spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်တွင်း အမျိုးသမီးတွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရမှုနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) အတွင်းရေးမှူး (၂) နှင့် တွေ့ဆုံမေးမြန်းခြင်း။

ကရင်နီပြည်တွင်းမှာဆိုရင် အာဏာသိမ်းပြီးနောက် စစ်ရှောင်နေရတဲ့ သူတွေမှာ အမျိုးသမီးတွေ အများဆုံး ဖြစ်သလို အာဏာသိမ်းကာလအတွင်း အုပ်ချုပ်ရေးစနစ် ယိုယွင်းနေတဲ့ကာလမှာ ကရင်နီပြည်တွင်း အမျိုးသမီးတွေရဲ့ အကြမ်းဖက်ခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး ( KNWO) အတွင်းရေးမှူး (၂) မော်ဖရေးမြာ နဲ့ တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

မေး – စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာဆိုရင် အမျိုးသမီး အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး အကြမ်းဖက်ခံရမှုက အများဆုံးတွေ့နေရသလဲ။

ဖြေ – စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဆိုလို့ရှိရင်တော့ အများဆုံးကတော့ ဒီအိမ်တွင်းအကြမ်းဖက်မှုပေါ့နော။ အိမ်တွင်းအကြမ်းဖက်မှုတွေလည်းရှိတယ်။ ဒါကတော့ ပထမဆုံးများတာဖြစ်တယ်။ ဒုတိယကတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပေါ့နော။ ဆိုတော့ ကျန်တဲ့ဟာကျတော့ ရုပ်ပိုင်းဆိုင်ရာ အဲ့ဒါတွေကလည်းရှိပါတယ်။ ဆိုတော့ ဒီအကြမ်းဖက်မှုတွေကတော့ ရှိနေပါတယ်ဆိုတဲ့ဟာပေါ့။

မေး – အဖြစ်များတဲ့ အကြမ်းဖက်မှု ၂ခုမှာက ဘယ်လို နေရာတွေမှာ ဘယ်လိုပုံစံမျိုး အဖြစ်များသလဲ။

ဖြေ – လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှာတော့ တော်တော်များများက ဒီစစ်ရှောင်ထဲက ဖြစ်နေတဲ့ ဒီအကြမ်းဖက်ထဲက ဒီမိသားစုအတွင်းပဲဖြစ်ဖြစ် နောက်ပြီးတော့မှ သူတို့ကနေပြီးတော့မှ အခုကာလမှာက ဝင်ငွေတွေမရှိဘူး။ နောက်တစ်ခုခါကြတော့ ဥပမာ-လယ်ယာ၊ တောင်ယာတွေလည်း ပြန်လုပ်ကိုင်စားသောက်လို့မရသလို တချို့ဆိုလို့ရှိရင်လည်း သူတို့နဂိုထဲကအသက်မွေးဝမ်းကြောင်း ထားတဲ့စီးပွားရေးတွေပေါ့နော။ ရိုးရာအစားအသောက်ချက်ပြီးတော့မှ သူ့ရဲ့အသက်မွေးဝမ်းအတွက် လုပ်တာမျိုးတွေရှိတယ်။ အဲ့ဒါတွေက သူတို့ကမလုပ်နိုင်တော့တဲ့အခါမှာဆိုလို့ရှိရင် သူတို့ဖြေရှင်းရမဲ့ တစ်နေ့တစ်နေ့စားဝတ်နေရေးက အဆင်မပြေမူတွေရှိလာတယ်။ အဆင်မပြေမှုတွေရှိလာတော့ သူတို့အချင်းချင်းလင်မယားကြားမှာ စကားစများလာတယ်ပေါ့နော။ စကားစများပြီးတော့မှ တချို့ဆိုလို့ရှိရင် အမျိုးသမီးတွေက စကားအရမ်းများတယ်တို့ ပြီးလို့ရှိရင် မိသားစုအတွင်းမှာ စီမံခန့်ခွဲမှုတွေမလုပ်နိုင်ဘူး။ ဝင်ငွေလည်းမရှာနိုင်ဘူးဆိုပြီးတော့မှ အဲ့လိုအမြတ်ထုတ်တယ်ပေါ့နော။ အဲ့လိုအမြတ်ထုတ်ပြီးတော့မှ တချို့အမျိုးသားတွေဆိုလို့ရှိရင် ဖောက်ပြန်မှုတွေရှိလာတာမျိုးတွေ နောက်တစ်ခုကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုပြောရမလဲ။ အသက်မပြည့်သေးတဲ့ကလေးတွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ပြီးတော့မှ လိမ်လည်ပြီးတော့မှ လက်ထပ်ပေါင်းသင်းနေတာမျိုးတွေ တချို့ဆိုလို့ရှိရင်လည်း သူ့နဂိုထဲကရှိထားပြီးသား သူ့ရဲ့ယူထားတဲ့ အမျိုးသမီးကိုဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာမကပဲနဲ့ အိမ်တွင်းအကြမ်းဖက်မှုဖြစ်တယ်။ အဲ့ဒါတွေကို သူတို့ကမဖြေရှင်းပဲနဲ့ ထပ်ပြီးတော့မှ အမျိုးသမီးအပေါ် တရားဝင်ကွာရှင်းပေးတာလည်း မဟုတ်ဘူး သူ့ရဲ့ဒီကာလအတွင်းမှာက ဘယ်ဥပဒေမှ ကိုယ့်အရေးယူမှုမရှိဘူးဆိုတဲ့ ဟာမျိုးတွေနဲ့အခွင့်ကောင်းယူပြီးတော့မှ ဖောက်ပြန်မှုတွေ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ ပြီးလို့ရှိရင် ထိကပါး ရစ်ကပါး တစ်ပါး အမျိုးသမီးတွေ သွားလုပ်တာမျိုးတွေရှိတယ်ပေါ့နော။ ဆိုတော့အဲ့လိုဖြစ်လာတဲ့အပေါ်မှာ ထိခိုက်နစ်နာတာကတော့ ဒီခဏပြောတဲ့အမျိုးသမီး ကံယံကံရှင် သူ့အမျိုးသမီးတွေလည်း အခွင့်ရေးဆုံးရှုံးတာဖြစ်သလို တစ်ဖက်သူရဲ့အမျိုးသမီးတွေကလည်း ဘာမှသိနားမလည်ပဲနဲ့ သူအလိမ်ခံရလိုက်တဲ့ဟာမျိုးတွေရှိတယ်ပေါ့။ အဲ့လိုမျိုးကတော့ အများအားဖြင့် စစ်ရှောင်တွင်းမှာတွေကော နောက်ပြီးတော့မှ ရွာတွင်းမှာက ဖြစ်ပျက်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေရှိတယ်ပေါ့။

