spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်တွင်းမှာ စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူပေးကြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေ ထုတ်ပြန်တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်တွင်းမှာ စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို သံတမန်ရေးရာ ထုတ်ပြန်ချက်တွေထက် ပိုမိုခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ အရေးယူမှုတွေကို လုပ်ဆောင်ပေးကြဖို့ နိုင်ငံတကာအသိုင်းအဝန်းတွေကို အရပ်ဖက်အဖွဲ့အစည်းတွေက အစီရင်ခံစာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

“ အနာဂတ်မှာ တို့ ဘယ်လိုရှင်သန်ကြမလဲ။ ကရင်နီပြည်နယ်အတွင်းမှ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ “ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အွန်လိုင်းမှတဆင့် အစီရင်ခံစာ ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။

အသက်အန္တာရာယ်ထိခိုက်စေတဲ့ လေကြောင်းပစ်ခတ်မှုတွေကို စစ်ကောင်စီဘက်က ရပ်တန့်နိုင်ဖို့ လက်နက်ရောင်းချခြင်းနဲ့ လေကြောင်း လောင်စာဆီတွေကို တင်သွင်းရောင်းချမှု ပိတ်ဆို့ပြီး ထိရောက်စွာအရေးယူနိုင်ခြင်းကို ပိုမိုပြုလုပ်ဖို့ လိုအပ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီအရင်ခံစာမှာ အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)၊ကယားပြည်နယ် ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးကွန်ယက်(KSPMN)၊ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)၊ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO) တို့ ပါဝင်ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှာအွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ အစီရင်ခံစာ မိတ်ဆက်ပွဲမှာ KNWO မှ မော်ဒေးမြာကတော့ ကရင်နီပြည်က စစ်ရှောင်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ လက်ရှိကရင်နီပြည်မှာ စစ်မြေပြင် စစ်ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာဖြစ်တယ်။ ပထမဆုံး ကျမတို့
ကြုံရတာက လုံခြုံရေး ဆိုတော့ လုံခြုံရေးမှာ အရေးကြီးဆုံးဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
အပြင်ကို မျိုးစုံသော စိန်ခေါ်မှုတွေကို ကျမတို့ကြုံရတယ်။ အဲထဲမှာ ကျမတို့က
စီရင်ခံစာထဲမှာရေးသားခဲ့သလို အမျိုးသမီးတွေက သွားဖို့လာဖို့ တစ်နေရာနဲ့ တစ်နေရာ
သွားလာရွေ့ပြောင်းဖို့ကိုက စဉ်းစားရတယ်။ ဘာလို့စဉ်းစားရလည်းဆိုတော့ ဒီလိုသွားပြီဆိုရင်
ပထမဆုံးကျမတို့ အန္တရာယ်က ဘာလဲဆိုတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကြုံရနိုင်တယ်။
ဒုတိယက ကျမတို့ အဖမ်းခံရနိုင်တယ်။ အဖမ်းခံရတဲ့ အထဲမှာ ကျမတို့ တကယ်လို့များ အဖမ်းခံရလို့
စစ်သားရဲ့စစ်ကြောရေးဖက်ရောက်သွားမယ်ဆိုရင် လိင်ပိုင်ဆိုင်အကြမ်းဖက်မှုကို ကြုံတွေ့နိုင်ချေက
လုံးဝကို သေချာသလောက်ပဲ။ ပိုကြောက်ရတယ်။” လို့ မော်ဒေးမြာက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေမှာ စားဝတ်နေရေးအခက်အခဲရှိနေပြီး လုံလောက်တဲ့ ထောက်ပံ့မှုတွေမရတဲ့အပြင် ဝင်ငွေရ အလုပ်အကိုင်လည်း မရှိနေကြပါဘူးလို့ KyWO မှ လားကော်ရတီ က အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောသွားပါတယ်။

“ တစ်ဖက်မှာလည်း စစ်ရှောင်နေရတဲ့ ကာလအတွင်းမှာ ပစ္စည်းတွေကို ခိုးဖောက်ခံရတဲ့ဟာတွေ ရှိတယ်။ အိမ်တွေမီးရှိုးခံလိုက်ရတဲ့ သူတွေရှိတဲ့အတွက်ကြောင့်မို့ တချို့စစ်ရှောင်ပြည်သူတွေဆိုရင်
အိမ်တွေတောင်မပြန်နိုင်တော့ဘူး။ ပြန်ရင်လည်း ယူစရာပစ္စည်းတွေမရှိတော့တဲ့ဟာမျိုးတွေပေါ့နော်။အသုံးဆောင်ပစ္စည်းတွေကစ စားဝတ်နေရေးအပြင် အသုံးအဆောင်အခြေခံအသုံးအဆောင်
ပစ္စည်းတွေကစ လုံလောက်မှုမရှိဘူး။ ” လို့ သူက ပြောပါတယ်။

တချို့စစ်ရှောင်တွေဟာ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ စားနပ်ရိက္ခာတချို့ကို ပြန်ယူဖို့ ကြိုးစားရင်း မြေမြုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ် တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား မြေမြုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ် ၂၂ ခုရှိခဲ့ပြီး အသက်သေဆုံးရတဲ့ အရပ်သား ၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၀ ဦးရှိနေတယ်လို့ လားကော်ရတီ ဆက်ပြောပါတယ်။

ကရင်နီပြည်လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ စစ်ဘေးရှောင်နေရကြောင်း၊ ရပ်ကွက်နဲ့ကျေးရွာပေါင်း ၈၇ ခုဟာ ဖျက်စီးခြင်းခံနေရကြောင်း၊ အရပ်သား ၂၆၀ ဦးထက်မနည်းဖမ်းဆီးခံနေရပြီး အဲဒီအထဲက ၃၃ ဦးဟာ အမျိုးသမီးတွေဖြစ်ကြောင်းနဲ့ စစ်ကောင်စီ ဖမ်းဆီးခံနေရစဉ်အတွင်း သတ်ဖြတ်ခံရခြင်းခံရတဲ့ အရပ်သား ၁၁၅ ဦးရှိနေကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts