်နီပြည်က တော်လှန်ရေးရဲဘော်တွေနဲ့ တော်လှန်ရေးနယ်မြေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကရင်နီလူငယ်တွေရဲ့ တော်လှန်ရေးအပေါ် ထားရှိတဲ့ သူ့ရဲ့အမြင်၊ စစ်ရှိန်မြင့်နေဆဲဖြစ်တဲ့ ကရင်နီပြည်အပေါ် သူ့ရဲ့ မျှော်လင့်ချက်၊ လူထုတွေအတွက် တော်လှန်ရေး စကား စတာတွေကို ကြားသိကြရမှာပါ။

“လူထုအနေနဲ့လည်း ဒါကိုတော့ မမေ့ဖို့လိုတယ်ပေါ့နော။ ဒီဘက်မှာ အသက်တွေ ချွေးတွေ၊ သွေးတွေ ဒုက္ခမျိုးစုံခံပြီးတော့ ပြည်နယ်လွှတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့အချိန်မှာ ဒီပွဲလေးကိုတော့ တတ်နိုင်သမျှ အားမလျော့ဘဲနဲ့ ရတဲ့နေရာကနေ ဆက်လက်ရုန်းကန်ပေးကြပါပေါ့နော။ ကျနော်တို့ စဉ်းစားရင် လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ စစ်တပ်က ကြောက်အောင််ခြောက်တဲ့အချိန်မှာ လိုက်ကြောက်နေရင် ကျနော်တို့က သူ့အလိုအတိုင်း ဖြစ်မှာပေါ့နော။ အဲ့အောက်ကိုတော့ သူတို့ ပိတ်ဆို့ထားတဲ့ကြားထဲကနေ ကျနော်တို့ ဘယ်လို နည်းလမ်းတွေနဲ့ ဆက်လက်ပါဝင်လို့ရတယ်ဆိုတာ ဝိုင်းဝန်းအဖြေရှာရင်းနဲ့ ဆက်လက်ပါဝင်ပေးကြပါ။” လို့ ပြောလာတဲ့ နိုင်ငံကျော် အဆိုတော် နိုဗယ်ထူးနဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်နဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အပြည့်အစုံကို အောက်ပါဗီဒီယိုဖိုင်မှာ ကြည့်ရှု့နားဆင်နိုင်ပါတယ်။

https://youtu.be/LkpEwx5V6oI
spot_img
spot_img