မေး – ဒီလိုမျိုး အကြမ်းဖက်မှုတွေက အမျိုးသမီး အခွင့်အရေး ပိုင်းနဲ့ ကြည့်မယ်ဆိုရင် ဘယ်လိုမျိုး အကြမ်းဖက်မှုမြောက်သလဲ။ ဒီလိုမျိုးက ပြစ်မှု ၊ ပြစ်ဒဏ် တရားဝင် ချမှတ်ထားတာတွေရှိလာ။ အရေးယူဆောင်ရွက်တာတွေ ရှိလာ။

ဖြေ – တကယ်တမ်းကတော့ အမျိုးသမီးရှု့ထောင့်ကနေ ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ ခဏပြောတဲ့ ဒီအမျိုးသမီးတစ်ဦးတစ်ယောက်က ဥပမာ – တစ်လင်တစ်မယားစနစ်ဥပဒေ ဆိုတာရှိတယ်။ ဆိုတော့ အဲ့လိုဟာမျိုးတွေဆိုလို့ရှိရင်တော့ ဒါက အဲ့ ဥပဒေဆိုလို့ရှိရင် သူချိုးဖောက်နေတာဖြစ်ပြီ။ နောက်တစ်ခု ခါကျတော့အမျိုးသမီးနဂိုကတည်းက သူယူထားတဲ့ အမျိုးသမီးကနေပြီးတော့မှ သူတရားဝင်ကွာရှင်းထားတာမဟုတ်ပဲနဲ့ သူနောက်ထပ် ထပ်ပြီးတော့မှလိင်ပိုင်းဆိုင်ရာထပ်ပြီးအမြတ် ထုတ်လိုက်တဲ့ဟာမျိုးတွေက နဂိုကတည်းက သူ့အမျိုးသမီးတွေကလည်း ဒီမိသားစုအတွင်းမှာဆိုလို့ရှိရင်တော့ ဒီမိသားစုတစ်ခုလုံးရဲ့ စီမံခန့်ခွဲမှုတစ်ခုကို သူဦးစီးဦးဆောင်ပြီးတော့လုပ်ရတဲ့အပေါ်မှာ တခါတလေကျလို့ရှိရင် အမျိုးသမီးတွေက အိမ်တွင်းဖက်မှာလည်း အလုပ်လုပ်ရတယ်။ တစ်ဖက်မှာဆိုလို့ရှိရင် သူ့ရဲ့ရေရှည်ကလေးတွက် ပညာရေး ကျန်းမာရေးဆိုလို့ရှိရင်လည်း သူကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့မှ လုပ်ရတဲ့ဟာမျိုးတွေမှာဆိုလို့ရှိရင်တော့ ဒါကအမျိုးသမီးတစ်ယောက်ရဲ့ စီမံခန့်ခွဲမှုက လိုတာထက်ပိုပြီးတော့မှ လုပ်လာတဲ့အပေါ်မှာဆိုလို့ရှိရင် သူ့ကလေးရဲ့အခွင့်ရေးပေါ်မှာလည်း လာပြီးတော့မှ သက်ရောက်သွားတယ်ပေါ့နော။ ကလေးဆိုလို့ရှိရင် မိဘမပြည့်မစုံနဲ့ သူငယ်ချင်းကြားမှာကျောင်းမသွားရဲဘူး။ လိုချင်တာကို ဖြည့်ဆည်းပေးမှု မရှိပေးနိုင်တဲ့အပေါ်မှာဆိုလို့ရှိရင် ကျောင်းမတက်ချင်တာကစ ရှိတယ်။ နောက်တစ်ခုကျတော့ လွတ်လွတ်လပ်လပ် ဒီချိန်မှာက ကိုယ်ယူထားတဲ့အမျိုးသားတောင်မှ ဒီချိန်တောင်မှာက တရားဥပဒေစိုးမိုးမှုမရှိတော့ ကြိုက်တဲ့အချိန်အမျိုးသားတွေက သူပစ်ထားတယ်။ ထပ်ယူတယ်။ အဲ့လိုဟာမျိုးတွေကလည်း ဒါကကျမတို့ကရင်နီပြည်နယ်ရဲ့ ထိရောက်တဲ့ အရေးယူမှုမရှိတဲ့အပေါ်မှာက ဖြစ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးပေါ့နော။ ဆိုတော့ ဒါကဘယ်သူ့မှာတာဝန်ရှိလည်း ပြောတဲ့ဟာမျိုးတွေကတော့ ကျမတို့ပြည်နယ်အနေထားနေနဲ့ ကြည့် မယ်ဆိုလို့ရှိရင်တော့ ဒါကဘယ်သူအစိုးရပဲတက်တက် အမျိုးသမီးကို ကာကွယ်ပေးတဲ့ ဥပဒေပေါ့နော။ ပြီးလို့ရှိရင် အကယ်၍ဖြစ်လာပြီဆိုလို့ရှိရင်တော့ အရေးယူရမဲ့ဟာမျိုးတွေက အစိုးရတွေရဲ့တာဝန်ဖြစ်တယ်ပေါ့။ ဆိုတော့ အခုက စစ်ကောင်စီကလည်း အဲ့ဒါတွေလည်း သူတို့ကမလုပ်နိုင်ဘူး။ ဥပမာ- ခဏကပြောတဲ့ ခံရတဲ့ဟာမျိုး ရဲစခန်းသွားတိုင်ရင်တောင်မှ လူထုက ဘယ်သူမှမသွားရဲဘူးလေ ကြောက်တယ်လေနော။ ကိုယ့်ရဲ့ လုံခြုံရေးအရ သူ့တို့ကိုတွေ့တာနဲ့ ဖမ်းမယ်ဆီးမယ်ဆိုတဲ့ဟာမျိုး တွေရှိတယ်။ တစ်ဖက်မှာဆိုလို့ရှိရင်လည်း ကိုယ့်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်ဖက်ကနေပြီးတော့မှ အရေးယူဆောင်ရွက်ပေးရမဲ့ ဟာမျိုးတွေဆိုလို့ရှိရင်လည်းတစ်ဖက်မှာ တော်လှန်ရေးတွေကလည်း အင်တိုက်အားတိုက်နဲ့ သူတို့အားစိုက်နေရတော့ ဒီဖက်မှာလည်းသူတို့အလေးမထားပေးနိုင်ဘူး။ ဒါတော့ လျစ်လျူရှုခံရတဲ့ အခြေနေမျိုးမှာ ကြုံနေရတယ်ပေါ့နော။

