spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်က စစ်ရှောင်နေရာတွေမှာ ဆေးရုံ (၅) ရုံ ဖွင့်လှစ်နိုင်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်က ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ စစ်ရှောင်ပြည်သူတွေ ရှိတဲ့နေရာတွေမှာ ဆေးရုံ (၅)ရုံ ကို ဖွင့်လှစ်နိုင်ပြီး ဆေးရုံ (၄) ခုဟာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ကျန်းမာရေး လက်အောက်နေ သွားနေပြီဖြစ်တယ်လို့ KSCC ညွှန်ကြားရေးမှူး ခွန်းဖိလစ်က ပြောပါတယ်။

အဆိုပါ ဖွင့်လှစ်နေပြီဖြစ်တဲ့ ဆေးရုံ ၅ ရုံထဲမှာ ၃ရုံကတော့ ခွဲစိတ်ကုသမှု တချို့တွေကို လုပ်ပေးနိုင်နေပြီလို့ ခွန်းဖိလစ်က ဆက်ပြောပါတယ်။

“ အဓိက ကျနော်တို့ တွေ့နေရတာကတော့ ထိခိုက်ဒဏ်ရာပေါ့နော။ တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာတွေ… ဥပမာ ခြေပြတ်တာ၊ လက်ပြတ်တာနောက်၊ ကလေးမီးဖွားတာ၊ ခွဲမွေးတာ၊ နောက်ပြီး ကျည်ထိခိုက်ဒဏ်ရာတွေ၊ ဖြတ်တာတွေ အဲဒါမျိုးတွေ အများအားဖြင့် ကျနော်တို့ လုပ်လေ့ရှိတယ်ပေါ့နော။ ဆရာဝန်တွေကတော့ သူတို့နိုင်တဲ့အပိုင်းတွေ သူတို့အားလုံးတော့ လုပ်တယ်ပေါ့နော။ ဒါပေမယ့် အရမ်းကြီး ဦးနှောက်တွေ၊ ခေါင်းတွေအထိတော့ အဲလိုမျိုးတွေကျတော့လည်း ကျနော်တို့ ကျွမ်းကျင်တဲ့ ပါမောက္ခတွေ ကျနော်တို့ဆီမှာတော့ မရှိသေးဘူးပေါ့နော။ ” လို့ ခွန်းဖိလစ် ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်က တော်လှန်ရေးအင်အားစု တွေ အားကောင်းတဲ့နေရာတွေမှာ စစ်ကောင်စီရဲ့ ဆေးရုံ၊ဆေးပေးခန်းတွေ မလည်ပတ်နိုင်တော့တာကြောင့် စစ်ရှောင်တွေရှိတဲ့ နေရာမှာ အခုလို ဆေးရုံတွေကို ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။

အဆိုပါဆေးရုံတွေကို CDM ဆရာဝန်တွေနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေ စုပေါင်းပြီး လည်ပတ်ပေးတာဖြစ်ပါတယ်။

အဲဒီဆေးရုံတွေထဲက ၄ ခု ဟာ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ( KSCC ) ရဲ့ လက်အောက်ကနေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီမှာ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် ( CHDN ) လက်အောက်ကနေလည်း ဆေးပေးခန်း (၅၈) လုံး ရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်စခန်းတွေမှာလည်း ကိုယ်ထူကိုယ်ထဖွင့်လှစ်နေတဲ့ ဆေးပေးခန်းတွေလည်းရှိပါတယ်။

ဒီလိုဆေးကုပေးတဲ့နေရာမှာ စစ်ရှောင်လူနာတွေအနေနဲ့ နေရာပြောင်းရွေ့ စစ်ရှောင်တာမျိုးတွေရှိတဲ့အတွက် ဆေးကုသပေး တဲ့နေရာမှာ အခက်အခဲရှိနေသလို စစ်ကောင်စီဘက်က ဆေးရုံ၊ ဆေးပေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေရှိတဲ့အတွက် လုံခြုံရေးအရ စိုးရိမ်မှုရှိနေတယ်လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။

“ဆေးခန်းတွေခါကျတော့ တခါတလေမှာ အန္တာရာယ်ရှိလို့ ရွေ့ရတဲ့ အချိန်မျိုးတွေမှာခါကျတော့ စောင့်ရှောက်မှုက ပုံမှန် စောင့်ရှောက်မှု မခံယူနိုင်တဲ့ သူတွေလည်းရှိတယ်။ အဲဒီလိုမျိုးတော့ရှိတယ်။” လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေစတင်ဖြစ်ပွားပြီးနောက် ကရင်နီပြည်က စစ်ဘေးရှောင်တွေဟာ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ မရရှိခဲ့လို့ အသက်သေဆုံးတာတွေ လည်းရှိနေပါတယ်။ အာဏာသိမ်းကာလ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ကရင်နီပြည်မှာ စစ်ရှောင်ရင်း သေဆုံးခဲ့ရတဲ့ ပြည်သူ (၁၂၆) ဦးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု(PKPF)က ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး အရပ်သားပြည်သူ နှစ်သိန်းကျော်စစ်ဘေးရှောင် နေကြရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်နေရတဲ့ သူတွေဟာ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ မယ်စဲ့၊ ဖားဆောင်း၊ ရှားတော၊ ဘောလခဲ မြို့နယ်က ဒေသခံတွေဖြစ်ပါတယ်။

spot_img
spot_img

Recent posts