spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်က မြို့နယ်လေးခုမှာ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ အဖြစ်များနေ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်လေးခုမှာ ရာသီ တုပ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားမှု များနေတယ်လို့ ဖရူဆိုမြို့နယ်အတွင်းရှိ ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦးထံကနေ သိရပါတယ်။

“တုပ်ကွေးတော်တော်ဖြစ်နေကြတယ် အခုလည်း ငှက်ဖျားပေါ်နေတယ်လို့ ပြောတယ် တော်တော်များတယ်” လို့ သူကပြောပါတယ်။

ကရင်နီပြည်နယ်မှာ ဒေသအလိုက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ မတူညီတဲ့ အဖွဲ့အစည်းတွေရှိနေတာကြောင့် ဒေသအလိုက် ဖြစ်ပွားမှုနှုန်းတွေကို အတိအကျ မသိရှိနိုင်သေးဘူးလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ငှက်ဖျားတော့ သပ်သပ်ပေါ့၊ တုပ်ကွေးတော့ သပ်သပ်ပေါ့ ဒီကာလမှာတော့ တွေ့နေရတာပေါ့၊ ငှက်ဖျားလည်း positive ပေါ်တဲ့လူလည်းရှိတယ်။ ပြီးတော့ ဒီတုပ်ကွေးကလည်း တော်တော်များတယ်ပေါ့နော၊ ဘယ်လောက်ပေါ်သလဲဆိုတော့ ဒါကတော့ ကျန်းမာရေးအဖွဲ့က တစ်ဖွဲ့နဲ့တစ်ဖွဲ့က ကုတာတွေက ပြန်မပေါင်းကြတော့ဘူးဆိုတော့ ကျမတို့သိသလောက်တော့ နည်းနည်းတော့များတယ်ပေါ့နော။ အခြား အဖွဲ့တွေမှာလည်း ရှိလည်း ရှိမှာပေါ့နော တော်တော်များများတော့ ဒီဟာတွေ့တာပေါ့နော။” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကတည်းက ကရင်နီပြည်နယ်မှာ ငှက်ဖျားရောဂါ ပပျောက်ကင်းစင်တဲ့ အနေအထားရှိခဲ့ဖူးပေမဲ့ အခု ၂၀၂၃ ခုနှစ် ဇူလိုင်လ မှာတော့ ပြင်းထန်တဲ့ ရာသီတုပ်ကွေး အပြင် ငှက်ဖျားရောဂါ တွေကိုပါ ပြန်လည်တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆက်ပြောပါတယ်။

“အခု ကျမတွေ့နေတာကတော့ လွိုင်ကော်ဘက်မှာပေါ်တာပေါ့နော ဖားဆောင်းမှာလည်းပေါ်တယ်။ ပြီးတော့ ဖရူဆိုဘက်မှာပေါ်တာပေါ့နော။ အဲ့ဒါက ကျမသိသလောက်ပေါ့နော တစ်ခြားနေရာတွေမှာလည်း ရှိလည်း ရှိနိုင်တာပေါ့နော။ ဆေးတွေကတော့ ကျမတို့ဘက်ကတော့ ရှိတဲ့ဆေးနဲ့ သုံးတာပေါ့၊ တစ်ချို့ကျတော့လည်း ကျန်းမာရေးအချင်းချင်းက ချိတ်ဆက်ပြီးတော့ ဆေးထပ်ရလာတာလည်း ရှိထားတယ်”လို့ ကျန်းမာရေး ဆရာမတစ်ဦးက ပြောပါတယ်။

ငှက်ဖျားကြောင့် သေဆုံးတာ ရှိနေပြီး စာရင်းအတိအကျကို အတည်ပြုနိုင်ဖို့ အခက်အခဲရှိနေတယ်လို့လည်းဆိုပါတယ်။

လက်ရှိကရင်နီပြည်ရဲ့ မြို့နယ်လေးခုဖြစ်တဲ့ လွိုင်ကော်၊ ဖားဆောင်း၊ ဖရူဆိုအပြင် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ လည်း ငှက်ဖျားရောဂါ ဖြစ်ပွားသူတွေ အရေအတွက်များနေတယ်လို့ ကျန်းမာရေးဆရာမတစ်ဦးက အတည်ပြု ပြောပါတယ်။

လက်ရှိတောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတဲ့ စစ်ရှောင်တွေအတွက် ရောဂါကာကွယ်တဲ့ နည်းလမ်းနဲ့ အကူအညီတွေပေးဖို့လိုအပ်နေပြီး အဆိုပါရောဂါတွေကို ကုသဖို့ လုံလောက်တဲ့ ဆေးဝါးတွေမရှိသေးဘူးလို့လည်းဆိုထားပါတယ်။

spot_img
spot_img

Recent posts