မေး – ဒီလိုမျိုး အမျိုးသမီး အကြမ်းဖက် ခံရမှုက လက်ရှိအချိန် ထိ အရေးယူဆောင်ရွက်ပေးနိုင်တာတွေ လုံးဝ မရှိဘူးလို့ ပြောလို့ရနိုင်လား။

ဖြေ – အခုက အများအားဖြင့်က ဒီလိုအခြေနေ ဖြစ်လာတဲ့အပေါ်မှာက တရားရေး process နဲ့ သွားတာတော့ သိပ်မရှိဘူးပေါ့နော။ ဆိုတော့ ခဏပြောသလိုမျိုး ဒါကစခန်းဆိုလို့ရှိရင်လည်း စခန်းကော်မတီအနေနဲ့ပဲ သွားပြီးတော့မှ စေ့စပ်ညှိနှိုင်းလိုက်တယ်။ နောက်တစ်ခုကတော့ ကျေးရွာအနေနဲ့ဆိုလို့ရှိရင်တော့ ဒါကကျေးရွာလူကြီးတွေနဲ့ပဲ စေ့စပ်ညှိနှိုင်းတာမျိုးတွေပဲဖြစ်တယ်ပေါ့။ ဆိုတော့ ဒါကနှစ်ဦးနှစ်ဖက်ဆက်ပြီးတော့မှ ပြသာနာမဖြစ်အောင်ကိုပဲ ဘယ်လိုပြောရမလဲ စေ့စပ်လိုက်တဲ့သဘောမျိုးပဲ။ ခဏကျူးလွန်သူကို တကယ်ထိရောက်တဲ့ ပြစ်ဒဏ်မျိုးတို့ ပြီးလို့ရှိရင် ခံရတဲ့အမျိုးသမီးတွေက သူတကယ်လိုအပ်တဲ့တရားမျှတမှုမျိုး ခါကျတော့ အဲ့ဒါတွေ အခြေနေတော့ မဖြစ်လာဘူးပေါ့ အဲ့ဒါတွေတော့ရှိတယ်။

မေး – ဒီလိုမျိုး ထိရောက်တဲ့ အရေးယူမှု မပေးနိုင်တဲ့ နောက်ဆက်တွဲအနေနဲ့ ဒီလို ဖောက်ဖျက်မှုတွေက ဆက်များလာနိုင်ချေရှိသလား။

ဖြေ – ခဏပြောလိုမျိုးပဲ ကျူးလွန်တဲ့သူကို ကျူးလွန်တဲ့ပမာဏအတိုင်း ထိရောက်တဲ့ပြစ်ဒဏ်ပေးမှု မလုပ်နိုင်တဲ့အပေါ်မှာ ကျူးလွန်သူတွေက အခွင့်ကောင်းယူလိုက်တယ်ပေါ့နော။ ဆိုတော့ ဒီအချိန်မှာက တကယ်ထိထိရောက်ရောက်နဲ့ စံပြနမူနာ အပြစ်ပေးတာမျိုး မရှိတဲ့အပေါ်မှာ ဒါတွေကလုပ်လို့ရတယ်။ ပြီးရင်ဘယ်သူ့မှ အရေးယူမယ်ဆိုတဲ့ဟာမျိုး လာပြောတာမဟုတ်ဘူး။ တကယ်လည်းလက်တွေ့ လုပ်မှာမဟုတ်ဘူးဆိုတဲ့ ဟာမျိုးတွေနဲ့ ကျူးလွန်သူတွေ အဲ့ဒါအခွင့်ကောင်းယူ ပြီးတော့မှ တစ်မှုမက နှစ်မှုမက အဲ့လိုဟာမျိုးတွေ လိုက်ပြီးတော့မှ တခြားသူရဲ့အခွင့်ရေးမျိုးတွေ သွားထိပါးတာရှိတယ်ပေါ့နော။ ဆိုတော့ ထိရောက်တဲ့အရေးယူမှုမလုပ် နိုင်တဲ့အပေါ်မှာ ကျူးလွန်သူတွေကအခွင့်ရေးကောင်းဖြစ်သွားတယ်။ နောက်တစ်ခုကတော့ ထပ်ပြီးတော့မှ ကျူးလွန်ပေးမဲ့ သူတွေတွက် အခွင့်အရေး အခွင့်အလမ်း ဖွင့်ထားသလိုမျိုးလည်း ဖြစ်သွားတဲ့အပေါ်မှာ ရှိတယ်ပေါ့။

