spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်က ဘေးမဲ့တောဇုန် ၃ နေရာကို ထိန်းသိမ်းဖို့ ဆောင်ရွက်မယ်လို့ Wildlife Protection အဖွဲ့ဆို

ကန္တာရဝတီတိုင်း (မ်)

ကရင်နီမှာ တောရိုင်းတိရစ္ဆာန်ကာကွယ်ပေးတဲ့ ဘေးမဲ့တော ထိန်းသိမ်းကာကွယ်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ တောရိုင်းတိရစ္တာန်ကာကွယ်ရေးအဖွဲ့ (Wildlife Protection) က ဆိုပါတယ်။ ကရင်နီပြည်နယ်မှာ ဘေးမဲ့တောဇုန် ၃ နေရာရှိပြီး ရှား‌တောမြို့ ၊ ရှမ်း -ကရင်နီနယ်စပ် ၊ ဖားဆောင်းမြို့ စတဲ့ဒေသတွေမှာအသီးသီးရှိတယ်လို့ ဆိုပါတယ်။

တောရိုင်းတိရစ္တာန်ကာကွယ်ရေးအဖွဲ့ ကနေပြီး ကရင်နီက စစ်ဘေးရှောင်တစ်နေရာမှာလည်း ပထမဆုံးအကြိမ် လာရောက်ပြီး နှမ်းနဲ့ မြေပဲ မျိုးစေ့လှူဒါန်းခဲ့သလို စစ်ရှောင်ဦးရေ နှစ်ထောင်ကျော်အတွက် အားကစားပြိုင်ပွဲ၊ အကယှဥ်ပြိုင်ပွဲ၊ အာဟာရတိုက်ကျွေးခြင်း တွေကို လုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

“ အခုဆိုရင် စပြီးတော့ သူတို့မျိုးစေ့တွေပေးတယ်။ ကန့်သတ်နယ်မြေဧရိယာမှာရှိတဲ့ ကျေးရွာတွေ စစ်‌ရှောင်တွေ ဖြစ်စေ ဘာတွေလိုအပ်ချက်ရှိလဲ ဆိုရင်သူတို့က ကူညီပေးတယ်ပေါ့နော။ အဓိကကျတော့ ကန့်သတ်နယ်မြေက သူတို့အတွက် ဘာတွေသယ်ဆောင်ပေးလဲ။ ဒီလိုကန့်သတ်နယ်မြေလုပ်ပြီးတော့ သူတို့အတွက်ဆိုးကျိုးမဟုတ်ပဲ သူတို့ ကိုဘာတွေ သယ်ဆောင်လာပေးလဲ ဆိုတဲ့ရည်ရွယ်ချက်ရှိကြောင်း အဓိကရည်ရွယ်ချက်နဲ့ လုပ်ရခြင်းဖြစ်တယ်ပေါ့နော” လို့ Wildlife Protection အဖွဲ့ အတွက် တစ်ဆင့်ခံ လာရောက်လှူဒါန်းခဲ့သူက ပြောပါတယ်။

စစ်ရှောင်တွေကို တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းရခြင်းဖြစ်ပြီး တောရိုင်းတိရိစ္ဆာန်တွေအတွက် ကန့်သတ်နယ်မြေတွေ လိုအပ်ကြောင်းကိုလည်း ချပြခဲ့တယ်လို့ Wildlife Protection အဖွဲ့ အတွက် တစ်ဆင့်ခံ လာရောက်လှူဒါန်းခဲ့သူက ဆက်လက်ပြောဆိုပါတယ်။

အခုလို ကန့်သတ်နယ်မြေထားရှိခြင်းရဲ့ နောက်ဆက်တွဲအကျိုး သိလိုကြောင်း ရည်ရွယ်ချက်နဲ့ လာရောက်လှူဒါန်းပေးခြင်းကိုလည်း ဒေသခံတွေအနေနဲ့ အသိမှတ်ပြုပြီး အလေးနက်ဆောင်ရွက်သွားမယ်လို့လည်း စစ်ဘေးရှောင် ဦးဗျားရယ်က ပြောပါတယ်။

“ တိရစ္ဆာန်ထိန်းသိမ်းတဲ့ နေရာကို ပြန်လုပ်မယ်တဲ့။ နောက် စီစီတီဗီတွေလည်း တပ်မယ်ဆိုတော့ ကျနော်တို့ ကြည်ကြည်ဖြူဖြူလက်ခံတယ်။ ဘာဖြစ်လဲဆိုရင်တောရိုင်းတိရစ္ဆာန်တွေက မျိုးတုန်းပျောက်ကွယ် နီးပါးလောက်ရှိပြီလေး။ အဲလိုမျိုးလုပ်ပေးမှသာလျှင် နောက်လာမဲ့ အနာဂတ်အတွက် ကလေးတွေ ဆိုရင် သမင်ဆိုလည်း သမင် တွေ့ရမှာပေါ့နော။ နွားရိုင်းဆိုလည်း နွားရိုင်းတွေ တွေ့ရမယ်အဲမျိုးပေါ့နော။ အဲမျိုးမလုပ်လို့ရှိရင်တော့ တစ်နေ့တစ်ချိန်ကျရင် အရုပ်ကလေးပဲ ကလေးတွေကို ပြရတော့မယ် အဲမျိုးပေါ့” လို့ ပွန်ချောင်းအနီးစစ်ဘေးရှောင် ဦးဗျားရယ်က ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းကြောင့် အမဲလိုက်မုဆိုးတွေလည်း များလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img