မေး – ဒီ အာဏာသိမ်းပြီးနောက်ပိုင်း (အမျိုးသမီးရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံးရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅) ၁၃၂၅ ကို အကောင်ထည်ဖော်နိုင်မှု က လက်ရှိအခြေအနေမှာ ဘယ်လိုရှိလဲ။ အကောင်အထည်မဖော်နိုင်တဲ့ အပြင် ဒီချိုးဖောက်မှုတွေက ပိုများလာတယ်။ အဲ့လို အခြေအနေရှိလား။

ဖြေ – ဒီအမျိုးသမီးငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပြောလိုက်ရင်တော့ ဒါကဘယ်သူမဆို ဘယ်အဖွဲ့စည်းမဆိုပေါ့နော။ ဒီ၁၃၂၅နဲ့ပတ်သက်ရင်တော့ အမျိုးသမီးတွေကို အထူးသဖြင့် ဒီလိုမျိုး စစ်ပဋိပက္ခ ဖြေရှင်းတဲ့နေရာမှာ အဖြေရှာတဲ့နေရာမှာဆိုလို့ရှိရင် အမျိုးသမီးတွေကို ပူးပေါင်းပါဝင် ခွင့်ပေးရမယ် အမျိုးသမီးတွေကိုလည်းမြှင့်တင်ပေးရမယ် ကာကွယ်ပေးရမယ်ဆိုတဲ့ဟာမျိုးတွေ ရှိထားတယ်ပေါ့နော။ ဆိုတော့ အရင်ကပြောထားတဲ့ဟာနဲ့တော့ အများကြီးပြောင်းလဲပြီးတိုးတက် တာမျိုးတွေမရှိဘူး။ ဘာလို့လဲဆိုလို့ရှိရင် ကျမတို့ပြည်နယ်ရဲ့အနေထားက အခုကလည်းတော်လှန်ရေး ကာလဖြစ်နေတော့လေ တော်လှန်ရေးကာလဖြစ်နေတော့ အဖက်ဖက်ကနေတစ်ပြိုင်နက်ထဲ အပြည့်ဝလုပ်ပေးဖို့ကလည်းအရမ်းအားနည်းကြတယ်။ တစ်ချိန်တည်းမှာပဲ ၁၃၂၅ကို အကောင်ထည်ဖော်ဖို့ဆိုတဲ့ဟာက ဘယ်အစိုးရပဲတက်တက် ဘယ်သူမဆိုလိုက်နာကျင့်သုံးရမဲ့မူတစ်ခုဖြစ်တယ်ပေါ။ ဒီမကောင်းတဲ့စနစ်အောက်ကနေ ကျမတို့ကကြီးပြင်းလာရတဲ့အတွက်ကြောင့်မလို့ ကျမတို့ရဲ့အတွေးအမြင်တွေကစ ခဏ ၁၃၂၅အကောင်ထည်နိုင်ဖို့ဆိုလို့ရှိရင် ကျမတို့ရဲ့အတွေးအမြင်ကစ ပြောင်းလဲရမဲ့ဟာမျိုးရှိတယ်။ ဥပမာ- စစ်ပဋိပက္ခ အတွင်းမှာ အမျိုးသမီးတွေက ပူးပေါင်းပါဝင်ခွင့်ရှိရမယ်။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာထားရမယ်ဆိုတဲ့ဟာမျိုးမှာဆိုလို့ရှိရင် တော်ရုံတန်ရုံနဲ့ ဒီကာလအတွင်းမှာ အမျိုးသမီးတွေက နိုင်ငံရေးမှာအဲ့လိုဟာမျိုးစကားသွားပြောလို့ရှိရင် ဥပမာ ဒီလိုမျိုးပဋိပက္ခအတွင်းမှာ အမျိုးသမီးတွေက အကြမ်းဖက်ခံရတယ်။ သူတို့ကတင်ပြတောင်းဆို ခွင့်ရှိတယ်။ ပြောပြခွင့်ရှိတယ်။ အကြံပြုခွင့်ရှိတယ်ဆိုပေမယ့် ဒီ issue တွေက အရေးမကြီးသေးဘူး။ တိုက်ပွဲအရင်တိုက်မှရမယ်ဆိုတဲ့ဟာမျိုးတွေက ဒါကသူတို့အတွက်နိုင်ငံရေးမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ အမြဲတမ်းကျမတို့ကဘေးဖယ်ခံရတယ်။ လျစ်လျူရှုခံရတယ်ပေါ့နော။ ဆိုတော့ ခဏပြောတဲ့ ပါဝင်ဖို့တို့ သူတို့ဖက်ကမြင့်တင်ပေးဖို့ဆိုတဲ့ဟာမျိုးတွေ အရမ်းအလှမ်းဝေးသေးတယ်။ ဘာလို့လည်းဆိုလို့ရှိရင် ဒီကာလမှာက အစိုးရဆိုလို့ရှိရင် တိတိကျကျမရှိဘူး။ ဥပမာ ကျမတို့ပြည်နယ်မှာဆိုလို့ရှိရင် ကရင်နီအတိုင်ပင်ခံကောင်စီဆိုလို့ရှိရင် အဖက်ဖက်ကနေ လူထုကိုဘယ်လိုမျိုးစီမံရမယ် ဘယ်လိုအုပ်ချုပ်ရမယ် ဘယ်လိုဝန်ဆောင်မှုပေးရမလဲဆိုတဲ့ ဝန်ဆောင်မှုမူလောက်ပဲပြောနိုင်တယ်။ တကယ်တမ်းလက်တွေ့လိုအပ်ချက်မြေပြင်မှာက အများကြီးရှိတာပေါ့နော။ ဆိုတော့သူတို့မလုပ်နိုင်တဲ့အပေါ်မှာက ခဏကျမတို့လိုချင်တဲ့၁၃၂၅ကို အကောင်ထည်ဖော်ဖို့ဆိုတာက အရမ်းကြီးဝေးနေသေးတယ်ပြောရမှာပေါ့နော။

မေး – ဆရာမတို့ KNWOအဖွဲ့ကဆိုရင် နယ်စပ်စစ်ရှောင်စခန်းမှာရော ပြည်တွင်းတွေမှာလည်း အမျိုးသမီး အခွင့်အရေး နဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာရှိတယ်ဆိုတော့ ဒီအာဏာသိမ်းပြီးနောက်မှာဆိုရင် အခွင့်အရေးချိုးဖောက်ခံရမှုက ဘယ်နှခု လောက်တွေ့ခဲ့ရလဲ။ ဘယ်လို ဖြေရှင်းပေးခဲ့ရသလဲ။

ဖြေ – ဒီ၂၀၂၁ ဖေဖော်ဝါရီလကနေစပြီးတော့မှ ဒီ၂၀၂၂အရင်တလော၈လပိုင်းထိဆိုလို့ရှိရင် ကျမတို့ဒါ GBV (Gender Base Violence) အမှုပဲ GBVအမှုပဲ ဆိုလို့ရှိရင် အမှုပေါင်း ၈၀ကျော်လောက် ကျမတို့ကလာပြီးတော့မှ ကျမတို့နား ဝန်ဆောင်မှုယူရတယ်ပေါ့နော။ ဆိုတော့ ကျမတို့ကသူတို့ရဲ့ဆန္ဒအရက လိုချင်တဲ့ဝန်ဆောင်မှုကမတူကြဘူး။ တချို့ဆိုလို့ရှိရင် counseling လောက်ပဲဆိုလို့ရှိရင် ကျမတို့ counseling လောက်ပဲ ပေးလိုက်တယ်။ တချို့ဆိုလို့ရှိရင် ကျမတို့ကျေးရွာဆင်း၊ စခန်းဆင်း အနေနဲ့ စေ့စပ်ညှိနှိုင်းပြီးတော့မှ အတိုင်းအတာတစ်ခုပေါ့နော ခဏလိုမျိုး ဘာမှမဖြေရှင်းပေးတာထက်စာရင် သူ့အတွက် ဒါကထိခိုက်နစ်နာတဲ့ အခွင့်အရေးတစ်ခုတော့ သူလိုချင်တဲ့ မျှတမှုကိုတော့ ရရှိနိုင်အောင်ဆိုပြီးတော့မှ သက်ဆိုင်ရာပါဝင်ပတ်သက်ဆက်နွယ်တွေနဲ့ ကျမတို့စေ့စပ်ညှိနှိုင်းပေးလိုက်တာမျိုးတွေရှိတယ်။ တချို့ဆိုလို့ရှိရင် ဥပမာ – ပြစ်မှုးကြီးတဲ့ဟာမျိုးတွေ ဆိုလို့ရှိရင်တော့ တကယ်တမ်း ပြစ်မှုပြစ်ဒဏ် ဥပဒေအရ ကြည့်တဲ့ဟာမျိုးဆိုလို့ရှိရင်တော့ မရလိုက်ဘူး ပေါ့။ အဲဒါတွေကတော့ တချို့ပြစ်မှုကြီးတဲ့ဟာကျတော့ ဒါအသွင်ကူးပြောင်းရေးကာလ ရောက်တဲ့အခါကြရင် ကျမတို့ဆက်ပြီးတော့မှ အရေးယူဆောင်ရွက်ရမဲ့ အမှုတွေရှိတယ်ပေါ့နော။ ဒါတော့ GBVနဲ့ဆိုင်တဲ့ဟာပေါ့။ ဆိုတော့တစ်ဖက်က လူ့အခွင့်ရေးအရကနေ ကြည့်မယ်ဆိုလို့ရှိရင်တော့ တော်တော်များများက လက်နက်ကြီးကြောင့် အမျိုးသမီးကိုထိခိုက်ဒဏ် ရာရတဲ့ဟာမျိုးတွေ အိုးအိမ်ပါသွားတဲ့ဟာမျိုးတွေ ပြီးလို့ရှိရင် သူတို့ကလေးတွေကိုလွတ်လပ်စွာ
ပညာသင်ကြားခွင့်မရှိတဲ့ဟာမျိုးတွေ ဒါကအဖက်ဖက်ကနေပြီးတော့မှ စစ်ရာဇဝတ်မှုကျူးလွန်ခံရတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကတော့ အမြောက်အများရှိတယ်ပေါ့နော။ ဒါတွေကလည်း ဒီကာလနဲ့ အရေးယူဆောင်ရွက်ရမယ်ဆိုလို့ရှိရင်လည်း ဘယ်လိုမှအနေထားတစ်ခုအနေနဲ့ မပေးတော့ ဒါအသွင်ကူးပြောင်းရေးကာလကျရင်တော့ ဆက်လက်အရေးယူဆောင်ရွက်ရမဲ့ဟာတွေ ဖြစ်တယ်ပေါ့။

မေး – စစ်ရှောင်စခန်းမဟုတ်ပဲ ဝေးလံခေါင်ဖျားတဲ့နေရာ နေထိုင်နေကြတဲ့ သူတွေလည်း အကြမ်းဖက်မှု ခံရတာတွေရှိနိုင်သလို အကြမ်းဖက်မှုမှန်း မသိရှိကြတာတွေလည်း ရှိနိုင်တယ်ဆိုတော့ လက်ရှိ နိုင်ငံရေးအရလည်း တိုင်ကြားလို့မရတာတွေ ရှိတဲ့ဟာတွေကိုကော ဘယ်လိုဆောင်ရွက်ဖို့ရှိလဲ။ တွေ့ရှိတာတွေ ရှိသလား။

ဖြေ – ကျမတို့ ဒီပြည်နယ်အနေနဲ့က ဒီအမျိုးသမီးအခွင့်အရေးအနေနဲ့ပဲပြောပြော တခြားအမျိုးသမီး issueနဲ့ဆိုင်တဲ့ဟာမျိုးတွေက ပညာပေးတာမျိုးတွေက ဒါကကျယ်ကျယ်ပြန့်ပြန့် ပိုလုပ်ဆောင်နိုင်တာက ၂၀၁၅ နောက်ပိုင်းမှာပေ့ါနော။ ဆိုတော့ အဲ့ကနေအများကြီးကျမတို့ တကယ့်ကျေးလက်နေ ဝေးလံခေါင်းပါး တဲ့အထိ မရောက်နိုင်သေးဘူး။ ဒါတောင်မှ မြို့ပြအနီးတစ်ဝိုက်မှာတောင်မှ အကြမ်းဖက်မှုက ကိုယ်ကိုယ်တိုင်ခံရတယ်။ ကိုယ်ကိုယ်တိုင်က တစ်ဖက်သူကို သွားပြီးတော့မှအကြမ်းဖက်ခံရတယ်ဆိုတဲ့ဟာ မျိုးတွေက သွားပြီးတော့မှ ဗဟုသုတ မျှဝေတဲ့ဟာတွေ GBV အကြောင်းသွားပြောတဲ့ဟာတွေက သူတို့နားလည်ကြတယ်ပေါ့နော။ ဆိုတော့ တော်ရုံတန်ရုံနဲ့ခဏပြောသလိုမျိုး ကျေးလက်နေဖြစ်နေတဲ့ ဖွံ့ဖြိုးမှုအရမ်းနောက်ကျတဲ့တချို့ရွာတွေ တကယ့်တိုင်းရင်းသားဧရိယာနယ်မြေဟာမျိုးမှာဆိုလို့ရှိရင် အဲ့ဒါက တော်ရုံတန်ရုံနဲ့သူတို့က မသိကြဘူး။ ဆိုတော့ ဥပမာအမျိုးသားတစ်ဦးက ကိုယ့်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်လိုက်တယ် ဆိုတဲ့ဟာမျိုးတွေက ပတ်ဝန်းကျင်အနေထားက ဒါမိဘမကောင်းလို့ခံလိုက်ရတာဆိုတဲ့ဟာမျိုးတွေ အတွေးအမြင်တွေပေါ့နော။ အဲ့ဒါမျိုးတွေက ရှိနေဆဲပဲ။ ဆိုတော့ ကျမတို့တချို့အလှမ်းဝေးတဲ့နေရာသွားလေ့လာရတဲ့ချိန်မှာ ခဏအကြမ်းဖက်မှု GBV အကြမ်းဖက်မှုအမြောက်အများရှိတယ်။ အော ဒါက အကြမ်းဖက်ခံရတာလာ။ ဒါလူ့အခွင့်ရေးချိုးဖောက်တာလား ဆိုတဲ့ဟာမျိုးတွေသူတို့သိတယ်။ အဲ့လိုဟာမျိုးပဲ ဖြစ်တယ်ပေါ့နော။ ဆိုတော့ အခုလိုကာလမျိုးမှာဆိုလို့ရှိရင် ခဏပြောလိုမျိုး ကျူးလွန်သူမည်သူမဆိုဖြစ်နိုင်ကြတာပဲပေါ့နော။ အမျိုးသမီးကိုယ်၌ကလည်း ဒါကကိုယ်အကြမ်းဖက်ခံရတယ်ဆိုတဲ့ ဟာမျိုးတွေကလည်း သူသိချင်မှသိမယ်။ အဲ့လိုနေရာမျိုး ကျမတို့လက်လှမ်းမမှီ တဲ့နေရာမျိုးတွေ နောက်ပြီးတော့မှ လက်လှမ်းမှီ ပေမယ့်လည်း ကျမတို့အခြေနေရက မီးမရဘူး။ ဖုန်းအင်တာနက်လိုင်းမရဘူးပေါ့နော။ ဆိုတော့ သူတို့ခံရလို့ တိုင်ကြားချင်တယ် ဝန်ဆောင်မှုရယူချင်တယ်ဆိုရင်တောင်မှ ဒီအခြေနေနဲ့က လုံခြုံရေးအရက အများကြီး ကျမတို့ဖြတ်ကျော်ရတယ်လေနော။ ဆိုတော့ တစ်ရွာနဲ့တစ်ရွာတစ်မြို့နဲ့တစ်မြို့သွားဖို့ ဆိုတဲ့ဟာက ဝေးတယ်လေ။ ဆိုတော့ အဲ့ဒါတွေကို သူတို့မတိုင်ကြားပဲနဲ့ နေလိုက်ရတဲ့ဟာမျိုးတွေ ဒီတိုင်းပဲကျေအေးလိုက်တာမျိုးတွေကလည်း ဒါကတချို့ကျေးလက်နေအမြောက်အများ ရွာထဲမှာပဲဖြစ်ဖြစ် စစ်ရှောင်စခန်းမှာလည်းရှိပါတယ်။ တချို့ဆိုလို့ရှိရင်လည်း ဒီလိုကာလမျိုးမှာက ဘယ်သူ့မှထိထိရောက်ရောက်အရေးယူပေးနိုင်မှာမဟုတ်ဘူး ဆိုတဲ့ဟာမျိုးတွေနဲ့ မတိုင်ကြားပဲနဲ့နေလိုက်တဲ့ ဟာမျိုးတွေလည်းရှိတယ်ပေါ့။

မေး – စစ်ရှောင်စခန်းတွေမှာ အပြင် မြို့ပြတွေမှာ နေထိုင်နေတဲ့ အမျိုးသမီးတွေအနေနဲ့လည်း အာဏာသိမ်းကာလမှာဆိုရင် စစ်ကောင်စီရဲ့ ဂိတ်စခန်းတွေမှာဖြစ်ဖြစ်ပေါ့ စစ်ဆေးခံရတာတွေရှိတယ်။ တချို့ဆို စစ်ကောင်စီကနေ ဖုန်းနံပါတ်ယူထားပြီး ဖုန်းဆက်စကားပြောဆိုတာမျိုးတွေရှိတဲ့အပေါ်မှာဆိုရင်ကော ဘယ်လိုမျိုးလို့ ပြောလို့ရနိုင်သလဲ။

ဖြေ – ဒီကာလမှာက ဥပမာ အထူးသဖြင့် စစ်ကောင်စီဆိုလို့ရှိရင် သူတို့ စစ်ကောင်စီ ဦးဆောင်ဦးစီးတဲ့လူတွေကော နောက်သူ့တပ်သားတွေက ဒါအခွင့်ကောင်းတဲ့အချိန်ဖြစ်နေတယ်။ ဘာဖြစ်လည်းဆိုလို့ရှိရင် ကျမတို့က စစ်ရာဇဝတ်မှုကို ရည်ရွယ်ချက်ရှိရှိ ဘာဖြစ်လည်းဆို ဖြတ်သွားဖြတ်လာတဲ့ လူထုတွေက ဒါလွတ်လွတ်လပ်လပ် သွားလာခွင့်ရှိတယ်။ ခဏပြောသလိုမျိုး ဖုန်းတွေဆိုလို့ရှိရင်လည်း ဒါကသူသယ်ဆောင်ခွင့်ရှိတယ် အဲလိုဟာမျိုးတွေမှာ ဒါကသူတို့က ရည်ရွယ်ချက်ရှိရှိ တမင်တကာဖုန်းတွေယူပြီးတော့မှ တစ်ဦးတစ်ယောက်ရဲ့ အချက်အလက်ကိုစစ်ဆေးတာမျိုးတွေ ပြီးလို့ရှိရင် စစ်ဆေးတဲ့နေရာမှာဆိုလို့ ရှိရင်အထူးသဖြင့် အမျိုးသမီးငယ်တွေကို ထိကပါး ရစ်ကပါးပေါ့နော။ ဂုဏ်သိက္ခာပျက်စီးစေတဲ့ အပြောဆို အပြုမူတွေကို သူတို့စစ်ဆေးတာမျိုးတွေ ဒါက မဖြစ်သင့်မဖြစ်ထိုက်တဲ့ မလုပ်သင့်တဲ့ လုပ်ထုံးလုပ်နည်း သူတို့ကိုယ်သူတို့ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်ကို ချိုးဖောက်တာနဲ့ အတူတူပဲပေါ့နော။ ဆိုတော့ ဒါကရည်ရွယ်ချက်ရှိရှိ သူတို့လုပ်တာတွေရှိတယ်။ ဆိုတော့ အဲလိုမျိုးကျူးလွန်တဲ့ဟာတွေမျိုးမှာဆိုလို့ရှိရင် ဒါကသူတို့ဖက်က စစ်ဖက်ဆိုင်ရာအရေးယူမှုတွေက ဒီအချိန်မှာသူတို့က မရှိတော့ဘူး။ ပြီးလို့ရှိရင် သူတို့မှာက အမျိုးသမီးတွေ့လို့ရှိရင် ဒါကကြိုက်သလိုလုပ်လို့ရတယ်ဆိုတဲ့ ဟာမျိုးတွေက သူတို့ဖက်မှာဗျူဟာတွေရှိထားနေတော့ ပိုပြီးတော့မှ အခွင့်ကောင်းဖြစ်နေတယ်။ တစ်ဖက်မှာဆိုလို့ရှိရင် သူတို့ဖြစ်နေတဲ့ဟာမျိုးကို သူတို့တပ်ဖက်ကအရေးမယူတာဖြစ်သလို ဥပမာ နိုင်ငံတကာအရေးယူမှုတွေလည်းမရှိတော့ ဒါက ကျူးလွန်ခွင့်ဒီတိုင်းပဲနှစ်ပေါင်းများစွာ ပေးထားတော့ သူတို့အတွက် အမြစ်တွယ်နေပြီပေါ့နော။ ဆိုတော့ အဲဒါကသူတို့အတွက်က အပျော်တစ်ခုလိုဖြစ်နေတယ်။ ဆိုတော့ ကျမတို့သန်မာပြည်သူအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်တော့ ဒီကြားထဲမှာဆိုလို့ရှိရင် ဒါအာဏာရှိတဲ့သူ ပါဝါရှိတဲ့သူနဲ့ ဒီကြားထဲမှာလည်း ဒါအသိုင်းဝိုင်း စနစ်အရကလည်း ပညာရှိတဲ့သူအာဏာရှိတဲ့သူအဲလိုဟာမျိုးတွေကလည်း ဒါအချင်းချင်းကြားမှာဆိုလို့ရှိရင်လည်း ဒီကာလမှာပိုဆိုးပေါ့နော။ တချို့မိသားစုတွေဆိုလို့ရှိရင် အရမ်းအကြပ်တည်း စားဝတ်နေရေးအခက်ခဲ ဖြစ်နေတဲ့ဟာမျိုးတွေမှာ တချို့ဆိုလို့ရှိရင် ကလေးတွေက စောစောစီးစီးအိမ်ထောင်ကျရင်းနဲ့ မိသားစုဘဝကိုဖြေရှင်းရတဲ့ဟာမျိုးတွေလည်း ဒါကြုံတွေ့နေရတယ်ပေါ့နော။ ဆိုတော ဒါတွေကလည်း ကျမတို့ရဲ့ အနာဂတ်ဆယ်ကျော်သက်တွေအတွက် အနာဂတ်ပျောက်သလိုဖြစ်နေတယ်။ ပြီးလို့ရှိရင်
ကျမတို့လူငယ်ခေါင်းဆောင်တို့ နောက်ပြီးတော့မှ အမျိုးသမီးခေါင်းဆောင် အဲလိုမျိုးတွေပေါ့နော။ မျော်မှန်းထားတဲ့ဟာဆိုလို့ရှိရင်လည်း အကုန်လုံးဒီကာလနဲ့ ပျက်ဆီးသွားတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော။

မေး – နိုင်ငံတကာအနေနဲ့ကော ဒီလိုမျိုး ချိုးဖောက်မှုတွေ ကျူးလွန်မှုတွေ ကို အရေးယူဖို့ ဆိုတာ ဖြစ်နိုင်လားပေါ့နော။

ဖြေ – မည်သူတစ်ဦးတစ်ယောက်ကို အမျိုးသမီးဘယ်အကြမ်းဖက်မှုမဆို ကျူးလွန်ရင်တော့ လက်ခံစရာမလိုဘူး။ လက်ခံစရာအကြောင်းမရှိဘူး။ ဒါကသူကျူးလွန်တယ်ဆိုလို့ရှိရင် ကျူးလွန်တဲ့ ဥပဒေတိုင်းအရေးယူဆောင်ရွက်ရမယ်ပေါ့။ ဆိုတော့ တချို့ပြစ်မှုးကြီးတဲ့ဟာမျိုး စစ်ရာဇဝတ်မှုကျူးလွန်တဲ့ဟာမျိုးတွေ နိုင်ငံတကာရဲ့ဥပဒေချိုးဖောက်တဲ့ဟာမျိုးတွေက ဒါက နိုင်ငံတကာကအရေးယူပေးမဲ့ဟာမျိုးတွေရှိတယ်ပေါ့နော။ ဆိုတော့ အဲလိုဟာမျိုးတွေမှာဆိုလို့ရှိရင် ဒါနှစ်ပေါင်း ၇၀ က ဥပမာ စစ်အာဏာရှင်ကျူးလွန်ခဲ့တဲ့ဟာတောင်မှ ကျမတို့က တရားစွဲနိုင်ဖို့ အကြိမ်ကြိမ်တရားစွဲနိုင်ဖို့ဆိုလို့ရှိရင် အချက်အလက်မြောက်များစွာပေးတယ်။ ဒါပေမယ့် ဒါကထိရောက်တဲ့အရေးယူမှုမလုပ်နိုင်သေးဘူးပေါ့နော။ ဆိုတော့ ပိုဆိုးသွားတာက ၂၀၂၁နောက်ပိုင်း မှာကဒါက စစ်အာဏာရှင်ကနေပြီးတော့မှ ရည်ရွယ်ချက်ရှိရှိ လူထုပေါ်မှာကော အမျိုးသမီးပေါ်မှာကောပေါ့နော။ အမြောက်အများစွာ ကျူးလွန်ခံရတဲ့ဟာမျိုးတွေရှိတယ်။ ဆိုတော့ ဒါက တစ်ချိန်ကြလို့ရှိရင် တကယ်တမ်း ကျမတို့တိုင်းရင်းသားတွေက ဖယ်ဒရယ်ရတဲ့အနေထားမျိုး အသွင်ကူးပြောင်းရေးပြန်လာရင်တော့ ဒါကသူတို့ပြန်ပြီးတော့မှ တာဝန်ယူမှု တာဝန်ခံမှုရှိရမဲ့အချိန် ပြန်ပြီးတော့မှအကုန်လုံးကျူးလွန်ခွင့်ပေးနေတဲ့ သူတွေကော နောက်ပြီးတော့မှ ကျူးလွန်ထပ်နေတဲ့ သူတွေအပါဝင်အကုန်လုံးအရေးယူရမှာဖြစ်တယ်ပေါ့နော။ ဆိုတော့ ဒါအခုချက်ချင်းတော့ အကောင်ထည်ဖော်လို့မရသေးဘူး ဒါပေမယ့် တစ်ချိန်ကြရင်တော့ ဒီဟာတွေကိုတော့ ပြန်ပြီးတော့မှ တာဝန်ယူရမဲ့အပိုင်းတော့ သူတို့မှာရှိတယ်ပေါ့နော။

မေး – နောက်ထပ်ဖြည့်စွက် ပြောပြချင်တာ ရှိမလား။

ဖြေ – အခုကျမတို့ကရင်နီ အနေထားဆိုလို့ရှိရင် အထူးသဖြင့်ကျမတို့ အမျိုးသမီးတွေ အကြမ်းဖက်မှုအကြောင်းတွေလေ။ အဲဒါတွေက ယခင်ကတော့ မရှိဘူး လို့လည်းမဟုတ်ဘူးရှိတယ်။ ဒါပေမယ့် အတိုင်းတာတစ်ခုကတော့ ကျမတို့ တရားရင်ဆိုင်လို့ ရသေးတဲ့အနေထားမျိုးမှာ သွားတယ်ပေ့ါနော။ ဒါပေမယ့် အခုဆိုလို့ရှိရင် လုံးဝပျက်ပြယ်သွားတဲ့ဟာမျိုးတွေက ကျမတို့ဘယ်တရားရေးရုံးနဲ့ သွားမလဲဆိုတဲ့ဟာမျိုးတွေလည်း processကမရှိနေဘူး။ ဒါကအရေးမကြီးသေးဘူး နိုင်ငံရေးအရင်သွားမယ်ဆိုတဲ့ဟာမျိုးတွေနဲ့ သွားပြီးတော့မှ ခဏ ကိစ္စကိုချန်ထားအုံးမယ်ဆိုလို့ရှိရင်တော့ ဒါကတော့အခြေခံပြသာနာဖြစ်တယ်လေနော။ အဲဒါမျိုးတွေအကောင်ထည်မဖော် အရေးယူမဆောင်ရွက်ဘူးဆိုလို့ရှိရင်တော့ နိုင်ငံရေးရဲ့ အကျိုးသက်ရောက်မှု လာပြီးတော့မှဖြစ်တဲ့ ကိစ္စမျိုးတွေရှိတယ်ဆိုတဲ့ဟာ သူတို့သိစေချင်တယ်လေ။ ဆိုတော့ အဲဒါတွေလည်း သူတို့ထည့်သွင်းစဉ်းစားပြီးတော့မှ အာရုံစိုက်စိုက်နဲ့ လုပ်ပေးစေချင်တာ အဲ့ဒါကိုပဲနည်းနည်းအဲ့ဒါကိုပဲ နည်းနည်းထပ် အကြံပြုချင်တာပေါ့။

spot_img
spot_img